Background
ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထားရှိပြီး အထွက်နှုန်းအနေဖြင့်လည်း လျာထား ချက်အောက် မလျော့သော အထွက်နှုန်းများ ထွက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများအနေဖြင့်လည်း နှစ်အလိုက် မြင့်တက်လာ ခဲ့သည်။ ပြည်မြို့ ဈေးကွက်များနှင့် ပွဲရုံများတွင်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံများ၏ နှစ်အလိုက်ဖြစ်ပေါ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်၏ ကာလတူ ဈေးနှုန်းနှိုင်ယှဉ်ချက်များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
တစ်တင်း/ကျပ်
အမျိုးအမည် ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ် ၂၀၂၄ ခုနှစ်
ပြည်တွင်းတွင် ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြား ကုမ္ပဏီများအား တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းအရည် အသွေးမြင့်ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာ စာကိုထုတ်ပြန်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘို ပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၄၈၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၃၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင်စသည့် ကြံစိုက် သည့်ဒေသ တို့တွင် ကြံများကို သြဂုတ်လမှ အောက်တိုဘာလတို့အထိ စိုက်ပျိုးကြသည်။
ပခုက္ကူမြို့မ စည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း ပုပ္ပားဒေသမှ ထွက်ရှိ သော နဂါးမောက်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ နဂါး မောက်သီးကို နာတာရှည်ရောဂါ ခံစားနေရသူများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေး တိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ရှိသူများ ဝယ်ယူ စားသုံးသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။
နဂါးမောက်သီးကို ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားနယ်များတွင် တစ်ကွင်းတစ်စပ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြို့မ ဈေးသည်များထံမှ သိရသည်။
ပြည်ခရိုင်တွင် ဆီထွက်သီးနှံများ ဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ စက်တင်ဘာလတွင် သီးနှံများ လှိုင်လှိုင် ပေါ်ထွက်လာ၍ အရောင်းအဝယ် လည်း ဖြစ်လျက်ရှိသည်။
မိုးနှမ်းသီးနှံ
ယခုနှစ်အတွင်း မွန်ပြည်နယ်အနေဖြင့် ပြောင်းသီးနှံ ဈေးနှုန်းကောင်းရရှိသောနှစ်ဖြစ်သည်။ ယခုနှစ် စက်တင်ဘာ လအတွင်း ပြောင်းဖူးဈေးနှုန်းများမှာ (အစို)ဖူးစားပြောင်း တစ်ဖူး လျှင် ကျပ် ၅၅၀-၆၀ဝ၊ ထောပတ်ပြောင်းဖူး တစ်ဖူးလျှင် ကျပ် ၅၀ဝ-၆၅၀ ခန့် ဖြစ်ပြီး ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ပခုက္ကူမြို့တွင် စိုက်ပျိုးသော ဝါများမှာ ဝါကြီး၊ ချည်မျှင်ရှည်ဝါ၊ ချည်မျှင်တိုဝါတို့ဖြစ်ပြီး စိုက်ပျိုးမှုဧကမှာ ၅၀ဝ၀-၆၀ဝ၀ ခန့်ရှိသည်။ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၁၀ သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် ဝါရာသီလျှင် ကျပ် ၁၅ သိန်း ခန့်ရရှိကြောင်း၊ ဝါကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးပြီး တစ်ကြိမ်လျှင် သက်တမ်းလေးလခန့်ကြာမြင့်ပြီး ဝါကြီးမျိုးမှာ သက်တမ်းပိုရှည်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သည့်အပြင် တနင်္သာရီရိုးမ လည်းရှိပြီး တောကုန်း၊ တောင်တန်းများနှင့် ကျွန်းပေါင်းများစွာလည်းရှိပြီး တိုင်းဒေသကြီး၏ အဓိကအသက်မွေးဝမ်းကျောင်း စီးပွားရေးဖြစ်သော ရေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ကြက်သွန်ဖြူကို ရှမ်းပြည် နယ်တွင် အများဆုံးစိုက်ပျိုးပြီး မကွေးတိုင်းဒေသ ကြီး ယောနယ်ဒေသများဖြစ်သည့် ဆော၊ ကျောက် ထု၊ ပေါက် မြို့များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြသည်။ ကြက်သွန်ဖြူအပင်သည် ပင်ပျော့ပင် ငယ်တစ်မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံ တစ်မျိုးဖြစ်သည်။ အစိုဓာတ်ရှိသော မြေအတော် များများတွင် စိုက်ပျိုးနိုင်ပြီး အပူအအေး သင့်တင့် မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်၍ အောက် တိုဘာ၊ နိုဝင်ဘာလလယ်တွင် စိုက်ပျိုးလျက်ရှိကြ သည်။ စိုက်ပျိုးရာတွင် ပင်ကြားနှစ်လက်မ၊ တန်း ကြားလေး လက်မခန့်ခွာ၍ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူမှာ အစိုဓာတ်ကြိုက်၍ စိုက်ပျိုးချိန်မှ ရိတ