Background
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ ၃ရက်မှ ၉ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၂ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကော်ဖီစေ့တင်ပို့မှု မရှိခဲ့ပါဘူး။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးလျက်ရှိတဲ့ ဒေသများမှာ တောင်ငူ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံဒေသနဲ့ ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထွက် အထူးတန်းကော်ဖီကို ၂၀၁၆ ခုနှစ်က အမေရိကန်သို့ တင်ပို့ခဲ့ပြီး ဂျပန်၊တရုတ်(တိုင်ပေ)၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ ကော်ဖီ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ ကျန်ပြည်နယ်များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော သခွားမွှေးများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတင်ပို့ရောင်းချနေပြီး တရုတ်နိုင်ငံ ရဲ့ ဈေးကွက်မှာလည်း ရွှေသခွားမွှေးကို ဈေး ကွက်ဝင်သီးနှံအဖြစ် ရောင်းဝယ်လျက် ရှိကြပါ တယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် ဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလ ၇ ရက်တွင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ စာအမှတ် (၄၉/၂၀၁၇) အရ ကျွဲ၊ နွားအရှင်များ အား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ဈေးကွက်စီးပွားရေးနှင့်အညီ ရောင်း လိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်လာသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နို င်ရန်၊ တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာစေရန်၊ မွေးမြူသူ တောင်သူများကို ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ရရှိစေရန်နှင့် တောင်သူလယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာ
ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်၍ တရားဝင် တင်ပို့/တင်သွင်းခွင့်ပြုခြင်းအားဖြင့် တရားမဝင် ရောင်းဝယ်မှုပပျောက်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်ဘဏ္ဍာငွေရရှိစေရန်၊ ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေရန်နှင့် ကမ္ဘာ့ရွှေဈေးကွက်တွင် မြန်မာ့ ရွှေထည်ပစ္စည်းများ ထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့် တရုတ်ပြည်မှ စိုက်ပျိုး ထွက်ရှိသည့် အာလူး၊ ကြက်သွန်ဖြူများ အား မိမိနိုင်ငံအတွင်းသို့ တရားဝင် တင်သွင်းခွင့်ပြုထားခြင်း မရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ယခု နှစ်ဆောင်းရာသီပေါ်ချိန်တွင် တရုတ် နိုင်ငံဘက်မှ ထွက်ရှိသည့် အာလူးများ ကို ပြည်တွင်းဈေးကွက်သို့ တရားမဝင် လမ်းကြောင်းများမှ အလုံးအရင်းတင်း သွင်းလျက်ရှိကြောင်း၊ ပြည်တွင်းအာလူး စားသုံးမှုဖူလုံစေရန် ရာသီအလိုက် မိုးကြိုအာလူး၊ ဆောင်းအာလူး၊ နွေ အာလူး စသည်တို့ကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးခဲ့ သော်လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီကျေ
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၌ ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင
ယခုတစ်ပတ် လားရှိုးဈေးကွက်မှာ ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ကောင်းနေကြောင်း သိရပါတယ်။ ယခု တစ်ပတ်ပြောင်းတစ်ပိဿာ ကျပ် ၄၇၀ (တစ်တန်ကျပ် ၂၈၇၈၂၀) ဈေးရှိခဲ့ရာ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း ဈေးအတက်အကျ မရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ၂၀၆၈၈၃၇၁ ပိဿာ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ၂၀၇၄၈၉၉၈ ပိဿာရှိခဲ့လို့ အရောင်းအဝယ်လည်း ကောင်းခဲ့ ကြောင်း သိရပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာ ၃၅ကျပ်ရှိခဲ့ ပေမယ့် ယခုတစ်ပတ်မှာတော့ ပြောင်းတစ် ပိဿာ ၃၇ကျပ်ရှိခဲ့လို့ သယ်ယူပို့ဆောင်စရိတ် အနည်းငယ်တ က်လာခဲ့ကြောင်း သိရပါ တယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဝဥ (စို) ၄၂ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၄ တန်ကျော်ကို တရုတ် နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝဥ(စို) ၁၄ တန်၊ ဝဥခြောက် ၁၃၃ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဝဥခြောက် ၈၉ တန် လျော့နည်းတင် ပို့ခဲ့ပေမယ့် ဝဥ(စို) ၂၈ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၂၀၀၀ တန်ဖိုးရှိ ပျားရည်တန် ၆၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ကလည်း တန် ၆၀ တင်ပို့ခဲ့တာကြောင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ပျားအုံတစ်အုံတွင် လုပ်သားပျား အကောင်ရေ ၃၀၀၀၀ ဝန်းကျင်ရှိပြီး ပျားဘုရင်မတစ်ကောင်စီရှိကာ အနီးရှိ စိုက်ပျိုး ရေးခြံများမှ ပန်းများရှိဝတ်ရည်များကို စုပ်ကြကြောင်း၊ ပျားအုံတစ်အုံလျှင် ထိန်းသိမ်းခကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၀ ရှိကြောင်း၊ ပျားမွေးတောင်သူများကို ၂၀၁၃ ခုနှစ်ကတည်းက သင်တန်းများ ပို့ချပေးနေပြ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၁၈ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၅၄၅၃၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၅၂၈၃၅ တန်၊ လွယ်ဂျယ်မှ ၈၁၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၈၀၄ တန်နဲ့ ကန် ပိုက်တီမှ ၈၅ တန် ဖြစ်ပါတယ်။ ယခင်ရက်သတ္တ ပတ်က အဆိုပါစခန်း လေးခုပေါင်းမှ ပြောင်း ၄၅၀၄၈ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ပြောင်း ၉၄၈၈ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ် တန်ကို ၂၈၁၆၃၃