Main menu

Background

Monday, 5 Dec 2011

               မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၂ ဒသမ ၃၄၃ သန်း တန်ဖိုးရှိ ပရဆေး (၁၃) မျိုး ၅၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က တန် ၄၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု တပတ်တင်ပို့မှု တန် ၁၀၀ ကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့ အမယ်တွေကတော့ ဆီးဆံ ၆၇ တန်နီးပါး၊ ကြောင်လျှာစေ့ ၁၉ ဒသမ ၂ တန်၊သီဟိုဠ်စေ့ (အခွံမပါ) ၇၉ဒသမ၂၂ တန်၊ ကြောင်ပန်းစေ့၂၁ ဒသမ ၅၅ တန်၊ ချဉ်ပေါင် ဖာလာ (အခွံပါ) ၁၈၀ ဒသမ ၄၅ တန်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ) ၃၇ ဒသမ ၃၄ တန်၊ တောဂျင်း ၉ ဒသမ ၂၇ တန်၊ ရှားစေး ၃၀ ဒသမ ၉ တန်၊ ဆေးမြင်းခွာ သုည ဒသမ ၂၆ တန်၊ အုံတုံ ခေါက် ၃၈ ဒသမ ၅၆ တန်၊ ဒရင်ကောက်မြစ် ၁၃ ဒသမ ၇၂၀ တန်၊ တောင်လုံးကျော် ၁၆ ဒသမ ၈၈ တန်နဲ့ တောင် ထန်း ၁ ဒသမ ၈ တန်တို့ ဖြစ်ကြပါတယ်။ ကြောင်ပန်းစေ့နဲ့ ဒရင်ကောက်မြစ်မှလွဲပြီး ကျန်အမယ်များ ယခင်အပတ် ကထက် ပိုမိုခဲ့ကာ ယခင်အပတ်က တင်ပို့ခြင်းမရှိတဲ့ ရှားစေး၊ ဆေးမြင်းခွာနဲ့ တောင်ထန်းတို့ တင်ပို့ခဲ့တာကိုလည်း တွေ့ရပါ တယ်။                 ဒါ့အပြင် ချင်းရွှေဟော်နယ်စပ်ကနေလည်း အုံတုံခေါက် ၁၀ တန် တန်ဖိုး ၂၃၄၁ ဒေါ်လာဖိုးခန့် တင်ပို့ခဲ့တယ်လို့ သိပါတယ်။ MIRT(DOBT)

Monday, 5 Dec 2011

              နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာအိန္ဒိယနယ်စပ်ရှိ တမူးစခန်းနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းတွေကနေ ရေထွက်ကုန် တန် ၅၅၃ ဒသမ ၆၂၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၀၅ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ရေငန်ငါးမျိုးစုံ ၉၁ တန်ကျော်၊ ငါးသလောက် ၃၉ တန်ကျော်၊ ကဏန်း ၁၁၆ တန်ကျော်နဲ့ ငါးရှဉ့် တန် ၁၅၀ နီးပါးတင်ပို့ခဲ့ပါတယ်။ စစ်တွေနယ်စပ်ကတော့ ရေငန်ပုစွန်နဲ့ ငါးကုန်းညိုခြောက်တို့ တင်ပို့ခဲ့ပြီး မောင်တောနယ်စပ်မှ ရေငန်ပုစွန်၊ ရေချိုပုစွန်၊ ငါးကုန်းညိုခြောက်နဲ့ ငါးစုံလေး ခြောက်တို့ တင်ပို့ခဲ့ကာ တမူးနယ်စပ်ကတော့ ငါးလေးခြောက် တစ်မျိုးတည်းသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ ငါးရှဉ့်ဈေးရော ကဏန်းဈေးပါ ကျဆင်းသွားတာ တွေ့ရပါတယ်။ ငါးရှဉ့်ဈေးကတော့ တစ်တန်ကို ကျပ် ၃ ဒသမ ၂၄၃ သန်း၊ ကဏန်းဈေးတွေကတော့ (၂၅၀ ဂရမ်) အထက် ၁တန်ကို ကျပ် ၂ ဒသမ ၄၀၉ သန်း၊ (၂၀၀-၂၅၀) ဂရမ်ကို ကျပ် ၂ ဒသမ ၂၅၂ သန်း၊ (၁၅၀-၂၀၀) ဂရမ်ကို ကျပ် ၂ ဒသမ ၀၉၄ သန်းနဲ့ (၁၀၀-၁၅၀) ဂရမ်ကို ကျပ် ၁ ဒသမ ၉၇၆ သန်းတို့ ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 5 Dec 2011

