Bus ကားနှင့် Truck ကားများ ပြည်ပမှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုမှု
ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား Bus ကားနှင့် Truck ကားများ ပြည်ပမှလွတ်လပ်စွာ တင်သွင်းခွင့်ပြုလျက် ရှိပြီး ပုံမှန်သွင်းကုန်လိုင်စင်ဖြင့် ၂၀၀၇ ခုနှစ်အထက် (ဘယ်မောင်း) Bus ကားများတင်သွင်းရန် သွင်းကုန်လိုင်စင် ထုတ်ပေးမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၈ ခုမှ စီးရေ ၄၇၅ စီး၊ တန်ဖိုး ၂၃ ဒသမ ၈၂ ဒေါ်လာသန်းဖိုး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လ ၂၈ ရက်နေ့ထိ) တွင် ကုမ္ပဏီ ခုနစ်ခုမှ စီးရေ ၅၁ စီး၊ တန်ဖိုး ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါသည်။