Main menu

Background

ပြည်တွင်းအိမ်ခြံမြေသတင်း

အကျဈေးဖြင့် ငြိမ်နေတဲ့ မန်း-မူဆယ် ကုန်တင်ခ

Wed, 07/18/2012 - 06:18 -- Anonymous (not verified)

       မန္တလေး-မူဆယ်လမ်းကြောင်း ကုန်စည်ပို့ဆောင်ခဈေးနှုန်းများ အကျဈေးနဲ့ငြိမ်နေကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း သီးနှံများအရောင်းအဝယ်ဖြစ်မှုအေးခြင်း၊ မူဆယ်တင်ပို့မှုမှာ ယခင်လများထက် ကုန်နည်းခြင်း၊ နောက်တွဲကားများနဲ့ တင်ပို့မှုများ လာခြင်းများကြောင့် ကုန်ရရှိမှုနည်းခြင်း၊ အဆင်းကုန်ရှားခြင်းများကြောင့် ကုန်စည် ပို့ဆောင်ခဈေးမှာ တွက်ခြေကိုက်မှုနည်းကြောင်း ကုန်စည်ဂိတ်များရဲ့ ပြောပြချက်အရသိရှိရပါတယ်။

ရွှေလားရှိုး အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ် ထပ်မံဖွင့်လှစ်ပြေးဆွဲ

Wed, 07/18/2012 - 06:15 -- Anonymous (not verified)

       လားရှိုးမြို့မှာ "ရွှေလားရှိုး'' ခရီးသည် ပို့ဆောင်ရေးမှ အထူးအဆင့်မြင့်ခရီး သည် ပို့ဆောင်ရေးအဖြစ်  လားရှိုး-ရန်ကုန်ခရီးစဉ်အား ယာဉ်သစ် ထပ်မံ ဖွင့်လှစ်ပြေးဆွဲခြင်း အခမ်းအနားအား  လားရှိုးမြို့၊ မန်ဆူ ခရီးသည်တင်ကား ဝင်းရှိ ရွှေလားရှိုးယာဉ်လိုင်းရုံးခန်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက် နံနက် ၇ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မူဆယ် - မန်း ကုန်စည်ပို့ဆောင်ခဲ့တဲ့ ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များ အနားပေးထားရ

Wed, 07/18/2012 - 06:12 -- Anonymous (not verified)

       မူဆယ် - မန်း ကုန်စည်ပို့ဆောင်ခဲ့တဲ့ ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များ အနားပေး ထားရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှ သိရပါတယ်။

ကားဈေးကွက်အေးနေပြီး လူကြိုက်များ ကားသေးများနှင့် စီအန်ဂျီသုံး အိမ်စီးကားများသာ အဝယ်ရှိနေ

Wed, 07/18/2012 - 06:11 -- Anonymous (not verified)

    ဇူလိုင်လ ဒုတိယပတ်အတွင်း ရန်ကုန်မြို့  ကားဈေးကွက်အခြေအနေ မှာ အရောင်းအဝယ်အေးနေပြီး ကားသစ်များအရောင်းမှာလည်း အသင့် အတင့်သာရှိကြောင်း သိရသည်။ ကားပွဲစားတန်းများတွင် လူစည်ကားနေ သော်လည်း အရောင်းအဝယ်ထင်သလောက်မဖြစ်ကြပဲ၊ ဖြစ်ခဲ့ပါကလည်း ခေါင်ကား၊ ကားသန့်များနှင့် စီအန်ဂျီသုံး ဗင်ကားသန့်များသာ အရောင်း အဝယ်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှသာ ဘိလပ်မြေဝင်

Wed, 07/18/2012 - 03:51 -- Anonymous (not verified)

ထိုင်းနိုင်ငံဘက်မှသာ ဘိလပ်မြေဝင်ပြည်တွင်းဈေးကွက်ကို ပြည်ပမှ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁ ရက်မှ ၇ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၃၄၆၀၀၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ရှစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၇၂၀၀ နဲ့အခြားတံဆိပ်မျိုးစုံတန်ချိန် ၂၇၄၀၀ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်း နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်းနှစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်နှစ် ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ဇူလိုင်ပထမပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန်ငါး သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီနှစ် ဇူလိုင်ပထမပတ်တင်သွင်းမှုနဲ့ ယှဉ် ရင်တော့ ဘိလပ်မြေအဝင်က တန်ချိန်နှစ်သောင်းကျော် လျော့နည်းခဲ့တာတွေ့ရ ပါတယ်။                                                        MIRT(DOT)

