Background
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) အရောင်းအဝယ်ဖြစ်မှု အခြေအနေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိနေသလို မြို့ခံလှောင် လက်ကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်(တစ်တန်ကို ၄၈၀၇၂၆ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကတော့ ဈေးကွက်သို့ အောင်လံနဲ့ ကံမ ဘက်မှ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေး အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ဒါ့အပြင် ယခင်အပတ်က တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ ဝယ်ခဲ့ပေမယ့် ရောင်းသူ ကုန်သည်များက ထုတ်မရောင်းကြဘဲ ဈေးဆက်စောင့်နေတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဝယ်လိုအား လျော့သွားသလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉၀ ကျပ်(တစ်တန် ကို ၄၈၃၇၈၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံအရောင်းအဝယ် ပြုလုပ်လိုသော ကုန်သည်ကြီးများ ပုံမှန်လာရောက်ကြပေမယ့် အိန္ဒိယဈေးကွက်မှာ ပဲဈေးက နိမ့်လိုက် မြင့်လိုက်နဲ့ ဈေးလှုပ်နေတာ ကြောင့် ပဲအရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ ပဲကုန်သည် ကြီးတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို ၄၉၅၀၀၀ ကျပ်ဈေးနဲ့ တန် ၄၆၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ပြည်တွင်းကုန်သည်အချင်းချင်းသာ အရောင်းအဝယ် အနည်းငယ်ဖြစ်နေတယ်လို့ ဈေးကွက်မှသိရပါ တယ်။
လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များလာ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားသွက်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၃၅၀ ကျပ်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်မှုပိုများခဲ့တယ်လို့ သိရပါတယ်။
အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေသလို ရောင်း သူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဝယ်လိုအားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၂၂၈၉ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ရန်ကုန် အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား အထိုက်အလျှောက်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၁၇ ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့အတွက် ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၉၂ ကျပ် (တစ်တန်ကို ၅၄၆၂၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင် ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အောက်ဈေးနဲ့ အဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၈၂ ကျပ်(တစ်တန်ကို ၅၄၀၁၂၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ် ပိဿာကို ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေးနဲ့ နှစ်မျိုး ပေါင်း တစ်ရက်ကိုအိတ် ၁၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက အရောင်းများ နေတာကြောင့် ဈေးကွက်သဘောသဘာဝအရ ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၀၆၇ ကျပ်၊ နှမ်းနက်စမုံ တစ်ပိဿာ ၂၃၁၁ ကျပ်၊ နှမ်းညို တစ်ပိဿာ ၁၇၃၃ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၄၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်လာသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာ စပ်လုပ်ငန်းရှင်များ ကလည်း ဝယ်အားသွက်လာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိ သလို တရုတ်အဆွဲကလည်း ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် မှာပြောင်း က ဈေးကွက်သို့ အဝင်များလာသလို တရုတ်ကလည်း အဝင်ရှိသလောက် အဆွဲများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၁၀၀၀ ခန့်ြ့ဖစ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီး ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၀ ကျပ်(တစ် တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ပြည်ပ ဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေအပေါ်မူတည်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။