Background
အရှိန်ရဆဲ ချင်းရွှေဟော် အေးခဲအမဲသား တင်ပို့မှု မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၂၉၇ သန်း တန်ဖိုးရှိ အေးခဲအမဲသား တန် ၉ဝ ကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၃၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာ စပြီးတင်ပို့တာဖြစ်ပါတယ်။ ဇူလိုင်လတစ်လလုံး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၂၆၁ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်မှာ အေးခဲအမဲသား ၅၇ ဒသမ ၅ တန်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၁၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်တင်ပို့မှုထက် တန် ၁၉ဝ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
နာနတ်သီးရာသီ ရောက်နေပြီ ဇူလိုင် ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ ရာသီချိန်သီးနံှကတော့ နာနတ်သီးပဲဖြစ်ပါတယ်။ တစ်နေ့ကို တန် ၆ဝ ခန့်အဝင်ရှိနေပြီး ၁ တန်ကို ယွမ် ၁၃ဝဝ ဝန်းကျင်ဈေးရတယ်လို့ သိရပါတယ်။ သရက်ရာသီ ကုန်ပြီ ဖြစ်လို့ သရက်သီးအကြမ်း (ရင်ခွဲ) သီးများ ဂျပ်ဖာ ၃ဝဝ ဝန်းကျင်ခန့်သာ နေ့စဉ်အဝင်ရှိနေပါတယ်။ ဖရဲသီးကားများ လည်း တစ်ရက်ကို ၁ စီးစ ၂ စီးစ အဝင်ရှိနေပြီး သခွားမွှေး များလည်း ဝင်စပြုနေပြီလို့ သိရပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ နာနတ်သီး တန် ၅၇ဝ ၊ ဖရဲသီး တန် ၁၂ဝ၊ သခွားမွှေး ၁၅ တန်နဲ့ သရက်အကြမ်းသီး တန် ၂၅ဝ ကျော်အပို့ရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှလည်း ပန်းသီးအဝင်က ကြည့်လျှင် ကန်ဒေါ်လာ ဝ ဒသမ ၁၆၈ သန်းတန်ဖိုးရှိတဲ့ ပန်းသီးတန် ၃၇ဝ ကျော်အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ယခုအပတ်မူဆယ်မှ ပရဆေးကုန်ကြမ်း အပို့လျော့ပေမဲ့ တမူးမှ အသွင်းပို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄ဝ၁ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၁ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ် စေ့၊ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ နနွင်းတက်၊ နနွင်းခေါင်း၊ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ အုံတုံခေါက်၊ တောချင်းနဲ့ တောဂျူးမြစ်တို့ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့အပတ်က မုတ်ခါး၊ ဒရင်ကောက်မြစ်၊ စမုံစပါး၊ ဖန်ခါးသီးခြောက်၊ ကျောက်ဂျင်း၊ ရွေးရွက်တို့အပို့ရှိခဲ့ပေမဲ့ ယခုအပတ်မှာ တင်ပို့မှုမရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုပမာဏလျော့နည်းခဲ့တာ ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ် အိန္ဒိယဘက်မှတင်သွင်းတဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်း တန်ဖိုးရှိတဲ့ မင်သော် ဝ ဒသမ ၆ တန်၊ ရှိန်းခို ၁ ဒသမ ၉၆ တန်နဲ့ ဆောင်မေခါး ဝ ဒသမ ၅ တန်ဖြစ်ပြီး ယခင် အပတ်က တောင်လုံးကျော် ၁ တန်သာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၁၅၆၇၄ ၆ဝဝဝ ၆၂၇၉၂၉ ၆ဝဝဝပြောင်းဖူးစေ့ တန် ၂ဝ၅၃၆၁ ၁၉ဝဝ ၂၁၁၁၆၅ ၁၉ဝဝနှမ်းဖြူ တန် ၈၇၁၈၈၈ ၈၂ဝဝ ၈၆ဝ၂၈ဝ ၈၂ဝဝစိုးနိုင် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝ ၁၅၇ဝဝဝ ၈၅ဝဝဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့လျက်ရှိ ရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္က နာဗ်ပေါက် ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (တာကာ) (ကျပ်) (တာကာ)ငါးနီတူခြောက် တန် ၉၇၅ဝဝဝ ၉၃၇၅ဝ ၉၇၅ဝဝဝ ၉၃၇၅ဝရေငန်ပုစွန် တန် ၄၁၇၅၉၄ဝ ၃၈၈၄၆ဝ ၄၁၇၅၉၄ဝ ၃၈၈၄၆ဝငါးစုံလေးခြောက် တန် ၃၄၅ဝဝဝ ၃၃၁၇၃ ၃၄၅ဝဝဝ ၃၃၁၇၃
