Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

ကျလိုက်တက်လိုက် မန္တလေး-မူဆယ် ကုန်စည်သယ်ယူစရိတ်စက

Mon, 10/08/2012 - 08:48 -- Anonymous (not verified)

စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိ ရက်သတ္တပတ်ကာလ မှာ မန္တလေး-မူဆယ် ကုန်စည်ဒိုင်သယ်ယူ ခနှုန်းထားများ တစ်ပိသာလျှင် ၆ ကျပ် ကျော် မြင့်တက်လျက်ရှိပြီး မူဆယ်-မန္တလေး ကုန်စည်သယ်ယူခနှုန်းထားမှာ ၁ ပိသာ ၁၅ ကျပ်နှုန်း ကျဆင်းလျက်ရှိပါတယ်။ အတက်ကုန်များပြီး အဆင်းကုန် နည်းတဲ့အတွက် ကျဆင်းရတာလို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိကာလမှာတော့  မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ၃ ကျပ်ခန့် လျော့နည်း ခဲ့ပြီး သွင်းကုန်သယ်ယူစရိတ်မှာမူ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ယခုအပတ် ကုန် စည်သယ်ယူစရိတ်များကို ယခင်အပတ်နဲ့နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်-

ပုသိမ်မြို့မှာ AA Taxi အငှားယာဉ်များ စတင်ပြေးဆွဲမည်

Mon, 10/08/2012 - 08:39 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတမြို့များမှာ  Good Brother Co.Ltd  မှတင်သွင်းသော တရုတ်-ဂျာမနီ ဖက်စပ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းသော AA Taxi  အငှားယာဉ်များကို ဈေးကွက်အတွင်း ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။

စိန်၊ မောင်းတိန်းနဲ့ ဘိလပ်မြေမျိုးစုံ တန်ချိန် နှစ်သောင်းကျော်ဝင်

Sun, 10/07/2012 - 07:21 -- Anonymous (not verified)

စိန်၊ မောင်းတိန်းနဲ့ ဘိလပ်မြေမျိုးစုံ တန်ချိန် နှစ်သောင်းကျော်ဝင်ပြည်တွင်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၂၇၅၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်း ခဲ့တဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၆၁၀၀၊ စိန်ဘိလပ်မြေ တန်ချိန် ၃၄၅၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၂၀၀ တင်သွင်းခဲ့ပါတယ်။  လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ကိုးသောင်းကိုးထောင်ကျော်ရှိခဲ့ပြီး သြဂုတ်လအတွင်း တင်သွင်းမှုမှာ တန် ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန်သုံး သောင်းကိုးထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။   MIRT (DOT)

လောင်စာမကုန်၊ အရှိန်မပြင်း သဘာဝပတ်ဝန်းကျင်ဘေးကင်းတဲ့လျှပ်စစ်ဆိုင်ကယ်

Thu, 10/04/2012 - 06:14 -- Anonymous (not verified)

သဘာဝအရင်းအမြစ်များ ကုန်ဆုံး ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းခြင်း ဘေးအန္တရာယ်ကို ကမ္ဘာ့ လူသားများရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အဲလိုရင်ဆိုင်နေချိန်မှာ  မိမိတို့နိုင်ငံ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝင်လာ သောမော်တော်ဆိုင်ကယ်များ၊လာရောက် ရင်းနှီးမြှုပ်နံှမယ့် မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သော ကုမ္ပဏီများနဲ့ ဆိုရင် နိုင်ငံအတွင်း ဆိုင်ကယ်အရေ အတွက် မည်မျှရှိမည်ကို ခန့်မှန်းနိုင်ပါ တယ်။ အလားတူ ဓာတ်ဆီ အသုံးပြု သောသုံးဘီးယာဉ်များ၊ မော်တော်ကား များလည်းရှိပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကျေးလက်နဲ့ မြို့၊ မြို့တွင်း သွားလာရေး  ကျေးလက်ဒေသတွင်း ကူးလူးဆက်ဆံရေးများမှာများစွာအသုံး ဝင်သော၊ လွန်စွာအသုံးများသော ဆိုင် ကယ်များနဲ့ပတ်သက်လို့ အနည်းငယ် တင်ပြလိုခြင်းဖြစ်ပါတယ်။

'ဗ'အက္ခရာအပ်ကားများအမှီပြု၍ မန္တလေးကားဈေးကွက်မှာ ကားအချို့ ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်

Thu, 10/04/2012 - 06:08 -- Anonymous (not verified)

မန္တလေးကားဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း အပ်ကားနဲ့ ကားအချို့ ဈေးမြင့် တက်လျက်ရှိကြောင်း သိရပါတယ်။ ယခုလဆန်းမှာ 'ဗ' အက္ခရာယာဉ်များ အပ်ခွင့် စတင်လက်ခံနေခြင်းကြောင့် အပ်ကားဈေးမြင့်တက်ပြီး အပ်ကားအမှီပြုလို့ အလယ် အလတ်ရှိ ကားများနဲ့ ဒီဇယ်ကားများ ဈေးမြင့်တက်လာကြောင်း သိရပါတယ်။

မန္တလေးမြေဈေးကွက် ရင်းနှီးမြှုပ်နှံသူများ သန်လျင်နဲ့ နေပြည်တော်ကို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံကြ

Thu, 10/04/2012 - 06:06 -- Anonymous (not verified)

မန္တလေးမြို့၊ မြို့တွင်းနဲ့ မြို့သစ်ရှိ မြေကွက်များမှာ အရောင်းအဝယ် ပါး လျက်ရှိပြီး၊ သန်လျင်နဲ့ နေပြည်တော်ကို သွားရောက်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။

ရေလမ်းခရီးမှ ဘိလပ်မြေ တန်ချိန် ငါးသောင်းကျော်ဝင်

Thu, 10/04/2012 - 04:49 -- Anonymous (not verified)

ရေလမ်းခရီးမှ ဘိလပ်မြေ တန်ချိန် ငါးသောင်းကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၅၀၆၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာလေးဆယ့် ကိုးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၄၆ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၀၆၄၁ တန် အသီးသီး မှာယူတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ဝင်လာတဲ့ဘိလပ်မြေထဲမှာ မောင်းတိန်း ဘိလပ်မြေနဲ့ အတူ အခြားဘိလပ်မြေမျိုးစုံဝင်လာတာ တွေ့ရပါတယ်။          MIRT (DOT)

၁၀ ဘီးနဲ့ ၁၂ ဘီးယာဉ် တန်ချိန် သတ်မှတ်ချက်မမျှလို့ ယာဉ်အချို့ရပ်နားထားရ

Fri, 09/28/2012 - 11:32 -- Anonymous (not verified)

မူဆယ်-မန်း ကုန်တင်ပို့ရာမှာ ယခုရက်ပိုင်း ကုန်ရရှိမှုနည်းခြင်းကြောင့် ကုန်တင်ဆောင်ခ ကျဆင်းလာကြောင်း၊ စက်တင်ဘာ ၁၁ ရက်မှာ အတက်ကုန်ဈေးတစ်ပိဿာ ၃၂ ကျပ်ထိကျဆင်းလာရာ အနိမ့်ဆုံးဈေးကို ကျဆင်းလာကြောင်း၊ အဆင်းကုန် ဈေးနှုန်းမှာ တစ်ပိဿာကို ၃၅ ကျပ်ကို ကျဆင်းလာကြောင်း သိရပါတယ်။

ကားပါမစ်ကိုင်ထားပြီး ကားတင်သွင်းမှု မပြုလုပ်

Fri, 09/28/2012 - 11:30 -- Anonymous (not verified)

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းရှင်များအား ကားတင်သွင်းခွင့်ပြုခဲ့ သော်လည်းတွက်ခြေမကိုက်ခြင်းကြောင့် ပါမစ်ကိုင်ထားပြီး၊ မော်တော်ယာဉ် တင်သွင်းမှုမရှိကြောင်း သိရပါတယ်။

ကားအရောင်းအဝယ် အေးနေသော်လည်း ယာဉ်ဟောင်းအပ်နှံစလစ်များ ဈေးမာနေဆဲဖြစ်

Fri, 09/28/2012 - 11:30 -- Anonymous (not verified)

ယခုတစ်ပတ်ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် အေးနေ ကာ အပ်ကားများ အပ်နှံထပ်မံလက်ခံနေပြီဖြစ်သော်လည်း စလစ်ဈေးတန်း ထင်သလောက် မကျသေးကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း