Background
သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၂၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၈၄၈ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ဝ၆၉ သန်း ဆောင် ရွက်နိုင်ခဲ့သည်။ ကာလတူဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၉၆ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၆၂ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၁၅၈ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းခဲ့သည့် ကုန်ပစ္စည်း အမယ် များမှာ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်း (ညို)၊
သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၄ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၈၄ သန်းရှိပြီး ကုန် သွယ်မှုပမာဏ ၁၇ ဒသမ ၂၅၈ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင် းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၆၆ သန်းပိုမိုခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ အဓိကပို့ကုန် ဖြစ်သည့် Rubber R.S.S (3) ၊ ဆန်ကွဲ၊ ကွမ်းသီး၊ ဆန်၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင်ပို့မှု ပိုမ
သြဂုတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲအသစ်များ ဝင်ရောက်မှုမရှိဘဲ လက်ကျန်လှောင်လက်ပဲ များသာ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်နှင့် အိန္ဒိယ နထစသမအ ဝယ်လက်ရှိ၍ ဈေးမြင့်တက်လာကြောင်း မန္တလေးကုန် စည်ဒိုင်မှ သိရသည်။ မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပန်း တောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ မကွေးနှင့် အောင်လံဘက်မှ ဝင်ရောက်လျက်ရှိပြီး မြေပဲဆန်အသစ်များ နယ်စုံမှ ထွက် ပေါ်နေ၍ မြေပဲဆန်ဈေးများ ကျဆင်းလာကြောင်း အရည် အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ယခင်တစ်ပတ်ထက် မြေပဲဆန်တစ်ပိဿာ ကျပ် ၃၀ဝ မှ ကျပ် ၁၂၀ဝ အထိ လျော့ ကျလာသည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်ကုန်အထိ လေးလအတွင်း မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန်ချိန် ၇၀ဝ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပျားရည်တင်ပို့ခဲ့သည့်နိုင်ငံများတွင် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူအစရှိသော နိုင်ငံများပါဝင်ပြီး တင်ပို့ခဲ့သည့်ပျားရည်အမျိုးအစား လေးမျိုး အနက် ဆီး(ဇီး)ပျားရည်ကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကာ ပန်းနှမ်းပျားရည်၊ ပန်းစုံပျားရည်၊ နေကြာပျားရည်တို့ကိုလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့ ၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီး သည် ယခုအခါ ချင်းတိုင်းရင်းသားများ သာမက အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများ လာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့ များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊ ဟားခါး စကားဖြင့် ဆာဘူးသီးဟု အမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ ချင်း တောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို ပိုမို စိုက်ပျို
ပြည်တွင်းနွားနို့ထုတ်လုပ်မှုတွင်အရည်အသွေးပိုင်းဆိုင်ရာထိန်းချုပ်ထုတ်လုပ်မှုထက်အရေအတွက်ကိုသာဦးစားပေးထုတ်လုပ်လာခြင်းကြောင့်လိုအပ်ချက်များရှိနေပြီးနွားနို့အရည်အသွေးကျဆင်းလာကြောင်းရန်ကုန်တိုင်းဒေသကြီး မွေး မြူရေးနှင့်ကုသရေး ဦးစီးဌာနမှသိရသည်။နွားနို့အတွက်နို့စားနွားမွေးမြူသည့်အခါ၌ အရည်အသွေးထက်အရေအတွက်ကို ဦးစားပေးလာသောကြောင့် ရေရှည်တွင် နို့စားနွား မွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများ အခက် အ ခဲရှိလာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ခုနှစ်မှစတင်၍ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ပြင်သစ်၊နယ်သာလန်၊ သြစတြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ဂွမ်စီ၊ အေးရှား ရား၊ နော်ဝေဂျ
ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသ အနီးတစ်ဝိုက်ရှိ ကျေးရွာ များ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိသည်။ ကျောက်ဖရုံသီး ဈေးမှာ ပေါ်ခါစအချိန်တွင် အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နှင့် အလုံးသေးတစ်လုံးလျှင် ကျပ် ၁၀ဝ၀ ဖြင့် ဈေးတန် ခဲ့သော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၆၀ဝ-၇၀ဝ နှင့် အလုံးသေး တစ် လုံးလျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့်ဖြင့် ရောင်းချလျက်ရသည်။
ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ ပိဿာ အိတ် တစ်ပတ်လျှင် အိတ် ၂၀ဝ မှ ၃၀ဝ ခန့်ထိ ဝင်ရောက်လျက် ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ကျပ် ၁၃၀ဝ ၊ လက်လီ ဈေးမှာ ကျပ် ၁၆၀ဝ မှ ကျပ် ၁၈၀ဝ သာရှိခဲ့ပြီး ယခုတစ်ပတ် လက် ကားဈေးမှာ ကျပ် ၁၃၀ဝ မှ ကျပ် ၁၅၀ဝ၊ လက်လီဈေးနှုန်းမှာ ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀ ဖြစ်သဖြင့် ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ချင်း ရောင်း ဝယ် သူတစ်ဦးထံမှ သိရှိရသည်။ကသာမြို့ပေါ်ရှိ ဈေးနှင့် ကုန်စုံဆိုင်များသို့ အာလူး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာ ဘက်မှ ပိဿာ ၃၀ ပါ အိတ် ၁၀ဝ ခန့် ဝင်ရောက်လျက်ရှ
စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာအဓိထားပြီး အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်း ၁၉၉၂-၁၉၉၃ ခုနှစ်လောက်မှစ၍ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်။ စပါးကို နွေ၊ မိုး နှစ်ရာသီစိုက်ပျိုးနိုင် သည့်အတွက် တောင်သူများဝင်ငွေတိုးကာ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်သည်။ မိုးစပါးကို ယေဘုယျအားဖြင့် မေလမှစက်တင်ဘာလကုန်ထိ စိုက်ပျိုးကြ သည်။ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင် အဓိကရရှိမှ သာ အပင်အတွက် အစာချက်လုပ်နိုင်မည်ဖြစ်သည်။ သို့မှ သာ ကြီးထွားဖွံ့ဖြိုး၍ စပါးအထွက်တိုးနိုင်မည်ဖြစ်သည်။စပါး ပင် အနှံထွက်ပန်းပွင့်ပြီးနောက် ရက် ၃၀ မှ ၄၀ အတွင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ရေဦးမြို့မှ ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊ ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ၉၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၀ဝ၀ဝ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။