အနိမ့်ဆုံးလုပ်ခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းလုပ်ငန်းရှင်ကြီးတစ်ဦး ထောက်ခ လူနေမှုစရိတ်မြင့်မားခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လုပ်သားများရွှေ့ပြောင်းထွက်ခွာသွားနိုင်ခြင်းတို့ကြောင့် အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ပေးသင့်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်ကြီးများထဲက အကြီးဆုံးထိုင်း ဘိလပ်မြေထုတ်လုပ်ရေးအုပ်စု (Siam Cement Group -SCG) အကြီးအကဲက ပြောကြားခဲ့ပါတယ်။ လူနေမှုစရိတ် မြင့်တက်မှုကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတဲ့အတွက် ၎င်းရဲ့ ကိုယ်ပိုင်ဆန္ဒအရ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်သင့်တယ်လို့ သူယူဆကြောင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အခြေခံစက်မှုလုပ်ငန်းများမှာ ယှဉ်ပြိုင်ဆောင်ရွက်ရန် မသင့်ဘဲ သုတေသနခိုင်မာစွာ ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုကို ယှဉ်ပြိုင်သင့်ကြောင်း၊ စက်မှုလုပ်ငန်းတွေမှာ စရိတ်သက်သာမှုကိုသာ ဦးစားပေးရင် ဗီယက် နမ်လို နိုင်ငံမျိုးကို လုပ်သားများရွှေ့ပြောင်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံမှာလည်း လုပ်ခတိုးမြှင့်ပေးတဲ့အတွက် အထည်ချုပ် လုပ်ငန်းများကဲ့သို့ စက်မှုလုပ်ငန်းများမှာ ထုတ်လုပ်မှုစရိတ်တက်လာကြောင်း၊ လုပ်ခတွေမြင့်လာတဲ့အတွက် ဝယ်ယူနိုင်စွမ်းများ မြင့်တက်လာပြီး စီးပွားရေးတစ်ရပ်လုံးတိုးတက်လာရ တယ်လို့လည်း ှဃွ အကြီးအကဲခန်တရာကူဟွန်က ညွှန်ပြပြောဆို ခဲ့ပါတယ်။ Source ထိုင်းရတ် သတင်းစာ သောင်းနိုင်
စစ်တွေနယ်စပ်မှ ရေထွက်ပစ္စည်း တင်ပို့မှု ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါး တန် ၁၈ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ ရေငန်ပုစွန် ၉ တန်ကျော် တန်ဖိုး ဝ ဒသမ ဝ၅၇ သန်း၊ စုစုပေါင်းတန် ချိန် ၁၉ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခုအပတ်မှာ ရေချိုငါး တန် ၃ဝ ကျော်နဲ့ ရေငန်ပုစွန် ၆ တန်ခန့် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါး ၁ တန်ရဲ့ မိမိဘက်မြေပြင်ပေါက်ဈေး ကန် ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိဖြစ်ပြီး ၊ ရေငန်ပုစွန် ၁ တန်ကို မိမိဘက်မြေပြင် ပေါက်ဈေး ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိဈေးပေါက်လျက်ရှိပြီး ယခင်အပတ် အတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)ှု
မိုးများသဖြင့် ဝက်အရှင်တင်ပို့မှု လျော့နည်းနေ ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဝက်အရှင် ၁၂၃၇ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၂၁ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လျော့ နည်းရခြင်းအကြောင်းမှာ မိုးများသဖြင့် ဝယ်ယူစုဆောင်းရာမှာလည်းကောင်း၊ သယ် ယူရာမှာ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခက်အခဲများ ရှိနေတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။ နယ်စပ်တွေကနေတင်ပို့တဲ့အခါ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ စစ်ဆေးပြီးကြောင်း ထောက်ခံချက်များနဲ့ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ ဝက်အရှင် ၁ တန်ကို ကျပ် ၁ ဒသမ ၃၇ သန်းဈေးရလျက်ရှိပြီး ဇူလိုင်လအတွင်း ဝက်အရှင် တင်ပို့မှုမှာ ၈၄၆၇ ကီလိုရှိပြီဖြစ်ပါတယ်။ MIRT(DOBT)
နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို ဇူလိုင်လ ၂ဝရက်မှ ၂၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၂၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃ဝ၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၁၆ တန်ခန့် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ တင်ပို့မှု ၉ တန်ခန့် လျော့နည်းခဲ့သော်လည်း မူဆယ်မှ ၁၉၈ တန်တင်ပို့မှု ပိုမိုခဲ့တာဖြစ်ပါတယ်။ တနင်္သာရီ၊ မွန်၊ ကရင်ဒေသထွက် အေးခဲ အမဲသားများကို တင်ပို့နေတာဖြစ်ပြီး မိမိဘက်ပေါက်ဈေးကျပ် ၂ ဒသမ ၆၅၄ သန်းရှိပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ယွမ် ၂၂ဝဝဝ(၃၄ဝဝ ဒေါ်လာ)ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ချင်းရွှေဟော် နယ်စပ်အနေနဲ့ ယခုနှစ် ဇူလိုင်လမှာမှ စတင် စမ်းသပ်တင်ပို့နေတာဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၇၁ ဒသမ ၃ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)
နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ တင်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၇ ဒသမ ၄၄၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၃၅၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ၅၇ တန် တင်ပို့မှုပိုမိုခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ်တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မုတ်ခါး၊ မာလာဥ၊ မာလာဥခေါင်း၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ အုံတုံခေါက်၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ စမုံစပါး၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်(ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကျောက်ဂျင်း၊ ကြောင်ပန်း စေ့၊ တောဂျင်း၊ တောင်လုံးကျော်နဲ့ ရွေးရွက်တို့ ပဲဖြစ်ပါတယ်။ ယခုအပတ်မှာ မာလာဥ၊ ရှားစေး၊ ကွမ်းစားဂမုန်း၊ စကား ပန်းပွင့်ခြောက်၊ တောဂျူးမြစ်၊ နနွင်းခေါင်း၊ နနွင်းတက်၊ မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တောဂျင်း၊ တောင်လုံး ကျော်နဲ့ ရွေးရွက်များ ယခင်အပတ်ကထက် ပိုမိုတင်ပို့ နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ မုတ်ခါး၊ ဒရင် ကောက်မြစ်၊ အုံတုံခေါက်၊ မာလာဥခေါင်းနဲ့ ကျောက်ဂျင်းများ ကိုယခုအပတ်မှာ တင်ပို့နိုင်ခြင်းကြောင့်လည်း ယခင်အပတ် ကထက် တင်ပို့မှု တန် ၁ဝဝဝ ကျော် ခဲ့တာဖြစ်ပါတယ်။ ပရဆေးကုန်ကြမ်းတင်သွင်းမှုအပိုင်းမှာတော့ တမူးနယ် စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝဝ၃ သန်း တန်ဖိုးရှိ တောင် လုံးကျော် ၁ တန်သာအသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
သစ်သီးဝလံ ကုန်သွယ်မှု ယခုအပတ် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရာသီချိန်ကုန်နေပြီဖြစ်ပေမဲ့ သရက်သီးနဲ့ နာနတ်သီးများ တင်ပို့မှု ရှိနေသေးတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ သရက်သီး ၂၉၇၄ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၄၁၄ သန်းတန်ဖိုးရှိတဲ့ သရက်ပြားခြောက် ၄၆၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဖရဲသီး များလည်း ပြန်လည်တင်ပို့လာပြီဖြစ်ရာ ယခုအပတ်မှာ ကျပ် ၆၆ ဒသမ ၂၉ သန်းတန်ဖိုးရှိ ဖရဲသီး ၁၁၅ တန်နဲ့ ကျပ် ၁ ဒသမ ၅၃ သန်းတန်ဖိုးရှိ သခွားမွှေး ၈ ဒသမ ၅ တန်လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် သရက်သီး ၂၁၆၆ တန်၊ နာနတ်သီး တန် ၁ဝဝခန့်၊ ဖရဲသီး ၇၇ တန်နဲ့ သခွား မွှေး ၁ တန်ခွဲခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှလည်း သရက်သီး ၂၃ တန်နဲ့ ပန်းသီး ၁၁၉ သေတ္တာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၇ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ MIRT(DOBT)