Main menu

Background

Thursday, 17 May 2012

    ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နန်း နရစ် မွန်းပန်ဝပ်က မယ်ဟောင်ဆောင်ခရိုင်နဲ့ ကပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ လွိုင်ကော်သို့ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ သွားရောက်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ကောင်းမွန်စွာလက်ခံကြို ဆိုခဲ့ကြောင်း၊

Thursday, 17 May 2012

    နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာတာနဲ့အမျှ မြဝတီမြို့အတွက်သာမက ကရင်ပြည်နယ် တစ်ခုလုံး ကိုယ်စားပြုလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်း၊ One Stop Services  အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်မှသာ ကုန်သွယ်မှု တိုးတက်မြင့်မားလာမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ဧပြီလ ၃၀ ရက်က ပြုလုပ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Tuesday, 15 May 2012

          အိန္ဒိယအစိုးရက ဝါဂွမ်းတင်ပို့ဖို့အတွက် စိတ်ဝင်စားတဲ့ တင်ပို့သူများမှ မှတ်ပုံတင်အသစ်များ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့ဖို့ ကိုတာကိုတော့ သတ်မှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့နိုင်ရေး မှတ်ပုံတင်အသစ်လုပ်ဖို့ ရပ်ဆိုင်းတာကို ပြန်ခွင့်ပြုခဲ့ပြီး၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်(DGPT)  မှ လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Mr Anand  Sharma  မှ ပြောကြားပါတယ်။

Tuesday, 15 May 2012

     ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၇၅၈ သန်း တန်ဖိုးရှိ စိန်တလုံး၊  ရွှေဟင်္သာနဲ့ အောင်ဒင်သရက် ၁၃၇၈ တန်ခန့် အပို့ရှိတယ်လို့ သိရပါတယ်။ ၁ ရက်ကို သရက်သီး ဂျပ်ဖာ ၁၀၀၀၀ ဝန်း ကျင် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလတစ်လလုံး နယ်စပ်မှ သရက်သီး ၂၂၈၆၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၅၄၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)

Tuesday, 15 May 2012

    ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုညဒသမ ၉၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ငါးရှဉ့် ၆၀ ဒသမ ၁၄၉ တန်၊ ကဏန်း ၆၆ ဒသမ ၉၄၄ တန်၊ ရေငန်ငါးမျိုးစုံ ၈၁ ဒသမ ၅၉၂ တန်နဲ့ ချင်းရွှေဟော်မှ ငါးရှဉ့် ၃၂ ဒသမ ၂၄၀ တန်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ငါးရှဉ့် ရော ကဏန်းပါ အပို့ပိုခဲ့တဲ့အပြင် ရေငန်ငါးမျိုးစုံ ယခုအပတ်မှာ အပို့ရှိတာ တွေ့ရပါ တယ်။                                                     MIRT(DOBT)

Tuesday, 15 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၁၃ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၅၈၀၀ ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် မူဆယ်နယ်စပ်မှ တန် ၁၁၃၇၀ ကျော် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ် အလိုက် တင်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၅၇၅၀ တန်နဲ့ လွယ်ဂျယ်မှ တန် ၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး ဖရဲသီး ၅၂၃၉၂ တန် နယ်စပ် မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ သြင်္ကန်လွန်ကာလမှာ ဖရဲသီးအပို့ လျော့လာခဲ့တာ ဖြစ်ပါတယ်။                                                       MIRT (DOBT)

Tuesday, 15 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆန် ၄၄၂၈ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။  နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၆၄၃ တန်၊ လွယ်ဂျယ်မှ တန် ၄၇၀ နဲ့ ချင်းရွှေဟော်မှ ၃၁၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဆန်တန် ၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ ၁၅၈၅ တန် ယခင်အပတ်က ထက် အပို့လျော့ခဲ့ပါတယ်။ ဧပြီလမှာနယ်စပ်မှ ဆန် ၁၅၇၉၈ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT(DOBT)

Tuesday, 15 May 2012

    ၂၄-၄-၂၀၁၂ ရက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ နိုင်းဖတ်ဒီဟံဟိမထောင်းခမ်းက ကုန်ပစ္စည်း သိုလှောင်ရေးအသင်းအဖွဲ့သည် တောင်သူလယ်သမားဘဏ်မှ ဘတ်သန်း ၃၀၀ ချေးငှားယူပြီးနောက် လာအိုနိုင်ငံမှ တိရစ္ဆာန်ကျွေးပြောင်းဖူး တန်ချိန် ၃၀၀၀၀ ဝယ်ယူရန် ဝန်ကြီးများအဖွဲ့မှ အတည်ပြုပေး ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင် တိရိစ္ဆာန်အစားအစာထုတ်လုပ်ပြီး ပြည်တွင်းရှိတိရိစ္ဆာန်မွေးမြူရေး သမားများအား ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ှသကမခနါ်ထိုင်းရတ်သတင်းစာ၊မြင့်ဦး

Tuesday, 15 May 2012

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက် ထိကာအတွင်းမှာ တင်ပို့မှုအရှိန်ပြန်ယူလာတာ တွေ့ရပါတယ်။ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ရေချိုငါး တန် ၇၀နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၃၆ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မောင်တော နယ်စပ်တစ်ခုတည်းမှသာ ရေငန်ပုစွန်အပု့ိရှိခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Tuesday, 15 May 2012

    ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၆၀၇ ဒသမ ၈၀၁ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊နနွင်းတက် (ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်း ကွမ်းဖတ်စေ့၊ ဝဥခြောက်၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ကြက်ဆူစေ့နဲ့

Pages