                  နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းကနေ ပန်းသီး ၁၀၀၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၄၅၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကတော့ မူဆယ်မှ ၁၁၀၀ တန်ကျော်ကို မူဆယ်မှ တင်သွင်းခဲ့တဲ့အပြင် ကန်ပိုက်တီး နယ်စပ်ကပါ တင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာတော့ မူဆယ်ဝင်ပေါက်တစ်ခုတည်းကသာ တင်သွင်းခဲ့တာကြောင့် တန် ၁၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ အိန္ဒိယနယ်စပ်စခန်းတွေ ကတော့ ယခုတစ်ပတ်မှာ ပန်းသီးတင်ပို့မှုမရှိတာ တွေ့ရပါတယ်။ MIRT(DOBT)

Monday, 5 Dec 2011

                   နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ တိရစ္ဆာန်ထွက်ကုန် တန် ၂၅၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၇၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀ ခန့်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ အမယ်တွေ ကတော့ မူဆယ်မှ အေးခဲအမဲသား ၁၂၅ တန်ခန့်နဲ့ ချင်းရွှေဟော်မှ အေးခဲ အမဲသား ၈၁ တန်ကျော်၊ ဆိတ်သားရေခြောက်၊ ၃ ဒသမ ၆ တန်ကျော်နဲ့ အမဲပြုတ် သား ၄၁ တန်တို့ ဖြစ်တယ်လို့သိရပါတယ်။ ဒီတပတ်တင်ပို့မှုလျော့နည်း တာက တော့ အေးခဲအမဲသား တင်ပို့မှုမှာ ချင်းရွှေဟော်နယ်စပ်က အပို့လျော့ခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 5 Dec 2011

                  နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်စခန်းမှသာမက ချင်းရွှေဟော်စခန်းကပါ ကန်ဒါ်လာ သုည ဒသမ ၇၁၂ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၃၁ တန်ကို တရုတ်ဘက်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကလည်း တန် ၅၀၀၀ နီးပါးပို့ခဲ့ပြီး ယခုအပတ်မှာ တန် ၅၀၀ ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုကတော့ မူဆယ်မှ ၄၃၁၁ တန်နဲ့ ချင်းရွှေဟော်မှ တန် ၂၀ တင်ပို့ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)

Monday, 5 Dec 2011

                မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                           ယခုအပတ်                            ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး   မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                      (ကျပ်)               (ယွမ်)             (ကျပ်)            (ယွမ်)ပဲတီစိမ်း         တန်         ၆၉၉၀၆၅               ၅၄၀၀             ၆၅၇၉၆၇       ၅၄၀၀ပြောင်းဖူးစေ့  တန်         ၂၂၉၁၂၆               ၁၈၆၀             ၂၁၇၁၇၄       ၁၈၆၀နှမ်းဖြူ           တန်          ၈၅၇၈၄၉               ၈၄၀၀              ၉၀၂၉၆၁      ၈၂၀၀                                                   အေးအေးမြ               မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့မဝတ်တီရှပ်၊ ဝက်အရှင်၊မုန့်မျိုးစုံ တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                              ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                      (ကျပ်)          (ရူပီး)                         (ကျပ်)        (ရူပီး)မဝတ်တီရှပ်       ဒါဇင်         ၈၀၀၀           ၉၃၀                        ၈၀၀၀        ၉၃၀ဝက်(အရှင်)        ကီလို       ၂၅၀၀            ၁၈၀                       ၂၅၀၀         ၁၈၀မုန့်မျိုးစုံ             ကီလို         ၁၃၀၀          ၁၀၀                         ၁၃၀၀        ၁၀၀                                                                 ဆွေဆွေဝင်း                    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးစုံကလေးခြောက်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိပြီး စစ်တွေနယ်စပ်စခန်းမှ ဝါးကြီးတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ မောင်တော၊ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                             ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)          (တာကာ)                 (ကျပ်)         (တာကာ)ရေငန်ပုစွန်               တန်     ၄၁၇၅၉၄၀       ၃၈၈၄၆၀           ၄၁၇၅၉၄၀       ၃၈၈၄၆၀ငါးစုံကလေးခြောက်   တန်     ၃၄၅၀၀၀          ၃၃၁၇၃              ၃၄၅၀၀၀         ၃၃၁၇၃ငါးကုန်းညိုခြောက်     တန်     ၁၂၃၇၅၀၀       ၁၀၈၅၅၂            ၁၂၃၇၅၀၀       ၁၀၈၅၅၂အေးအေးမြ

