Main menu

Background

Monday, 12 Dec 2011

    နိုင်ငံတကာဈေးကွက်မှာ ရော်ဘာဈေးနှုန်းတွေကျဆင်းနေပေမယ့် ချင်းရွှေဟော်နယ်စပ်စခန်းကနေ အရောင်းအဝယ် ဈေးကွက် မပျက်စေရေးအတွက် ကြိုးစားတင်ပို့ခဲ့ရာ နိုဝင်ဘာလမှာ ရော်ဘာတင်ပို့မှု ၁၁၂၂ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ကာလများထက် ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဟိုပန် ဒေသထွက် ရော်ဘာများသာမက နယ်စပ်ကုန်သွယ်ရေးစခန်း ဖောင်ဆိပ်နဲ့ ချင်းရွှေဟော်မြို့ကြားရှိ စံပြကျေးရွာမှ ထွက်ရှိတဲ့ ရော်ဘာများကိုလည်း ၂၀၁၂ မတ်လမှစတင်၍ တင်ပို့နိုင်မယ့် အစီအစဉ်များ ရှိကြောင်း သတင်းရရှိပါတယ်။Source: နကသ၊MIRT(DOT)

Monday, 12 Dec 2011

    နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆  ရက်ထိကာလအတွင်းမူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ် စခန်းများမှ ရော်ဘာအဆင့် စုံအပြင် ရော်ဘာဖြတ်စစုစုပေါင်း ၁၀၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၈၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Monday, 12 Dec 2011

    နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၄၀၊ စင်ကာပူကို ၁၀၁ တန်နဲ့ မလေးရှားကို တန် ၂၀၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၂၀၀ ကျော်သာ တင်ပို့ခဲ့ပါတယ်။

Monday, 12 Dec 2011

      နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်း တွေက နေ တိရစ္ဆာန်ထွက် ၅၄၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ဒသမ ၁၉၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။

Monday, 12 Dec 2011

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်းဝက်အရှင် ၁၀၃၈၀ ကီလို၊တန်ဖိုး ကျပ်၁၄ဒသမ ၂၂၁ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ် ထက် ကီလို ၁၀၀ ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ဝက်အရှင်တစ်ကီ လိုကို (၁၃၇၀)ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။MIRT(DOBT)

Monday, 12 Dec 2011

    နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်  နယ်စပ်ရှိ မောင်တောစခန်းကနေ ရေထွက်ကုန် ၃၀၄ ဒသမ ၇၁၈ တန်၊ တန်ဖိုး ကန်ဒေါ် လာ ၁ ဒသမ ၀၂၉ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် နယ်စပ်မှ ငါးရှဉ့်တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာကြောင့် အပို့ကျတာဖြစ်ကြောင်း သိရပါတယ်။

Monday, 12 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပရဆေး ၃၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက် အထိကာလအတွင်း တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင် အပတ်က တန် ၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် တန် ၅၀ ခန့် အပို့လျော့ခဲ့တာတွေ့ရပါတယ်။

Monday, 12 Dec 2011

    ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ပိတ်ခဲ့တာကြောင့် ၁ နှစ်နဲ့ ၅ လအကြာ ၂၀၁၁ ဒီဇင်ဘာလ ၅ ရက်နေ့မှာ တံတားပြန်လည်ဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

Monday, 12 Dec 2011

    နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပန်းသီး ၁၅၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၀၇ သန်းဖိုးနဲ့ ကန်ပိုက်တီး နယ်စပ်စခန်းကနေ ၁၂ တန်၊ တန်ဖိုး ဒေါ်လာ ၅၄၀၀ ဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။

Monday, 12 Dec 2011

    မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                   ယခုအပတ်                                        ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                                (ကျပ်)          (ယွမ်)                      (ကျပ်)            (ယွမ်)ပဲတီစိမ်း              တန်              ၆၆၁၆၄၁         ၅၄၀၀                   ၆၉၉၀၆၅           ၅၄၀၀ပြောင်းဖူးစေ့       တန်             ၂၃၅၂၅၀         ၁၈၈၀                    ၂၂၉၁၂၆           ၁၈၆၀နှမ်းဖြူ                တန်               ၈၃၆၇၅၄        ၈၄၀၀                   ၈၅၇၈၄၉          ၈၄၀၀    မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ မဝတ်တီရှပ်၊ဝက်အရှင်၊မုန့်မျိုးစုံတို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                       ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                            (ကျပ်)               (ရူပီး)                   (ကျပ်)                (ရူပီး)မဝတ်တီရှပ်        ဒါဇင်              ၈၀၀၀             ၉၃၀                    ၈၀၀၀                ၉၃၀ဝက်(အရှင်)       ကီလို              ၂၅၀၀             ၁၈၀                  ၂၅၀၀                  ၁၈၀ မုန့်မျိုးစုံ            ကီလို               ၁၃၀၀            ၁၀၀                    ၁၃၀၀                 ၁၀၀မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်  မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးစုံကလေးခြောက်၊ ငါးကုန်းညိုခြောက်၊ ဝါးကြီး၊ ဝါးသေးတို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တော ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံတက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-                                   ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                              (ကျပ်)          (တာကာ)             (ကျပ်)              (တာကာ)ရေငန်ပုဇွန်               တန်       ၄၁၇၅၉၄၀        ၃၈၈၄၆၀            ၄၁၇၅၉၄၀           ၃၈၈၄၆၀ငါးစုံကလေးခြောက်     တန်    ၃၄၅၀၀၀          ၃၃၁၇၃                 ၃၄၅၀၀၀            ၃၃၁၇၃ငါးကုန်းညိုခြောက်      တန်    ၁၂၃၇၅၀၀        ၁၀၈၅၅၂              ၁၂၃၇၅၀၀           ၁၀၈၅၅၂ဝါးကြီး                       လုံး        ၈၀                 ၁၇ .၇၀                    ၈၀                  ၈ .၉၆ဝါးသေး                     လုံး        ၂၄                  ၄ .၅၀                    ၂၀                    ၂ .၀၈

Pages