Main menu

Background

Friday, 28 Sep 2012

ဟင်္သာတဈေးကွက်မှာ မတ်ပဲဈေးကွက်သို့ အဝင်နည်းပြီး လက်ကျန်ပဲကိုသာ ပဲသစ်မပေါ်မီစပ်ကြား အရောင်းအဝယ်ပါးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပဲကို အိန္ဒိယအဆွဲအေးလို့ ရန်ကုန်ဝယ် လက်က ဈေးချအဝယ်ရှိနေသလို လှောင်လက်ကုန်သည်တွေက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၅ ကျပ် (တစ်တန်ကို ၅၁၁၃၄၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Friday, 28 Sep 2012

*    ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ မတ်ပဲ ဈေးဆက်လက်ကျဆင်း *    ပဲစင်းငုံနီ ဈေးကွက်တိုင်းမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ *    ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေ *    နှမ်းမျိုးစုံကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ *    လားရှိုးဈေးကွက်မှာ ပြောင်းသစ်ကို အစိုဓာတ်ကြောင့် ဝယ်လက်နည်း

Friday, 28 Sep 2012

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီသာ အရောင်းအဝယ်ပုံမှန်ရှိခဲ့ ပြီးကျန်ပဲမျိုးစုံကတော့ ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်အေးနေ တယ်လို့ဆိုပါတယ်။ ပဲကိုရန်ကုန်ဝယ်လက်က အိတ်စပို့အဆွဲအေးနေ တာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာအရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

Friday, 28 Sep 2012

အောင်လံဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက် တွေက ဝယ်အားပုံမှန်ရှိသလို လှောင်လက်ကုန်သည်များကလည်း လက်ရှိပေါက်ဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၆၀ ကျပ်(တစ် တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကြီးကတော့ ရန်ကုန်-မန္တလေးဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကိုအနိမ့်ဆုံး ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)မှ အမြင့်ဆုံး တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးအတွင်း တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။

Friday, 28 Sep 2012

မကွေးဈေးကွက်မှာ  ပဲစင်းငုံနီကို  ရန်ကုန်အဆွဲအေးလို့ အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင်အပတ်ထက်စာရင် လျော့ ကျသွားတယ်လို့ ဆိုပါတယ်။ ပဲဈေးကဆက်တိုက်ကျနေတော့ ငွေ ပေါ်လိုတဲ့ လှောင်လက်ကုန်သည် တချို့သာ ထုတ်ရောင်းမှုတွေရှိ လို့အရောင်းအဝယ်လေး နည်းနည်းပါးပါးသာ ရှိခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားသာဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄၈  ကျပ်(တစ်တန်ကို ၅၈၀၅၄၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)ကတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅၈ ကျပ်(တစ် တန်ကို ၇၀၉၁၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်သမားများက ဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူ ကုန်သည်များအရောင်းများတာကြောင့် ဈေးကွက်သဘောသဘာ၀ အရ ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၈၈၉ ကျပ်၊ နှမ်းဖြူ တစ် ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၂၃ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၅၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။

Friday, 28 Sep 2012

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲ ပါးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက် ကိုဦးတည်နေကြောင်း သိရပါတယ်။ ဈေးကွက်မှာပဲဈေးက ကျနေသ လို ရောင်းသူကုန်သည်များကလည်း  ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ ယခင်အပတ်နဲ့စာရင် လျော့ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ကျပ် ၅၄၃၀၀၀ မှ အမြင့်ဆုံး ကျပ်၅၆၀၀၀၀ အတွင်း တန် ၆၉၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ အလားတူ ပဲစင်းငုံနီ (RC) ကိုလည်း အိန္ဒိယအဆွဲအေးလို့ ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၃၀၀၀၀ ကျပ်အတွင်း တန် ၄၆၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲဈေးမြင့်တဲ့အချိန်မှာ လှောင်လက်များ အရောင်းများပြီး အခုလိုဈေးတွေ တောက်လျှောက်ဆင်းလာတော့ ရောင်းသူကုန် သည်များက အရောင်းနည်းလာတယ်လို့ ဆိုပါတယ်။

Sunday, 9 Sep 2012

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန် အဆွဲ ပါးသွားတာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက်တွေက ဝယ်အား အထိုက်အလျောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၁၉၀ ကျပ် (တစ်တန်ကို ၇၂၈၇၄၄ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်းနက်ကို ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၄၄၅ ကျပ် ဈေးနဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ဝင်ရောက် မှုနည်းလာသလို ရန်ကုန်ဝယ်လက်ကလည်း အဝယ်နည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အ ပတ်က တစ်ပိဿာ ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ရန်ကုန် အဆွဲအေးသွားတာကြောင့် တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၆ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေ က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်နေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၃၅  ကျပ်(တစ်တန်ကို ၆၉၅၀၆၂ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 9 Sep 2012

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံကို ရန်ကုန်ဝယ်လက် နဲ့တရုတ်ဝယ်လက် အဝယ်အေးလို့ဈေး ကျပြီး နှမ်းမျိုးစုံကတော့ ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ မတ်ပဲကို ရန်ကုန်အ ဝယ်အေးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယအ ဝယ်အေးသွားတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၁၇ ကျပ်(တစ်တန် ကို ၆၂၂၈၀၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၁၇၀ ကျပ်(တစ်တန်ကို ၇၁၆၄၉၆ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ် ခဲ့တဲ့ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အရည်အ သွေးကိုစိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင် ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၆၆ ကျပ်(တစ်တန် ကို ၆၅၂၈၀၇ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၁၁၀၂ ကျပ် (တစ်တန်ကို ၆၇၄၈၅၃ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ်လက်နှင့် မြို့ခံဆီစက်လုပ်ငန်းရှင်များက ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၇၈ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၂၂၂ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၁၅၅၆ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၈၉ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်လက်ကျန်ပြောင်းက ပစ္စည်း ပြတ်သွားပြီး ဈေးကွက်ထဲအသစ်ဝင်လာ တဲ့ ပြောင်းတွေသာ အ ရောင်းအဝယ်အနည်းငယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပြောင်းသစ် ကဈေးကွက်ထဲ ဝင်လာပေမယ့် အစိုဓာတ်ရှိသေးတာကြောင့် တရုတ် ဝယ်လက်ဝယ်အားနည်းနေတယ် လို့ ဒေသခံပြောင်းကုန်သည် တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေး နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၈၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Pages