Background
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲအရောင်းအဝယ်ပြု လုပ်လိုသော ပဲကုန်သည်ကြီးများ ပုံမှန်လာရောက်ကြပေ မယ့် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဝယ်လိုအားအေးသွားတာ ကြောင့် ဈေးလည်းအေးပြီး အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ် လို့ဆိုပါတယ်။ ဒီကာလမှာ အိန္ဒိယဘက်မှာလည်း မတ်ပဲသစ်ေ တွ ဈေးကွက်ထဲဝင်ရောက်နေတာ မို့ မြန်မာ့မတ်ပဲကို ဈေးကွက်အခြေအနေ ပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုေ တွရှိတာကြောင့် မတ်ပဲအရောင်း အဝယ်အေးသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်တန်ကို ၅၁၅၀၀၀ ကျပ်ဈေးနဲ့ ၃၄၅ တန် ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကိုတော့ အိတ်စပို့အ ဝယ်အေးနေလို့ အရောင်းအဝယ်လည်း တန့်နေတယ်လို့သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အ ဝင်ပုံမှန်ရှိပေမယ့် တရုတ်အဆွဲအေးသွားတာကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏတွေ လျော့ကျခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၄၀၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံမှာ ဈေးသာရှိပြီး အရောင်းအ ဝယ်အေးနေကြောင်း သိရပါတယ်။ ဒီတစ်ပတ် ပဲစင်းငုံနီဈေးကွက် မှာလည်း နေ့စဉ်အတက် အကျ ဖြစ်ပေါ်နေပြီး ရန်ကုန်အမှာရှိတဲ့ နေ့မှာဆိုရင် ဈေးမြင့်လာပြီး အမှာနည်းတဲ့နေ့မှာဆိုရင် အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ ဝင်ရောက်မှုအားကောင်းနေပေမယ့် တရုတ်ဘက်မှာ မုန့်စားပွဲတော် ပြီးကာစမို့ ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်လိုအားလျော့ကျနေ တယ်လို့ ဆိုပါတယ်။ အခုဈေးကွက်ထဲဝင်လာတဲ့ ပြောင်းတွေက အစိုဓါတ်မရှိတော့ဘဲ အခြောက်တွေအဝင်များလာတယ်။ ဒါပေမယ့် တရုတ်ဘက်က ဝယ်လိုအားပါးပြီး နောက်အပတ်မှ အဝယ်ပြန် ကောင်းလာနိုင်တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၄၇၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဆွဲနည်း ပြီး မြို့ခံပဲခွဲစက်တွေကသာ ဝယ်လိုအားပုံမှန်ရှိခဲ့ တာကြောင့် တစ် ပိဿာကို ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၄၀၀ မှ ၆၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပဲစင်းငုံနီကို ယခင်အပတ်မှာ ရန်ကုန်ဝယ်လက်က ပြည်ပ အဝယ်တန့်သွားတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိပေမယ့် ဒီတစ်ပတ်မှာတော့ အဝယ်ပြန်လိုက်လာပြီး တစ်ပိဿာကို ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဖြင့် နေ့စဉ် အိတ် ၅၀၀ မှ ၇၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်များက ယခင်အပတ် ကထက် ဝယ်လိုအားလျော့ကျခဲ့ပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူ လုံးကြီး တစ်ပိဿာ ၉၃၄ ကျပ် (တစ်တန်ကို ၅၇၁၉၇၂ ကျပ်) ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာကို ၁၀၁၃ ကျပ် (တစ်တန်ကို ၆၂၀၃၅၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ် ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်လိုအားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ တစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၆၂၂ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၁၉၅၆ ကျပ်၊ စမုံနှမ်းနက်တစ်ပိဿာ ၂၃၆၇ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင် လှိုင်နေတယ်။ ဒါပေမယ့် တရုတ်ဘက်မှလည်း ဒီကာလမှာ ပြောင်း သစ်တွေဈေးကွက်ထဲ ဝင်တဲ့အချိန်မို့ မြန်မာ့ပြောင်းကို အဝယ်အေး နေတဲ့သဘောဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးကွက် သဘောသဘာဝအရ ဈေးကွက်မှာ ပြောင်းက ဝယ်လိုအားထက်စာ ရင် ရောင်းလိုအားက များနေလို့ ဈေးတွေအနည်းငယ်ကျဆင်းနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၈၉၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဆွဲပါးနေတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၃၀ ကျပ်(တစ်တန်ကို ၄၄၇၀၄၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၇၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်လိုအားအသင့်အတင့် သာရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။
မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ် ပတ်အဝယ်နည်းနည်း ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့် ဖြစ်ခဲ့တယ် လို့သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားသလို အိတ်စပို့အတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်လိုအား လျော့သွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်နေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၇၆၃ ကျပ်(တစ် တန်ကို ၄၆၇၂၅၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို အိန္ဒိယအဆွဲပြန်လိုက်လာလို့ ဈေးကွက်တိုင်းမှာ အရောင်းအဝယ် အနည်းငယ်ဖြစ်လာ * ပဲစင်းငုံနီကို အိတ်စပို့အဆွဲအနည်းငယ်ပြန်လိုက်လို့ ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ အောင်လံနဲ့ မြင်းခြံမှာ ဈေးအနည်းငယ်မြင့်လာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အား အထိုက်အလျောက် သာရှိနေ * နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်နေ * ပြောင်းကို တရုတ်အဆွဲပါးလို့ အရောင်းအဝယ်ဖြစ်မှုနည်း