Background
နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့ နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၊၈၂၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရင်အပတ်ကထက် တန်ချိန် ၁၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်ရော်ဘာပေါက်ဈေးဟာ ကျပ် ၉၁ဝဝ မှ ၉၅ဝဝ ထိ မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ မပြောင်းလဲဘဲတည်ငြိမ်လျက်ရှိပါတယ်။ ငွေဈေးအတက်အကျ အပြောင်း အလဲကြောင့်သာ ဒေါ်လာဈေးအရ ၆ ဒေါ်လာခန့် ယခင်အပတ်ကထက် လျော့ကျတာတွေ့ရပါတယ်။ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးများက ထွက်ရှိတဲ့ ရော်ဘာများကို မြန်မာ-တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေတာဖြစ်ပါတယ်။ ချင်းရွှေဟော်ဘက်မှာ မိမိဘက်ပေါက်ဈေးက ၂၇ဝဝဝဝဝ ကျပ်ရှိပြီးတစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ယွမ် ၂၁ဝဝဝ ရှိပြီး မြိတ်ဘက်မှာတော့ မိမိဘက်ဈေးက ၂၈၇၈၇၅ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးက ဒေါ်လာ ၃ဝဝ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှRSS (1) ၅ တန်၊RSS (3) ၄ဝ၂ တန်ခန့်၊ RSS (5) တန် ၃ဝ၊ MSR (20) ၁၃၈ တန် နဲ့ MSR (50 ) ၁၂၁ တန်၊ စုစုပေါင်း ၆၉၅ တန်ကျော်၊ ချင်းရွှေဟော်မှ RSS (3) တန် ၃ဝ၊ မြိတ်မှ RSS (3) တန် ၁ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မူဆယ်RSS(3) ၃၂၃၆၈ဝဝ ၃၂၂၇၂၈ဝ ၉၅၂ဝ ဝ .၃ ၃၅၆၄ ၃၅၇ဝ ၆ ဝ .၂RSS(5) ၃၁ဝဝ၈ဝဝ ၃ဝ၉၁၆၈ဝ ၉၁၂ဝ ဝ .၃ ၃၄၁၄ ၃၄၂ဝ ၆ ဝ .၂MIRT (DOBT)
မျိုးအာလူးများ မောင်တောနယ်စပ်မှ တင်သွင်းလျက်ရ နိုဝင်ဘာလ ပထမပတ်အတွင်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ Arbul Trading Co. Ltd မှ မျိုးအာလူးများ မောင်တော နယ်စပ်မှ တစ်ဆင့်တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ တင်သွင်းမှုတန်ချိန်က ၂၈ တန်ဖြစ်ပြီး မိမိဘက်တစ်တန်ပေါက်ဈေးက ၃ဝ၆ဝဝ ကျပ်နဲ့ တစ်ဖက် နိုင်ငံပေါက်ဈေးကတော့ ၁၆၈၆၆ တာကာဖြစ်ပါတယ်။ မောင်တောမှာ ရုံးစိုက်ထားတဲ့ FAO မှ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း ကျေးလက် ဒေသအသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး အထောက်အကူပြုစီမံကိန်းအရ မောင်တောခရိုင်အတွင်းရှိ တောင်သူများကို အခမဲ့မျိုးဖြန့်ဝေပေးရန် သက်ဆိုင်ရာဌာနများရဲ့ ထောက်ခံချက်များနဲ့အညီ သွင်းကုန်လိုင်စင် လျှောက်ထားတင်သွင်းခဲ့တာဖြစ်တယ်လို့ ကျော်ကျော်စိုး ကုမ္ပဏီမှ တာဝန်ရှိသူထံက သိရှိရပါတယ်။ Sourceး နကသ (မောင်တော)MIRT (DOBT)
ရော်ဘာအပို့လျော့ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၇၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၈၅ တန်တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ ၁ဝ၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3 ၁၁၈ တန်နဲ့၊ မလေးရှားကို RSS-3 ၂၅၉ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ခရမ်းချဉ်သီး ကျပ် ၆ သန်းကျော်ဖိုး တမူးနယ်စပ်မှ တင်ပို့နိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့လျက် ရှိပါတယ်။ အောက်တိုဘာလ အတွင်းမှာ ခရမ်းချဉ်သီး ၂၄ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၆၈ သန်းကျော်ဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ခရမ်းချဉ်သီး အပြင် အောက်တိုဘာလအတွင်း ကွမ်းသီးခြောက်၊ ကွမ်းသီးစို၊ ချင်းပဲ (ပဲယင်း)၊ အုန်းသီး၊ ပန်းသီး၊ ရေထွက်ကုန်၊ ငါးလေးခြောက်၊ ငါးမြစ်ချင်းနဲ့နမ့်ဖာလုံ အမယ်စုံများကို ကန်ဒေါ်လာ ၃၆၃၈၂ ဖိုးတင်ပို့နိုင်ခဲ့တယ် လို့ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သည် အသင်းမှ သတင်း ရရှိပါတယ်။ Source:နကသ (တမူး) MIRT (DOBT)
နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအား ယွမ်ငွေနဲ့ ဆောင်ရွက်သွားမည် ယူနန်ပြည်နယ် ထွက်ကုန်များဖြစ်တဲ့ ဟင်းသီးဟင်းရွက်များအား ထိုင်းနဲ့ ဂျပန်၊ စင်ကာပူစတဲ့နိုင်ငံ တို့သို့ တင်ပို့ရာမှာ ငွေကြေးနှုန်းထားပြောင်းလဲမှုကို ဝန်ထုပ်ဝန်ပိုးအဖြစ် ကြုံတွေ့ခဲ့တဲ့အတွက် တရုတ်ယွမ်ငွေနဲ့ ငွေပေးချေမှုကို လုပ်ဆောင်ခဲ့ရပါတယ်။ ယူနန်ပြည်နယ် ' လုံချိန်' လယ်ယာထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက် အနေနဲ့ ၂ဝဝ၉ ခုနှစ်က ပြည်ပသို့ဟင်းသီးဟင်းရွက်တန်ချိန် ၂၃ဝဝ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပါတယ်။ ယခုနှစ်မှာ ယွမ်ဖြင့် ဆောင်ရွက်မှုမြင့်တက်ခဲ့တဲ့အတွက်ပထမ ၉ လတာကာလမှာ ယွမ်သန်း ၅၅ဝ ကျော် ဟင်းသီး ဟင်းရွက် များ ပြည်ပသို့ တင်ပို့မှုမှ ဝင်ငွေရရှိခဲ့ရာ ယမန်နှစ်ကထက် ဝင်ငွေ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယူနန်ဘဏ်ခွဲအား ယွမ်ငွေဖြင့် စာရင်းရှင်းတမ်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှဈေးကွက် အထူးသဖြင့် ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံတို့နဲ့ ကုန်သွယ်ရာမှာ ယွမ်ငွေနဲ့ လုပ်ဆောင်သွားမယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ Source: ယူနန်ချွမ်းချိမ်ဝမ်ပေါင်သတင်းစာ၊သောင်းနိုင်
တမူးနယ်စပ်မှ ကွမ်းသီးတင်ပို့မှုမှ ကျပ်သန်းရာကျော်ရရ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် တစ်ဖက်အိန္ဒိယနိုင်ငံသို့ ကွမ်းသီး အစို ၅၃ တန်ကျော်နဲ့ ကွမ်းသီးခြောက် ၉၆ တန် တန်ဖိုးအားဖြင့် ကျပ် ၁၁၁ သန်းကျော်ဖိုး အောက်တိုဘာလ အတွင်းမှာ တင်ပို့နိုင်ခဲ့ပါ တယ်။ ယမန်နှစ်ကာလတူမှာ ၁၁၂ တန် ကျပ်သန်း ၁ဝဝ ဖိုးနဲ့ အနီးစပ်ဆုံးကာလ ဖြစ်တဲ့ စက်တင်ဘာလမှာ ၄၉ တန် ကျပ် ၂၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် ကွမ်းသီး တင်ပို့မှုများ တိုးတက်လျက်ရှိပါတယ်။ Source: နကသ (တမူး)၊DOBT (MIRT)
