Background
ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှုပမာဏ ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၃ သန်းဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ပါက
အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၂ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်များ၊
စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ မုန့်မျိုးစုံ၊ အချိုရည်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ စောင်၊ အမျိုးသမီးစီးဖိနပ်၊ အမျိုးသမီး ဝတ်တီရှပ်တို့ ပိုမိုတင်ပို့နိုင်ပြီး ဓာတ်မြေသြဇာများ တင်သွင်းမှုပိုမိုခဲ့သဖြင့် ကုန်သွယ်မှု
ဒီတစ်ပတ် လားရှိုးဈေးကွက်မှာ ပြောင်းဈေး တစ်ပိဿာ ၄၀၀ ကျပ်နဲ့ ဆက်တိုက်ဈေးငြိမ်နေရာက ဒီတစ်ပတ်မှာ တစ် ပိဿာ ၄၁၀ ကျပ် ( တစ်တန် ၂၅၁၀၇၉ ကျပ် )နဲ့ ဈေးမြင့်အဝယ်ဖွင့်ခဲ့ကြောင်း သိရပါ တယ်။ တရုတ်ဝယ်လက်နဲ့ တိရစ္ဆာန် အစာစပ် စက်ရုံများမှ ဝယ်ယူခဲ့ပြီး တစ်ပတ်အတွင်း ပိဿာချိန် ၇၄၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခင်တစ်ပတ်ထက် ရောင်းဝယ်မှုပိုမိုခဲ့ကြောင်း သိရပါတယ်၊
ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ သီတင်းပတ်တွင် မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးမှ နှမ်းဖြူ တန် ၂၄၀ ခွဲ၊ နှမ်းနက် ၇၃၃ တန်ကျော်နဲ့ နှမ်းညို ၄၇ တန်ခွဲကို အမေရိကန်ဒေါ်လာ ၁ ဒသမ၃၇၆သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ချင်းရွှေဟော်စခန်းမှ နှမ်းဖြူ ၄၃၇ တန်နဲ့ နှမ်းနက် ၂၁၂ တန် ခွဲသာ တင်ပို့ခဲ့တာကြောင့် ချင်းရွှေ ဟော်မှ ယခုတစ်ပတ် နှမ်းတင်ပို့မှု ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။
ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ၅၃၁၆၄၈ တန်ဖိုးရှိ နို့ဆီ ၁၉၅ ဒသမ ၆၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ် သြစတြေးလျမှ ၆၄ ဒသမ ၆၆၃တန်၊ မလေးရှား မှ ၅၃ ဒသမ ၂၈၉ တန်နဲ့ စင်ကာပူမှ ၇၇ ဒသမ ၆၆၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မှာ တန် ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၉၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၅၃၄၃၀၇ တန် ဖိုးရှိ မြေသြဇာ ၇၆၃၀ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ဒီတစ်ပတ် တရုတ်နိုင်ငံ မှ တန်ချိန် ၃၅၂၀၊ ဂျပန်နိုင်ငံမှ တန်ချိန် ၃၂၀၊ မလေးရှားမှ တန်ချိန် ၂၀၀၊ စင်ကာပူမှ တန်ချိန် ၇၁၀၊ ထိုင်းနိုင်ငံမှ ၂၀၄၄ ဒသမ ၅၀ တန်နဲ့ ဗီယက်နမ်မှ ၈၃၆ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ကယ်လ်ဆီယမ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ကယ်လ် ဆီယမ်ဆီလီကာနဲ့ အခြားအမျိုးအစားများ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်အဝင်လျော
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်းတန် ဖိုး ရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီးတင်ပို့ခဲ့ပါတယ် ။ မြဝတီကုန်သွယ်ရေး မှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန် ၁၆တန်ခ
ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၇၀၁ သန်းဖိုးရှိ ဆန်ဖြူ ၁၂၈၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ကုန်သွယ်ရေး စခန်းအလိုက်တင်ပို့မှုများ မှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၆၃၀၀၊ဧည့်မထ ဆန် တန် ၂၁၅၀၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၉၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၄၁၄၄ တန်ကျော်နဲ့ ကန်ပိုက် တီး ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက် ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် တရုတ်နယ်စပ်)မှ မော်တော်ဆိုင်ကယ်များကို ITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို မော်တော် ဆိုင်ကယ် တစ်စီးနှု န်းဖြင့် တစ်ပတ်လျှင်ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာ ရက်သတ္တပတ်တွင် အမေရိကန် ဒေါ်လာ ၄၀၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၁၅၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၄၄၅၁၆ တန်ဖိုးရှိ ကြက်သွန်နီ ၄၃၇ တန်ခွဲနဲ့ တာချီလိတ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်၁၀၀ နဲ့ အမေရိ ကန်ဒေါ်လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၀၀ အသီးသီး တင်ပို့ခဲ့ကြပါတယ်။
ဇွန် ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၂၅၁၉၀ တန်ဖိုးရှိတဲ့ နှမ်းနက် ၁၆၀ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁၉၈၆၀၀ တန်ဖိုးရှိ နှမ်းဖြူ ၁၆၄ တန်ကို တင်ပို့ခဲ့ ပါတယ်။










