ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်
ရေကြောင်းလမ်းမှ မောင်းတိန်းဘိလပ်မြေ တစ်မျိုးသာဝင်သီတင်းပထမပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်း ကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ က ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မောင်းတိန်း ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်တန်ချိန် စုစုပေါင်းက ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် လေးသောင်းကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)