ASEAN+3 ပူးပေါင်းဆောင်ရွက်ရေးမှာ တရုတ်နိုင်ငံမှ ရန်ပုံငွေဒေါ်လာသိန်း ၁၃ဝ ထည့်ဝင်သွားမည် အရှေ့တောင်အာရှဒေသနိုင်ငံများဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အာဆီယံနိုင်ငံများရဲ့ နိုင်ငံတကာ ခေါင်းဆောင် များ ပါဝင်တဲ့ (၁၃) ကြိမ်မြောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာကျင်းပခဲ့ရာ (ASEAN +3) နိုင်ငံရဲ့ လွတ်လပ်သောစီးပွားရေးဇုန်ဖော်ဆောင်ရာမှာ လယ်ယာကဏ္ဍ၊ အခြေခံအဆောက်အဦ၊ ကမ္ဘာ့ ပတ်ဝန်းကျင်ပူနွေးလာမှုပြုပြင်ပြောင်းလဲရေးများကို လေးနက်ငြိမ်းချမ်းစွာ ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ သတင်းရရှိပါ တယ်။ ထိုသို့ ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဘက်အကျိုးတူ ဖွံ့ဖြိုးတိုးတက်လာရေးနဲ့အတူ နယ်စပ်ကုန်သွယ်မှုများ တိုးတက် မြင့်မားရေးကိုလည်း အကောင်အထည်ဖော်ဆောင်သွားရန် သဘောတူညီကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ (ASEAN +3) နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များရဲ့ ရှေ့ပြေးအနေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီနည်းစနစ်နဲ့ငွေကြေးဆိုင်ရာ လွတ်လပ်ပွင်းလင်းတဲ့ဈေးကွက်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံမှ သီးသန့်ရန်ပုံငွေ ဒေါ်လာသိန်းပေါင်း ၁၃ဝ တိုးမြှင့် ပါဝင်သွားမယ်လို့ သိရှိရပါတယ်။ ှSource:ချွန်းချိန်ဝမ်ပေါင်သတင်းစာ၊သောင်းနိုင်
လယ်ယာလုပ်ငန်းကဏ္ဍ၏ ထုတ်ကုန်ပစ္စည်းနှုန်းထားများ တိုးမြင့်လာ ၂ဝ၁ဝ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း မြို့ပြခရိုင်ပေါင်း ၃၆ ခုမှာ ဟင်းသီးဟင်းရွက်၊ ဆန်စပါး၊ စားသုံးဆီ၊ အသားငါးနဲ့ သစ်သီးစတဲ့ အမယ် ၃ဝ ခန့်ရဲ့ ကုန်ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချမှုကို လေ့လာ စိစစ်ခဲ့ရာမှာ အမယ် ၂၄ မျိုးက ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဟင်းသီးဟင်းရွက် စားသုံးဆီ ပျှမ်းမျှတစ်တန်ကိုယွမ် ၉၅ဝဝ မှ ၉၆ဝဝ ထိလည်းကောင်း၊ ပဲဆီ တစ်တန် ကို ယွမ် ၈၉ဝဝ မှ ၉၅ဝဝ သို့လည်းကောင်း တိုးမြင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စားသုံးဆီသုံးစွဲမှု တန်ချိန် ၂၃ဝ ကျော်ရှိပြီး ရာခိုင်နှုန်း ၆ဝ ကျော်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စားသုံးဆီဝယ်ယူ စုဆောင်းမှု များတဲ့အတွက် ပြည်ပမှ ပဲတင်သွင်းမှုများဟာ အောက်တိုဘာလမှာ တင်သွင်းမှု ပိုမိုလာလျက်ရှိပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်လာသော ၂၄ မယ်မှာ သခွားသီးနဲ့ဖရဲသီးနှုန်းထားဟာ အများဆုံးမြင့်တက်လျက် ရှိပြီး ၁ဝ ရာခိုင်နှုန်းကျော်နဲ့ ဆိတ်သားဈေးမြင့်တက်မှုနှုန်း မှာ ဝ ဒသမ ၇၇ ရာခိုင်နှုန်းရှိပြီး အနိမ့်ဆုံးမြင့်တက်တဲ့ အမယ်ဖြစ်ပါတယ်။ ယခုလို စားသုံးဆီအပါအဝင် ပစ္စည်းအမယ်များဈေးမြင့်လာရခြင်းဟာ ကမ္ဘာ့ပတ်ဝန်းကျင်ရဲ့ လယ်ယာကဏ္ဍရဲ့ ထုတ်ကုန်ပစ္စည်းနှုန်းထားများတိုးမြင့်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ Source: ယူနန်ချွမ်းချိမ်ဝမ်ပေါင်သတင်းစာ၊ သောင်းနိုင်
