Background
တရုတ်နိုင်ငံရောက် မျှစ်စို၊ မျှစ်ခြောက် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ၂ဝ၁ဝ သြဂုတ်လ (၁)ရက်မှ (၂ဝ) ရက်ထိ ကာလအတွင်း မျှစ်စို ၂၄ တန်၊ တန်ဖိုးကျပ် ၃ သန်းကျော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မျှစ်စို ၈ တန်ကို တန်ဖိုး ကျပ် ၁ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ မျှစ်ခြောက် ၆ ဒဿမ ၃၇ တန် တန်ဖိုး ကျပ် ၂ သန်း ကျော်ဖိုးကိုလည်း မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မျှစ်စိုတစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးက ၁၂ဝဝဝဝ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယွမ် ၉၃ဝ လို့သတင်းရရှိပါတယ်။ မော်မော်အောင်
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက် ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း တန် ၉၅၇၉၁၂ ၈၅ဝဝမန်ကျီးသီး(အစေ့ပါ) တန် ၅ဝ၃၅၁၆ ၃၄ဝဝရာဘာ RSS (၅) တန် ၃ဝ၇၁၉၈၇ ၁၈ဝဝဝ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဆေး ရိုး၊ ပန်းသီး၊ ထမင်းပေါင်းအိုးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး) ပန်းသီး တန် ၃ဝဝဝဝဝ ၁၄၈၆၅ဆေးရိုး တန် ၁၅ဝဝ ၇၃ထမင်းပေါင်းအိုး ခု ၁၂ဝဝဝ ၇၂ဝ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ) တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း တန် ၂၇၅၄ဝဝ ၂၆၆ဝဝမန်ကျည်းသီး (အစေ့ ပါ) တန် ၂၂ဝ၃၂ဝ ၁၇၄၈၅နနွင်းတက် တန် ၁၄ဝ၇၆ဝဝ ၁၂၃၇၁ဝ မြင့်မြတ်ထွန်း
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ ဝေ့နန် နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူလေးဦးကို မယ်လမင်းပါဝင်တဲ့ နို့မှုန့် ထုတ် လုပ်မှုနဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။
ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည်တစ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်းတွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ်ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာနေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည်တွေအကျိုးကို အမှန်တကယ် ကူညီဆောင်ရွက်ပေးနေတဲ့ဌာနတစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များ လုပ်သာ ကိုင်သာ ရှိရေးနှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့ အချက်တွေပါရှိပြီးဖြစ်တာကိုတွေ့ရပါတယ်။
ယူနန်ပြည်နယ်အတွင်း ၂၀၀၉ ခုနှစ် ဇူလိုင်လခန့်ကစပြီး မိုးရွာသွန်းမှုမှာ မှတ်တမ်းများအရ အနည်းဆုံးဖြစ်ခဲ့ပြီး ပြည်နယ် တစ်ခု လုံး ဧရိယာရဲ့ ၈၀ရာခိုင်နှုန်းကျော် မိုးခေါင်ရေရှားမှုဘေးဒဏ်ခံစားနေရပါတယ်။ နယ်မြေအတွင်းရှိ ခရိုင် ၁၆ခုရှိတဲ့အနက် ပေါင် ဆန်းခရိုင်၊ဝင်ဆန်းဒေသတာလီခရိုင်၊လင်ချမ်းမြို့၊ကူမင်းခရိုင်ချုစုံ၊ ရိုစီး၊ချုချင့်နဲ့ဟုန်ဟော်ဒေသတွေဟာအဆိုးရွားဆုံးတွေ့ကြုံရခဲ့ကြ ရပါတယ်။
အမေရိကန်ဒေါ်လာတန်ဖိုးမြင့်မားလာခြင်း၊ ရင်းနှီးမြုပ်နံှသူများကငွေကြေးဈေးကွက်အပေါ် မျက်စိကျနေခြင်း၊တရုတ်နှစ်ကူး အားလပ်ရက်ဖြစ်နေခြင်းတို့ကရွှေဈေးနှုန်းကိုတည်ငြိမ်စေကြောင်းသိရပါတယ်။နယူးယောက်တွင်ယခင်အပတ်အပိတ်ဈေးကွက်တွင် တစ်အောင်စကို ၁ဝ၉၂ ဒသမ ၄ဝ ဒေါ်လာရှိတဲ့ ရွှေလက်ငင်း ဈေးနှုန်းက ယနေ့ဖေဖော်ဝါရီလ ၁၅ ရက်တွင် သုညဒသမ ၁ ရာခိုင် နှုန်းကျဆင်းကာ ၁ဝ၉၁ ဒသမ ၈၅ ဒေါ်လာဖြစ်လာကြောင်း သိရပါတယ်။
ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။ ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉ဝ ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခု အပတ်မှာ တန်ချိန် ၃၉ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။