Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

မန္တလေးမြို့တွင် တရားဝင် ကျောက်မျက်လိုင်စင်ရှိသူနည်းနေ

Wed, 10/24/2012 - 08:09 -- Anonymous (not verified)

မန္တလေးမြို့တွင်  ကျောက်မျက် ရတနာလုပ်ငန်း  လုပ်ကိုင်သူဦးရေ သောင်းဂဏန်းရှိသော်လည်း တရားဝင် လိုင်စင်ဖြင့် ရောင်းဝယ်သူဦးရေ ၉၀၀ ကျော်သာရှိကြောင်း သိရပါတယ်။

မန္တလေးဈေးကွက်မှာ စက်သုံးဆီဆိုင်အချို့ ပိတ်သိမ်းရမှာဖြစ်လို့ ဆီဈေးကျဆင်းလာ

Wed, 10/24/2012 - 08:08 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ  စက်သုံးဆီ အရာင်းဆိုင်အချို့ ပိတ်သိမ်းရမှာဖြစ်လို့ တစ်ပတ်အတွင်း ဆီဈေး ကျဆင်းလာ ကြောင်း သိရပါတယ်။

ဆောက်လုပ်ရေးသုံးပစ္စည်းများ အသုံးပြုရာတွင် ပစ္စည်းအရည်အသွေး စစ်ဆေးပြီးမှ သုံးစွဲသင့်

Wed, 10/24/2012 - 08:07 -- Anonymous (not verified)

ပြည်တွင်းသု့ိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တံဆိပ်စုံ၊ အမျိုးအစား စုံလင်စွာနဲ့ ဆင်တူယိုးမှား ဝင်လာခြင်းကြောင့် မိမိအသုံးပြုသည့်ပစ္စည်းအား ဈေး နှုန်းမေးမြန်းဝယ်ယူမည့်အစား ပစ္စည်းစမ်းသပ်စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း  Aung  Pyitan  Co.,Ltd ဒါရိုက်တာ ဦးကျော်သူက ပြောပါတယ်။

စင်ကာပူနဲ့ ထိုင်းမှ ဘိလပ်မြေများ တင်သွင်း

Wed, 10/24/2012 - 04:30 -- Anonymous (not verified)

အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း ဘိလပ် မြေ တန်ချိန် ၅၅၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ငါး သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကိုတင်သွင်းခဲ့ပါတယ်။ ဆင် တံဆိပ် ၃၁၅ တန်၊ စိန်တံဆိပ် ၆၁၀၀ တန်နဲ့ အခြားဘိလပ်မြေ တန်ချိန် ၄၈၇၂၀ ကို မှာယူတင်သွင်းခဲ့ပါတယ်။ MIRT(DOT)

Air Asia လေကြောင်းလိုင်းမှ မန္တလေးနဲ့ ဘန်ကောက်တိုက်ရိုက်ပျံသန်းမည်

Mon, 10/15/2012 - 08:17 -- Anonymous (not verified)

Air Asia  လေကြောင်းလိုင်းမှ မန္တလေးနဲ့ ဘန်ကောက်သို့ ပထမဆုံး တိုက်ရိုက်ပျံသန်းရန်လက်မှတ်အရောင်း စင်တာကို မန္တလေးမြို့ ၂၆ လမ်း (၇၈ နဲ့ ၇၉) လမ်းကြားမှာ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဘန် ကောက်သို့ တိုက်ရိုက်ပျံသန်းခြင်းကို ယခုလ ၄ ရက်မှာ စတင်ပျံသန်းခဲ့ရာ တစ်ခေါက်ကို ခရီးသည် ၁၃၀ ဝန်းကျင် လိုက်ပါမှုရှိပြီး စီးပွားရေးလုပ်ငန်းနဲ့ ကျန်း မာရေးအတွက် သွားရောက်မှု  များ ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ပေ ၃၀၀ ခန့်ရှည်သည့်စတီးကြိုးတံတားကို သြစတြေးလျနိုင်ငံသား Mr. Tony မှ တည်ဆောက်လှူဒါန်း

Mon, 10/15/2012 - 08:17 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ မိကျောင်းတက်ကျေးရွာနဲ့ ဝဲကြီး ဆင်ရွာကြားမှာ အရှည်ဆုံး ကြိုးတံတား ကို သြစတြေးလျနိုင်ငံသား  Mr. Tony  မှ ယခုလ ၅ ရက်က  ကိုယ်တိုင် တည် ဆောက်လှူဒါန်းခဲ့ကြောင်း   သိရပါ တယ်။

မန္တလေးမြို့ အဝင်အထွက်ဆီဆိုင်များ ပိတ်သိမ်းရမယ်

Mon, 10/15/2012 - 08:11 -- Anonymous (not verified)

မန္တလေးမြို့ အဝင်အထွက်ရှိ တရား မဝင်ဆီဆိုင်များ ပိတ်သိမ်းရမှာ ဖြစ် ကြောင်းသိရပါတယ်။ မန္တလေးမြို့အဝင် အထွက်ရှိ အောင်ပင်လယ်မှာ ဆိုင်ခန်း ၈ ခန်း၊ ရွှေကျင်ရွာအထွက် ၅၇ ခန်း အား ယခုလ ၃ ရက်မှစပြီး နှစ်ပတ် အတွင်း ပိတ်သိမ်းရမှာဖြစ်ပါတယ်။

ကားအရောင်းအဝယ် အေးသော်လည်း ကားစလစ်ဈေး မြင့်မားနေဆဲဖြစ်

Mon, 10/15/2012 - 08:10 -- Anonymous (not verified)

ရန်ကုန်မြို့ကားဈေးကွက်မှာ ယခုလလယ်ပိုင်းခန့်တွင် ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး ယခင်လကုန်ပိုင်းက အရောင်းအဝယ် ရှိခဲ့သည့် အင်ဂျင်ပါဝါကြီးကားများမှာ အဝယ်ကျဲသွားပြီး အင်ဂျင်ပါဝါသေး ကားများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း ကားဟောင်းဈေးကွက်နှင့် အပ်ကားဈေး ကွက်၊ စလစ်ဈေးကွက်မှာ ဈေးမြင့်နေဆဲဖြစ်ကြောင်း သိရသည်။

ဘိလပ်မြေ ရှစ်ထောင်ကျော်သာဝင်

Sun, 10/14/2012 - 08:48 -- Anonymous (not verified)

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်တာကာလအတွင်း ဘိလပ် မြေ ၈၈၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ Diamond ဘိလပ်မြေ တန်ချိန် ၄၀၀၀ နဲ့ အခြား တံဆိပ်က ၄၈၁၅ တန်၊ တရုတ်နိုင်ငံမှ Spider  ဘိလပ်မြေ ၅၄ တန် အသီးသီး မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                 MIRT (DOT)

ပြည်တွင်း သားရေစိမ်လုပ်ငန်းများ ထိခိုက်မှုမရှိနိုင်ပါက အိန္ဒိယသားရေကို တင်သွင်းမည်

Mon, 10/08/2012 - 08:50 -- Anonymous (not verified)

 
ပြည်တွင်းရှိ သားရေစိမ်လုပ်ငန်းများ အတွက် ထိခိုက်မှုမရှိပါက အိန္ဒိယမှ သားရေများကို တင်သွင်းရန် အစီအစဉ် ရှိပါကြောင်း၊ မြန်မာနိုင်ငံသားရေ လုပ် ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးအောင်နိုင် (ဆင်ခြောက်ကောင်ဖိနပ်) လုပ်ငန်းမှ ပြောပါတယ်။

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း