Main menu

Background

Monday, 26 Sep 2011

 နယ်စပ်စခန်းများမှ မျှစ်အစို၊ မျှစ်ခြောက်၊ ချင်းအစိုအပါအဝင် အခြားကုန်ခြောက်များလည်း အပို့ရှိနေ                        မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းနဲ့ ကန်ပိုက်တီး နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈၃ သန်း တန်ဖိုးရှိ မျှစ်အစို ၅၁ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ မျှစ်ခြောက် တန် ၃၀ အပို့ရှိခဲ့ သလို ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဖရဲသီး ၁၁၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၀၇သန်း တန်ဖိုးရှိ သရက်ပြားခြောက် ၁၂၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုးရှိ ဇီးသီးခြောက် တန် ၅၀၀ ကျော်လည်း ယခု အပတ်မှာ တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင် ခဲ့တယ်လို့ သတင်းရရှိပါတယ်။                     ချင်းရွှေဟော်နယ်စပ်မှလည်း ဖရဲသီး တန် ၅၀ ၊ တောဂျင်း ၁၅ တန်၊ မျှစ်ခြောက် ၁၅ တန်နဲ့ အုံတုံခေါက် တန် ၂၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၀၂၄ သန်းဖိုး တင်ပို့မှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)

Monday, 26 Sep 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                       မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                 ယခုအပတ်                                 ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     ပြောင်းလဲမှု                                           (ကျပ်)          (ယွမ်)                     (ကျပ်)          (ယွမ်)ပဲတီစိမ်း           တန်              ၆၅၈၀၄၃        ၅၇၀၀                   ၆၀၉၃၁၄       ၅၈၀၀ပြောင်းဖူးစေ့     တန်              ၂၁၆၂၆၇        ၁၈၅၀                  ၂၀၂၄၅၇        ၁၈၂၀နှမ်းဖြူ             တန်               ၈၆၃၀၀၀        ၇၇၀၀                  ၈၅၃၀၀၀       ၇၇၀၀                                                                     မြင့်ဆွေ                       မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                                        ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                           (ကျပ်)            (ရူပီး)                           (ကျပ်)        (ရူပီး)ကွမ်းသီး          တန်             ၈၉၂၅၀၀         ၅၈၀၀၀                       ၈၉၂၅၀၀      ၅၈၀၀၀မုန့်မျိုးစုံ           ကီလို               ၁၃၀၀           ၁၀၀                             ၁၃၀၀         ၁၀၀မဝတ်တီရှပ်     ဒါဇင်                ၈၀၀၀           ၉၃၀                             ၈၀၀၀         ၉၃၀                                                                  ဆွေဆွေဝင်း                    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနက် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                        ယခုအပတ်                                     ယခင်အပတ် ပစ္စည်းအမည် ရေတွက်ပုံ           မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                                 (ကျပ်)           (ရူပီး)                           (ကျပ်)            (ရူပီး)ငါးနီတူခြောက်      တန်                  ၉၇၅၀၀        ၉၃၇၅၀                     ၉၇၅၀၀             ၉၃၇၅၀ရေငန်ပုစွန်           တန်                 ၄၁၇၅၉၄၀    ၃၈၈၄၆၀                   ၄၁၇၅၉၄၀        ၃၈၈၄၆၀ငါးစုံလေးခြောက်   တန်                  ၃၄၅၀၀၀     ၃၃၁၇၃                      ၃၄၅၀၀၀          ၃၃၁၇၃

Monday, 26 Sep 2011

အေးခဲအမဲသား အပို့ ပိုတဲ့ မူဆယ်နယ်စပ်                    စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်မှ အေးခဲအမဲသားသာမကအမဲသားခြောက်၊ အေးခဲကျွဲသားနဲ့ ကျွဲအစာရေမျိုများပါ တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ  ၃၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၁၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းတန်ဖိုးရှိ အမဲသားခြောက် ၄၄ တန်ကျော်၊ကန်ဒေါ်လာ သုည ဒသမ ၂၂၈ သန်းတန်ဖိုးရှိအေးခဲ ကျွဲသား ၈၅ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်းတန်ဖိုးရှိ ကျွဲအစာရေမျို ၁၃၀ ကျော် အသီးသီးတင်ပို့ နိုင်ခဲ့တာဖြစ်ပါ တယ်။ ယခင်အပတ်က အေးခဲအမဲသား ၁၃၆ တန်ခန့်သာ အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ အေးခဲအမဲသားတင်ပို့တဲ့ ပမာဏလျော့နည်းခဲ့သော်လည်း အမယ် စုံတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ချင်းရွှေဟော် နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၁၃ တန်ခန့်လည်း ယခု အပတ်မှာ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)

