Background
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၉၉၅၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၆၁၉၀ခန့်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၃၃၆၀ ခန့် တင်ပို့ခဲ့သည်။
ရော်ဘာ
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၇၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၆၀ဝကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၁၂၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၄၈၀ ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ကျပ် ၁၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ယခုနှစ် ထောပတ်သီးရာသီအတွင်း မလေးရှားနိုင်ငံကို ထောပတ်သီး တန် ၅၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)က သိရသည်။
မြန်မာ့ထောပတ်သီးကို ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ထိုင်းနှင့် မလေးရှားသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုအခက်အခဲအချို့ကြောင့် ထိုင်းသို့တင်ပို့မှု ခေတ္တရပ်နားထားကာ မလေးရှားနိုင်ငံကိုတော့ တရားဝင်ဆက်လက် တင်ပို့နေကြောင်း MAVO ၏အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စိုးမင်းက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၈ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၃၈ သန်း ဖြစ်၍ ယခင်နှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၅၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၂၆ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၆၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၇၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ဘရူနိုင်း နိုင်ငံမှ တန်ချိန် ၁၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၉၀ဝ၀ ခန့် ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်နှင့် အီရန်နိုင်ငံမှ တန်ချိန် ၇၅၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း ဘရူနိုင်း နိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပ
ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်ထိကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၄၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၇၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂၁ သန်းလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၅ သန်း ပိုမိုခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅၆သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။
လာမည့် ကြံရာသီတွင် ပြည်တွင်းမှထုတ်လုပ်သော သကြားတန်ချိန် ငါးသောင်းကို ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရသည်။
ဗီယက်နမ်သို့ တင်ပို့ရန် FOB ဈေးနှုန်း သတ်မှတ်ချက်အနေဖြင့် သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ ဝန်းကျင်ခန့်ရှိနိုင် ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်း ဌေးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၃၅၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၃၈၉ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇၄၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၇၉ ဒသမ ဝ၂၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
တောင်အမေရိကတိုက်၏ နိုင်ငံတစ်ခုဖြစ်သည့် ဆူရီနမ်က မြန်မာ့ပြောင်း ဝယ်ယူတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဌာနအနေဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်း ၈၇၅ တန်ကို ဆူရီနမ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စာရင်းများအရ ကမ္ဘာ့အသေးဆုံးနိုင်ငံများတွင် ပါဝင်ပြီး လူဦးရေ ခြောက်သိန်းခန့်သာရှိသည့် ဆူရီနမ်နိုင်ငံသည် လက်ရှိတွင် မြန်မာ့ပြောင်း ဈေးကွက်၏ တောင်အမေရိကတိုက် ဖောက်သည်ဈေးကွက် အသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၉၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၄၀ ဒသမ ၁၂၁ သန်း ဖြစ်ကာ အနီးစပ်ဆုံးကာလ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။