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှုမြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းအစို၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်းအစို တန် ၆၇ဝ၁၄ဝ ၇ဝဝဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၃၅ဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃၂၅ဝဝ မြတ်မြတ်ထွန်းမြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၁ဝ၈၆ဝ၂၇ ၈ဝ၈ဝနံှစားပြောင်း တန် ၂၄၂၆၂၉ ၁၈၁ဝပြောင်းဖူးစေ့ တန် ၂၄၂၇ဝ၆ ၁၈၃ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဆေးကြေမှုန့်၊ မစီးဖိနပ်၊ ထမင်းပေါင်းအိုးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝမစီးဖိနပ် ဒါဇင် ၈ဝဝဝ ၄၆ဝထမင်းပေါင်းအိုး ခု ၁၂ဝဝဝ ၇၂၁ ကေသွယ်
စစ်တွေနယ်စပ်ကုန်သွယ်ရေးရုံးမှာ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးရုံးမှာ အောက်တိုဘာလအတွက် ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးကို အောက်တိုဘာလ၂၉ရက်နေ့ကကျင်းပခဲ့ပါတယ်။ အောက်တိုဘာလဆန်းပိုင်းနဲ့ လလယ်ပိုင်းကာလများမှာ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းငယ် (၂) ကြိမ်ခန့်ဖြစ်ပေါ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရခိုင်ပြည်နယ် အတွင်း ဒေသအချို့ရှိ ပုစွန်မွေးမြူ ရေးကန်များ တာကျိုး ပျက်စီးဆုံးရှုံး ခဲ့မှုများနဲ့ အောက်တိုဘာ ၂၂ ရက်နေ့ က ကျောက်ဖြူမြို့အနီးမှ ကုန်းတွင်း သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း ဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင် အစရှိတဲ့ ဒေသများမှာ ပုစွန်ကန် ဧက အများအပြားနဲ့ ရေလုပ်ငန်း အများ အပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ငါးဦးစီးဌာနအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ ပျက်စီးဆုံးရှုံးခဲ့တဲ့ ပုစွန်မွေးမြူရေးကန်များ ပြန်လည် ထူထောင်နိုင်ရေးအတွက် အတတ်နိုင် ဆုံး ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမယ် လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူကလည်း အစည်းအဝေး မှာ ငါးပုစွန် လုပ်ငန်းရှင်များကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ ခင်ရတနာဖြိုး ကုမ္ပဏီမှ ဒါရိုက် တာဖြစ်သူ ဦးညီညီက စက်တင်ဘာလ က ကျင်းပခဲ့တဲ့ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ၎င်းတို့ကုမ္ပဏီအနေ နဲ့ ပဲတီစိမ်းနဲ့ မတ်ပဲ ၁ဝ တန်ခန့် တစ်ဘက် နိုင်ငံသို့ တင်ပို့ ရန်အတွက် နေပြည်တော်သို့ လိုင်စင်သွားရောက် လျှောက်ထားရန် အခက်အခဲရှိတာ ကြောင့် စစ်တွေနယ်စပ်ရုံးတွင် လိုင်စင် လျှောက်ထားခွင့် တင်ပြခဲ့ခြင်းအပေါ် အထက်ဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက် ခွင့်ပေးသဖြင့် အောက်တိုဘာ လဆန်း ပိုင်းတွင် စစ်တွေစခန်း လိုင်စင်ဖြင့် တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ယခုလို မိမိအရပ် ဒေသရှိ နယ်စပ်ရုံးမှ တစ်ဆင့်လျှောက် ထားခွင့်ရတဲ့အတွက် မိမိတို့ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအတွက် အကိုျးကျေးဇူးများစွာ ရရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် များက တစ်ဖက်နိုင်ငံမှ ဝယ်လိုအား ရှိတဲ့ ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေး ပျောက် ကွယ်လျက်ရှိသော အမယ်များ ပြန်လည်တင်ပို့နိုင်ရေးကြိုးပမ်း ဆောင် ရွက်သွားကြမယ်လို့ ပြောကြားခဲ့ပါ တယ်။ ှSourceး နကသMIRT(DOBT)