Monday, 26 Sep 2011

တရုတ်နိုင်ငံ မုန့်စားပွဲတော်အကြိုကာလဖြစ်၍ နှမ်းအဝယ်ရှိနေ                         သြဂုတ်လအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၉၃၄ သန်းတန်ဖိုးရှိ နှမ်းမျိုးစုံ ၁၀၁၂၂ တန် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်လထက် ၈၀၅၅ တန်ခန့်နဲ့ ယမန်နှစ် ကာလတူထက် ၆၄၅၉ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။                       ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိ ၅ လတာကာလမှာတော့ မူဆယ်မှ ကန်ဒေါ်လာ ၁၈ ဒသမ ၃၁ သန်း တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၃၉၂၈ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုရာသီဟာ တရုတ်နိုင်ငံမုန့်စားပွဲတော် အကြိုကာလ ဖြစ်တဲ့အတွက် မုန့်စားပွဲတော်အတွက်လိုအပ်တဲ့ နှမ်းအဝယ်ရှိတဲ့ရာသီဖြစ်ပါတယ်။ ဒီနှစ်မှာ တရုတ်ဘက်က ဝယ်လို အားလည်းကောင်းနေတာ တွေ့ရပါတယ်။                      သြဂုတ်လအတွင်း ပြည်တွင်းနှမ်းဈေးနှုန်းများမှာ နှမ်းဖြူ ကျပ် ၇၆၂၀၉၀-၈၈၄၅၇၀ နဲ့ နှမ်းနက် ကျပ် ၉၅၂၆၁၄-၁၁၂၉၅၂ ရှိပြီး ရွှေလီဈေးမှာ နှမ်းဖြူ ၁ တန် ယွမ် ၇၅၀၀ မှ ၈၀၀၀ နဲ့ နှမ်းနက် ၁ တန် ယွမ် ၉၀၀၀ မှ ၉၂၀၀ ထိရှိခဲ့ပါတယ်။ MIRT(DOBT) 

Monday, 26 Sep 2011

ယခုအပတ် နယ်စပ်မှ ပရဆေးအပို့လျော့                         ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၅၈၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၈ တန်ကျော်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၉၁ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခု အပတ်မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေက မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ကြောင်လျာစေ့၊ ကြောင်ပန်းစေ့၊ တစေး၊ အုံတုံခေါက်၊ တောချင်း၊ နေလဲစေ့နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင် အပတ် ကတင်ပို့နိုင်ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ၊ ကြောင်လျာစေ့၊ တစေးနဲ့ တောင်လုံး ကျော်တို့ ယခုအပတ်မှာ အပို့ရှိပေမဲ့ ယခင်အပတ်ကအပို့ရှိခဲ့တဲ့ မာလာဥ၊ မာလာဥ ခေါင်း၊ နနွင်ခေါင်း၊ ဖန်ခါးသီးခြောက်၊ စကားပန်းပွင့်ခြောက် ၊ ရှားစေး၊ ကျောက်ချင်း၊ ဒရင်ကောက်မြစ်နဲ့ ရွေးရွက်တို့တော့ ယခုအပတ် တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ ယခုအပတ်မှာ ပရဆေးတင်ပို့မှု အမယ်ရော၊ ပမာဏပါလျော့နည်းခဲ့ တာ ဖြစ်ပါတယ်။                    တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၁ တန်သာ ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။           MIRT(DOBT) 

Monday, 26 Sep 2011

နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၀၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ ၆၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၉၅ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ အေးခဲအမဲသားအပြင် ယခုအပတ်မှာ အေးခဲကျွဲသား ၂၈ တန်ကန်ဒေါ်လာသုညဒသမ ၀၇၈ သန်းဖိုး အပို့ရှိခဲ့ပြီး ယခင် အပတ်ကတော့ ၃၃၈ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။  MIRT(DOBT)  

Monday, 26 Sep 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                      ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        ပြောင်းလဲမှု                                              (ကျပ်)           (ယွမ်)                          (ကျပ်)     (ယွမ်)ပဲတီစိမ်း          တန်               ၅၇၅၂၈၀         ၅၄၀၀                          ၅၇၈၃၄၂   ၅၅၀၀ပြောင်းဖူးစေ့   တန်                ၁၉၈၅၉၉          ၁၈၄၀                        ၁၉၅၈၉၅    ၁၇၅၀နှမ်းဖြူ            တန်                ၈၆၃၀၀၀          ၇၅၀၀                        ၈၆၄၅၁၄    ၇၅၀၀မြင့်ဆွေ                     မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                   ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး  ပြောင်းလဲမှု                                                  (ကျပ်)         (ရူပီး)                       (ကျပ်)          (ရူပီး)ကွမ်းသီး         တန်                  ၈၉၂၅၀၀        ၅၈၀၀၀                   ၈၉၂၅၀၀         ၅၄၀၄၀မုန့်မျိုးစုံ         ကီလို                   ၁၃၀၀            ၁၀၀                        ၁၃၀၀             ၁၀၀မဝတ်တီရှပ်    ဒါဇင်                   ၈၀၀၀            ၉၃၀                        ၈၀၀၀             ၉၃၀ဆွေဆွေဝင်း