Wednesday, 30 Nov 2011

                   နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာအဆင့်စုံအပြင် ရော်ဘာဖြတ်စများပါ ကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်းဖိုး၊ တန်ချိန်အားဖြင့် ၈၆၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ သန်းခန့် တန်ဖိုးရှိ  RSS-3၂၃၈ တန်ခန့်၊ MSR -20 ၁၀၅ တန၊် MSR -50 ၇၁ တန်နဲ့ ရော်ဘာ ဖြတ်စ ၈၃ တန်၊ ချင်းရေ့ွှဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 ၃၂၈ တန်နဲ့ မြိတ်မ် ှ ကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း တန်ဖိုးရှိ RSS-5 တန် ၄၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၄၇၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော်မှ တန် ၁၂၀ ခန့် အပို့ပိုပြီး မြိတ်နယ်စပ်က ယခုအပတ်မှာ အပို့ရှိလာပေမဲ့ မူဆယ်နယ်စပ်မှ RSS-3, MSR -20 နဲ့ MSR -50 တင်ပို့မှုများ လျော့နည်းခဲ့လို့ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က ယခုအပတ်မှာ ရော်ဘာဖြတ်စ အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေးများ လျော့နည်းလျက်ရှိပါတယ်                                     မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု            ယခင်      ပြောင်းလဲမှု    %     ယခု      ယခင်   ပြောင်းလဲမှု    %RSS - 3   ၂၅၇၀၅၂၈     ၃၁၈၈၆၁၂     ၆၁၈၀၈၄   ၂၀   ၃၁၅၇     ၃၉၅၄      ၇၉၇       ၂၀RSS - 5   ၂၂၃၂၉၄၆     ၂၉၁၉၈၁၂     ၆၈၆၈၆၆    ၂၄  ၂၉၉၉     ၃၇၉၆      ၇၉၇       ၂၁MIRT(DOBT)

Wednesday, 30 Nov 2011

               နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၆၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၀၂၈ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၆၀ နဲ့ စင်ကာပူကို ၆၀၄ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ နီးပါး တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ် တန် ၄၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရော်ဘာအထွက်ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ဈေးရော၊ FOB ဈေးပါ အနည်းငယ် ပြန်တက်လာတဲ့ အတွက် ယခုလို တင်ပို့မှု ပိုမိုရတာလို့ သိရပါတယ်။ နယ်စပ်ကတော့ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းတွေကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ အနည်းငယ်တက်သွားပြီး RSS-3 တစ်တန်ကို ၃၁၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၃၀၀၀ ဒေါ်လာ အသီးသီးရှိကြောင်း သိရပါတယ်။ KZW

Wednesday, 30 Nov 2011

                 နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပန်းသီး ဖာ ၂၈၀၀ ကျော် တစ်ဘက်နိုင်ငံ မိုရေးသို့ အပို့ရှိခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၅၁၂ သန်းတန်ဖိုးရှိ ပန်းသီး ၁၁၃၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပန်းသီးများကို ဂျပ်သေတ္တာပုံးများနဲ့သာမက ပလတ်စတစ်အိတ်များနဲ့ပါ အဝင်ရှိနေတယ်လို့သိရပါတယ်။ အလားတူ ကန်ပိုက်တီးနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်း တန်ဖိုးရှိ ပန်းသီး ၆၇ တန်လည်း အသွင်း ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ MIRT(DOBT)

Wednesday, 30 Nov 2011

                 မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်း မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကျပ် ၃၁ ဒသမ ၆၄ သန်း တန်ဖိုးရှိတဲ့ ဝက်အရှင် ၂၃၀၉၅ ကီလို ဂရမ် အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၄၅၈၉ ကီလို ဂရမ် အပို့ ပိုခဲ့ပါတယ်။                  မိမိဘက် ဝက်များမှာ အခေါက်ပါးတဲ့အပြင် အရသာ ပိုမိုကောင်းမွန်တဲ့အတွက် မိမိဘက်ဝက်များအား ဝယ်လက် များက နှစ်ခြိုက်နေကြတာ ဖြစ်ပါတယ်။ MIRT(DOBT)

Pages