Background
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် အဝယ်နည်းပေမယ့် ပဲခွဲစက်များကတော့ ဝယ်လိုအား ပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန် ဝယ်လက်က ပြည်ပဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ ရန်ကုန်ဝယ် လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏ လည်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလား ပဲဖြူလုံးကြီး တစ်ပိဿာ ၉၅၂ ကျပ်(တစ်တန်ကို ၅၈၂၉၉၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကတက်မလာဘဲ ဈေး တန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ နှမ်းမျိုး စုံထဲမှ နှမ်းနက်နဲ့ စမုံနှမ်းနက်တို့ကို တရုတ်အဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနက်တစ်ပိဿာ ၂၀၆၇ ကျပ်၊ စမုံနှမ်းနက်တစ် ပိဿာ ၂၄၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံပေါင်း တစ်ရက်ကို အိတ် ၁၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ နှမ်းဖြူ နဲ့နှမ်းညိုလည်း သူ့ဈေးနဲ့ သူအရောင်းအဝယ်ပုံမှန်ရှိခဲ့သလို ရောင်း သူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၃၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပြောင်းတွေ ဈေးကွက်ထဲ အဝင် ပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်လိုအားနည်းနေ တယ်လို့ သိရပါတယ်။ ပြောင်းက ဈေးကွက်ထဲ အဝင်များနေတယ်။ ဒါပေမယ့် အစိုဓာတ်က အနည်းငယ်ရှိနေသေးတော့ ဝယ်လက်တွေ က ဈေးကွက်အနေအထားအရ တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်လာ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၂၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၁၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင် လှိုင်နေတယ်။ ဒါပေမယ့် တရုတ်ဘက်မှလည်း ဒီကာလမှာ ပြောင်း သစ်တွေဈေးကွက်ထဲ ဝင်တဲ့အချိန်မို့ မြန်မာ့ပြောင်းကို အဝယ်အေး နေတဲ့သဘောဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးကွက် သဘောသဘာဝအရ ဈေးကွက်မှာ ပြောင်းက ဝယ်လိုအားထက်စာ ရင် ရောင်းလိုအားက များနေလို့ ဈေးတွေအနည်းငယ်ကျဆင်းနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၈၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲခပ် ပါးပါးသာရှိခဲ့သလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၉၁၀ ကျပ် (တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေး နဲ့တစ်ရက်ကို အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို အိတ်စပို့ဝယ်လက်က တွက်ချက်ဝယ်ယူမှုတွေရှိလာလို့ ဈေးကွက်တိုင်းမှာ အရောင်းအဝယ် အနည်းငယ်ပြန်ဖြစ်လာ * ပဲစင်းငုံနီ အရောင်းအဝယ်ပြန်လိုက်လာလို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်မြင့်လာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ * နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်နေ * ပြောင်း ဈေးကွက်သို့ အဝင်လှိုင်နေသလို တောင်ကြီး၊ မူဆယ်နဲ့ လားရှိုးမှာလည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေ
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီတစ်မျိုးတည်းသာ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကေ တာ့ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲစင်းငုံ နီကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ကို ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြား ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ ကုလား ပဲ(ထိုင်ဝမ်)ကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံပွဲခွဲစက်တွေက ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း ပုံမှန်အရောင်း ရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေး နဲ့နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက် က ဝယ်လိုအားပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ မှ ၂၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်နဲ့ အမှုန့် ကြိတ်စက်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၂၆ ကျပ်(တစ်တန်ကို ၆၂၈၆၁၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၉၃၃ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၀၇၈ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ စမုံနှမ်းနက်တစ် ပိဿာ ၂၂၆၇ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၇၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုလည်း ရန်ကုန်-မန္တလေး ဝယ်လက်က ဈေးပေးအ ဝယ်ရှိသလို ဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန် ထက်စာရင် လျော့နည်းသွားပေမယ့် အရောင်းအဝယ်တော့ပုံမှန်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ် ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန် အဆွဲပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၂၂၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲက လှောင်လက်ကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းလာသလို အိတ်စပို့အတွက် ဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်လိုအားလျော့သွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန် ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။