Sunday, 25 Sep 2011

ယခုအပတ် နယ်စပ်မှ ရော်ဘာ အပို့ ပိုလျက်ရှိ                      အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံများ တင်ပို့လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ ဒသမ ၂၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၃၅ သန်း တန်ဖိုးရှိ ရော်ဘာဖြတ်စ ၁၄ ဒသမ ၆ တန်အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ရော်ဘာအဆင့်စုံ ၁၅၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့ နိုင်မှုများကတော့ မူဆယ်မှ RSS-3  ၁၉၃ တန်၊MSR-20  တန် ၁၅၀ ကျော်နဲ့MSR-50 ၁၉ တန်ခန့် ၊ ချင်းရွှေဟော်မှ RSS-3  တန် ၆၀ နဲ့MSR-20  တန် ၁၀၀ ၊ မြိတ်မှ RSS-3  တန် ၁၀၀၊MSR-20  တန် ၁၀၀နဲ့MSR-50 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများရဲ့ ယခုအပတ် ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ၃၅၃ တန်၊ MSR-20 ၃၅၀ ကျော်နဲ့MSR-50 ၁၁၉ တန်ခန့်ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ဖော်ပြပေးလိုက်ပါတယ်-                                               မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်        ပြောင်းလဲမှု   %      ယခု         ယခင်  ပြောင်းလဲမှု    %RSS - 3          ၃၄၁၃၈၀၀       ၃၄၁၃၈၀၀         -            -      ၄၄၆၄      ၄၃၆၃      ၁            ၀ .၀၁RSS - 5          ၃၃၀၀၃၁၉       ၃၃၀၀၃၁၉         -            -      ၄၃၀၈       ၄၃၀၇     ၁            ၀ .၀၂MIRT (DOBT)

Sunday, 25 Sep 2011

ပင်လယ်ရေကြောင်းမှာ ရော်ဘာအပို့ သိသိသာသာ အပြောင်းအလဲမရှိ                စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၂၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၁၆ သန်းဖိုးကို မလေးရှား တစ်နိုင်ငံထဲကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာအပြောင်းအလ ဲမရှိတာတွေ့ရပါတယ်။ မိုးရွာသွန်းမှု မပြတ်သေးတာ ကြောင့် ရော်ဘာ မထုတ် လုပ်နိုင်သေးဘဲ လက်ကျန်နည်းနေတာကြောင့် တင်ပို့မှုနည်းတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ် ကုန်သွယ်ရေးကတော့ ယခုအပတ်မှာ (၈၂၂) တန်တင်ပို့တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ RSS-3 နဲ့ MSR-20  တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5  တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သိရပါတယ်။ KZW 

Sunday, 25 Sep 2011

ချင်းရွှေဟော်မှ ယခုအပတ် ကဏန်းအရှင် အပို့ရှိ                         ယခုအပတ် ချင်းရွှေဟော်နယ်စပ်မှလည်း ကဏန်းအရှင် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၈၇၅၀ တန်ဖိုးရှိ ကဏန်းအရှင် ၂ ဒသမ ၆၁၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၂သန်းတန်ဖိုး ရှိ ငါးရှဉ့် ၃၃၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကဏန်း ၁၅၁ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၂၅၆ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ တန် ၁၀၀ နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ငါးဆားနယ် ၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ငါးရှဉ့်နဲ့ ငါး ဆားနယ် အပို့ပိုပြီး ရေငန်ငါးမျိုးစုံ အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်မှာ ရေထွက်ကုန်ဈေးများ ကျနေတာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် ကုန်တက်ပိုမိုတဲ့ အခါမျိုးနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးအတက်အကျ အပြောင်း အလဲရှိတတ်တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ကဏန်းနဲ့ငါးရှဉ့် မြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-  မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု             ယခင်      ပြောင်းလဲမှု   %         ယခု        ယခင်  ပြောင်းလဲမှု    %ငါးရှဉ့်                 ၂၀၀၁၆၈၀     ၂၃၅၀၆၀၀     ၃၄၈၉၂၀    ၁၅       ၂၆၂၀     ၃၂၂၀     ၆၀၀           ၁၉ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက်   ၂၇၁၂၂၀၀     ၂၇၇၄၀၀၀     ၆၁၈၀၀       ၂        ၃၅၅၀     ၃၈၀၀     ၂၅၀             ၇၂၀၀-၂၅၀ ဂရမ်     ၂၅၅၉၄၀၀     ၂၆၂၈၀၀၀     ၆၈၆၀၀       ၃        ၃၃၃၀     ၃၆၀၀     ၂၇၀           ၇ .၅၁၅၀-၂၀၀ ဂရမ်     ၂၄၀၆၆၀၀     ၂၄၈၂၀၀၀    ၇၅၄၀၀        ၃        ၃၁၅၀     ၃၄၀၀     ၂၅၀           ၇ .၃၁၀၀-၁၅၀ ဂရမ်     ၂၂၉၂၀၀၀     ၂၃၇၂၅၀၀    ၈၀၅၀၀        ၃        ၃၀၀၀     ၃၂၅၀     ၂၅၀           ၇ .၇MIRT(DOBT)

Pages