Main menu

Background

Monday, 25 Jan 2010

   မြန်မာနေရှင်နယ်လိဂ်ရဲ့ MNL Grand Royal 2009 ပြိုင်ပွဲရဲ့ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

Wednesday, 20 Jan 2010

   လာမယ့်ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် AFC Challenge Cup ပြိုင်ပွဲ မှာဝင်ရောက်ယှဉ်ပြိုင်မယ့်မြန်မာ့လက်ရွေးစင်အသင်း အတွက် လက်ထောက်နည်းပြတစ်ဦးနဲ့ဂိုးသမားတစ်ဦးတို့ကို ထပ် မံအားဖြည့်လိုက်ကြောင်းသိရပါတယ်။

Wednesday, 20 Jan 2010

   ၂ဝ၁ဝ ခုနှစ်အတွင်းထပ်မံကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အေစီအီး အက်ဖ်စီအသင်းကို နေပြည်တော်အက်ဖ်စီအမည်ဖြင့် ပြောင်းလဲ၍ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

Wednesday, 20 Jan 2010

   အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာဘောလုံးအသင်းတို့ဟာ မိတ်ဖက်အသင်းများဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

Wednesday, 20 Jan 2010

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်မတ်လအတွင်း ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာနောက်ထပ် အသင်း ၄ သင်းထပ်တိုး ပြီး အသင်းပေါင်း ၁၂ သင်းနဲ့ကျင်းပ မှာဖြစ်ကြောင်း သိရပါတယ်။

Wednesday, 20 Jan 2010

   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မြန်မာ့လက်ရွေးစင်ဘောလုံးသင်းအတွက် နိုင်ငံခြားသားနည်းပြအဖြစ် ခရိုအေးရှားလူမျိုး ဒရာဂိုမာမစ်ကို ငှားရမ်းခေါ်ယူခဲ့ပါတယ်။ ဒရာဂိုမာမစ်နှင့်အတူတွဲ၍ တာဝန်ယူရန် မြန်မာနည်းပြချုပ်အဖြစ် ဒယ်လ်တာယူနိုက် တက်အသင်းမှ ဦးတင်မြင့်အောင်ကို ခန့်အပ်ခဲ့ပါတယ်။

Saturday, 16 Jan 2010

   လာမယ့် ၂ဝ၁ဝ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အပြောင်းအရွှေ့ကာလ (Transfer Window)ကို ဇန်နဝါရီလ (၁၈)ရက်နေ့မှစ၍ ဖွင့်လှစ်သွားနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ အပြောင်းအရွှေ့ကာလကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အဲဒီကာလမှာ အသင်းများအနေဖြင့် မိမိစိတ်ကြိုက် ကစားသမားများကို ရွေးချယ်ခေါ်ယူနိုင်ကြမှာဖြစ်ပါတယ်။

Saturday, 16 Jan 2010

   အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်နဲ့ တီဟုမ်းအီလက်ထရွန်းနစ်တို့ပူးပေါင်း၍ (၃၆)ကြိမ်မြောက် အမျိုးသား တံခွန်စိုက်စစ်တုရင်ပြိုင်ပွဲကိုလာမယ့် ဇန်နဝါရီလ ၃ဝ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင် ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Saturday, 16 Jan 2010

   မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ် နဲ့Han Glof Master Pte,Ltd တို့ပူးပေါင်း စီစဉ်ကျင်းပမည့် Han Golf Master    မျိုးဆက် သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်၊၁၅ ရက် တို့မှာ မြန်မာဂေါက်ကွင်း(၉)မိုင်၊ ရန်ကုန်မြို့မှာ ကျင်းပမှာ ဖြစ်ပါ တယ်။

Friday, 8 Jan 2010

   မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နဲ့ မြန်မာပီဂျီအေတို့ကြီးမှူး၍ Intermational Beverages Trading Co,Ltdမှ အဓိက ကူညီ ပံ့ပိုးတဲ့ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(Myanmar  Golf Tour 2009-2010)ဆဌမပွဲစဉ်အဖြစ် BTC Open Golf Championship  (တောင်ကြီး) ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်မှ ၁ဝ ရက်အထိ တောင်ကြီးမြို့ အေးသာယာ Golf Resort မှာစည်ကားသိုက်မြိုက်စွာကျင်းပ မှာဖြစ်ပါတယ်။

Pages