သံဖြူဇရပ်-ဘုရားသုံးဆူ သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

Mon, 07/09/2012 - 06:28 -- Anonymous (not verified)

    ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းဟုခေါ်သည့် သံဖြူဇရပ်-ဘုရားသုံးဆူ  ရထားလမ်း အား   ပြန်လည်ဖောက်လုပ်မည်ဖြစ် ကြောင်း  ရထားပို့ဆောင်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က နေပြည်တော် စက်မှုဝန်ကြီးရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အေဂျီဒီဘဏ်နှင့် CB Bank တို့တွင် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်နိုင်ပြီ

Mon, 07/09/2012 - 06:23 -- Anonymous (not verified)

      အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် သမဝါယမဘဏ် လီမိတက်   (CB Bank) တို့တွင် နိုင်ငံခြားသုံးငွေစာရင်း ကို ဇူလိုင် ၉ရက်မှ စတင်၍ ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း သိရသည်။နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်လိုသူ များအနေဖြင့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေကြေးများ ဖြင့် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

စက်မှုဇုန်မြေဈေး အဆမတန် မြင့်တက်နေမှုကို လျှော့ချမည်

Mon, 07/09/2012 - 06:23 -- Anonymous (not verified)

     မြန်မာနိုင်ငံရှိ စက်မှုဇုန်မြေကွက်ဈေးနှုန်းများသည် အဆမတန်မြင့်မား လျက်ရှိရာ အာရှတွင် ဈေးအမြင့်ဆုံးအခြေအနေတွင် ရှိနေသည့်အတွက် အညင်သာဆုံးဖြစ်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနို င်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားသည်။

ရေကြောင်းလမ်းမှ မြေသြဇာ တန်ငါးရာကျော်သာဝင်

Sun, 07/08/2012 - 07:13 -- Anonymous (not verified)

စိန်တံဆိပ်၊ ဆင်တံဆိပ်ဘိလပ်မြေများဝင်ခဲ့ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများနဲ့ တန်ချိန်က ဆင်တံဆိပ်ဘိလပ်မြေ ၅၂၅၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၄၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၁၂၇၅၀ တန်အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန်ခြောက်ထောင်ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ ဘိလပ်မြေတန်ချိန် တစ်သောင်းကျော်ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။  လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းငါး သောင်းကျော်ရှိပြီး မေလဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်း ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ တန်ချိန် သုံးသောင်းကျော် လောက်ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။                                        MIRT(DOT)

ကားဈေးကွက်အေးသော်လည်း မိုဒယ်(လ်)မြင့်အင်ဂျင်ပါဝါသေးကားများ ရောင်းအားရှိနေ

Mon, 07/02/2012 - 07:52 -- Anonymous (not verified)

    ရန်ကုန်မြို့၏   ကားဈေးကွက် အခြေအနေမှာ တစ်ပတ်နှင့်တစ်ပတ်  မတူဘဲ ဈေးတန်းများမှာ  အကျဘက် သို့သာ ဦးတည်နေကြောင်း တွေ့ရှိရ သည်။ ယခုလဆန်းပိုင်းခန့်က ယာဉ် အို/ယာဉ်ဟောင်းများနှင့်  ပတ်သက် သည့်စည်းမျဉ်းသစ် များပြင်ဆင်သတ်မှတ် ပြီး အခွန်နှုန်းထား လျှော့ပေါ့ခဲ့ခြင်း ကြောင့် ဈေးတန်းများ ပို၍ကျဆင်းလာ ပြီး ယာဉ်အို/ဟောင်း အပ်နှံပြီးပြေစာ စလစ်ဈေးမှာ  ကြေညာချက်ထွက်ပြီး စကာလတွင် ၅ သိန်း ၁၀သိန်းခန့် ပြန် တက်လာကြောင်း၊  ယခုလက်ရှိအခြေ အနေမှာမူ  သိန်း ၅၀ ကျော်နှင့် သိန်း ၆၀ကြားဈေးတန်းရှိကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းအိမ်ခြံမြေသတင်း