Main menu

Background

Thursday, 4 Oct 2012

*    ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ မတ်ပဲ အိတ်စပို့ အဝယ်အေးလို့ ဈေးဆက်လက်ကျဆင်း *    ပဲစင်းငုံနီဈေးကွက်တိုင်းမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ *    နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ *    ပြောင်းဟောင်းနဲ့စာရင် အသစ်က ပိုပြီးအရောင်းအဝယ်ဖြစ်နေ

Thursday, 4 Oct 2012

လားရှိုးဈေးကွက်မှာ ပြောင်းသစ်တွေ ဈေးကွက်ထဲဝင်လာ ပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် တရုတ်ဝယ်လက် ကဝယ်အားနည်းနေကြောင်း သိရပါတယ်။ ပြောင်းက အဝင်မလှိုင် သေးဘူး၊ ဝင်သလောက်တော့ တရုတ်အဆွဲရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၅၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန် သည်တစ်ဦးကဆိုပါတယ်။

Thursday, 4 Oct 2012

တောင်ကြီးဈေးကွက်မှာ ပြောင်းသစ်တွေ ဈေးကွက်ထဲပုံမှန် ဝင်ရောက်နေသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ လောလောဆယ်ပြောင်းက ဈေးကွက် ကို အဝင်နည်းသေးတယ်။ ဒါပေမယ့် ဝယ်လက်တွေကတော့ အရည် အသွေးပေါ်မူတည်ပြီး အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ် ဦးက ဆိုပါတယ်။

Thursday, 4 Oct 2012

အောင်လံဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက် တွေက ဝယ်အားပုံမှန်ရှိသလို လှောင်လက် ကုန်သည်များကလည်း လက်ရှိပေါက်ဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၆၀ ကျပ်(တစ် တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက် ကအရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကိုအနိမ့်ဆုံး ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)မှ အမြင့်ဆုံး တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးအတွင်း တစ်ရက်ကိုအိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

Thursday, 4 Oct 2012

ဘုရင့်နောင်ဈေးကွက်မှာ  ဒီတစ်ပတ်  ကုန်စည်ဒိုင်သို့ ပဲ  အရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများ လာရောက်မှုမှာ ပုံမှန်ရှိပေမယ့် ပြည်တွင်းပြည်ပပဲဈေးများ ကျဆင်းနေတာကြောင့်  ပဲဈေးကွက်မှာ အရောင်းအဝယ် သိသိသာသာကြီး လျော့နည်းသွား တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန် ကိုအနိမ့်ဆုံး ၅၃၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၄၃၀၀၀ ကျပ်အတွင်း ၃၄၅ တန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)  ကလည်း တစ်ပတ်လုံးမှာ တစ်ရက်သာအရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေး ကတော့ တစ်တန်ကို ၆၂၅၀၀၀ ကျပ်နဲ့ တန် ၁၁၅ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးက ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၈၅၀၀၀ ကျပ်ခန့်ဈေးကျသွားသလို ပဲစင်းငုံနီကလည်း တစ်တန်ကို ၅၀၀၀ ကျပ်ခန့် ဈေးဆင်းသွားပြီး အရောင်းအဝယ်ဖြစ်မှု ပမာဏကလည်း လျော့ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။

Friday, 28 Sep 2012

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံအရောင်းအဝယ်က ရက်ခြားသာခပ်ပါးပါး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အား ပါအနည်းငယ်လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ကောင်းေ တာ့ ဈေးကွက်လည်းမြင့်လာတဲ့အပေါ်  အခုလိုပဲ ဈေးကျ လာတော့ လှောင်လက်ကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းလာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ် (တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကိုရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အဝယ်အေး သွားတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း ယခင် အပတ်နဲ့စာရင် နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၈၀ ကျပ် (တစ်တန်ကို ၆၀၀၁၄၂ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)က တစ်ပိဿာ ၁၁၀၀ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Friday, 28 Sep 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် အဆွဲအေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာသလို အ ရောင်းအဝယ်ဖြစ်မှုပမာဏတွေလည်း  လျော့သွားတယ်လို့ ဆိုပါ တယ်။ မတ်ပဲကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၅ ကျပ်(တစ်တန်ကို ၄၆၂၄၇၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲ အေးနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရောင်းအဝယ် အနည်းငယ်  ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်) ဈေးနဲ့တစ်ရက်ကို အိတ် ၆၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကို ရန်ကုန်အဆွဲပုံမှန်ရှိသလို မြို့ခံပဲခွဲစက်များလည်း ဝယ်အားပုံမှန်ရှိလို့ ဈေးကွက်လည်း မြင့်လာခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာကို ၁၀၇၄ ကျပ်(တစ်တန်ကို ၆၅၇၇၀၆ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိ ဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၂၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၇၈ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၁၅၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၂၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၁၅၀၀ မှ ၁၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Friday, 28 Sep 2012

တောင်ကြီးဈေးကွက်မှာ ပြောင်းသစ်တွေ ဈေးကွက်ထဲဝင် လာပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် ရန်ကုန်-မန္တ လေးဝယ်လက်က လက်ကျန်ပြောင်းတွေကိုသာ ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁၄၆၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Friday, 28 Sep 2012

လားရှိုးဈေးကွက်မှာ  ပြောင်းသစ်တွေ ဈေးကွက်ထဲဝင်လာ ပေမယ့် အစိုဓာတ်ရှိသေးတာကြောင့် တရုတ်အဆွဲမရှိဘဲ ဒေသတွင်း ကုန်သည်များကသာ ပုံမှန်အဝယ်ရှိခဲ့တယ်လို့  သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို ပိဿာချိန် ၄၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦး  ကဆိုပါတယ်။

Friday, 28 Sep 2012

ပြည်ဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့ဝင်ရောက်မှုနည်း လာသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၅ ကျပ် (တစ်တန်ကို ၄၉၉၀၉၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီက ဈေး ကွက်သို့အဝင်မရှိဘဲ လက်ကျန်ပဲများကိုသာ ထုတ်ရောင်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ အဝယ်ပါးနေတယ်လို့ မြို့ခံကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ရခိုင်ဝယ် လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၁၄၀ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Pages