Main menu

Background

Sunday, 24 Jun 2012

        သဘာဝရော်ဘာ ထုတ်လုပ်မှုက ယခုနှစ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ယခင်နှစ်ကတော့ ၈ ဒသမ ၆ ရာခိုင်နှုန်း ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။  ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာ့ စီးပွားရေးတိုးတက်နှုန်းနှေးကွေးကာ ဝယ်လိုအား ကျဆင်းတာကြောင့်ဖြစ်ကြောင်း သဘာဝရော်ဘာ ထုတ်လုပ်သောနိုင်ငံများအသင်း ANRPC  ကပြောကြား ခဲ့ပါတယ်။ ယခုနှစ်မှာထုတ်လုပ်မှုတန်ချိန် ၁၀ ဒသမ ၄၇သန်းခန့် ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၀ ဒသမ ၃၂ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ANRPC  ကပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကထုတ်လုပ်မှုတိုးတက်တဲ့အဓိကနိုင်ငံ တွေ ဖြစ်လာနိုင်ပြီး တရုတ်ရဲ့ထုတ်လုပ်မှုက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ဗီယက်နမ်ကတော့ ၆ ရာခိုင်နှုန်းတိုးတက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ ထုတ်လုပ်မှုကလည်း ယခင်နှစ်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉ ဒသမ ၁၉ သိန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

Sunday, 24 Jun 2012

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်း ကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၀၄ တန်ခန့်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ အပု့ိရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3  ၉၅ တန်ကျော်၊MSR-20  ၁၅၇ တန်ကျော်၊

Sunday, 24 Jun 2012

        မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၀၁ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၉၇၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပု့ိမှုနဲ့ သိပ်မကွာလှတာ တွေ့ရပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၀၁ တန်နဲ့ မလေးရှားကို တန် ၁၀၀ တင်ပု့ိခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တင်ပို့မှုလျော့နည်းပြီး တန် ၆၀၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။  FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ဒေါ်လာ (၃၀၀၀-၃၁၀၀) ကြားနဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၂၉၀၀-၃၀၀၀) ကြားဈေးရလျက်ရှိတယ်လို့  သတင်းရရှိပါ တယ်။                                                                                                           K.Z.W

Sunday, 24 Jun 2012

        ကမ္ဘာမှာ သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုဟာ နိုဝင်ဘာလမှာစမယ့် ယခုရာသီမှာ တတိယမြောက်နှစ်အဖြစ် စံချိန်တင်ဦးမယ်လို့ သိရပါတယ်။ သကြားစက်များက မြင့်တက်နေတဲ့ဒေသတွင်း ဝယ်လိုအားဖြည့်ဆည်းဖို့ ၎င်းတို့ရဲ့ စက်စွမ်းအားများ မြှင့်တင်ခဲ့တာကြောင့်လို့ ထိုင်းသကြားလုပ်ငန်းရှင်များ ကော်ပိုရေးရှင်း အမှုဆောင်ဥက္ကဋ္ဌ Vibul Panitvong ကဆိုပါတယ်။ ကြံရိတ်သိမ်းမှုက စုစု ပေါင်း တန်ချိန် ၁၀၃ သန်းမှ ၁၀၅ သန်းရှိနိုင်လို့ သကြားထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၀ ဒသမ ၅ သန်းမှ ၁၀ ဒသမ ၇ သန်းခန့် အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။

Sunday, 24 Jun 2012

        မေ ၃၀ရက်မှ ဇွန် ၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၉၈၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၃၅၆ တန်ကျော် တရုတ်နယ်စပ်မှ အပို့ရှိခဲ့ပါ တယ်။ မူဆယ်မှ တန် ၄၁၆၀ ခန့်နဲ့  ချင်းရွှေဟော်မှ ၁၁၉၇ တန်ကျော် ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြောင်းကားတစ်နေ့ကို အစီး ၂၀ ခန့်ဘဲအဝင်ရှိပြီး ပြောင်းအဝင်လျော့ပါတယ်။

Sunday, 24 Jun 2012

    မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၂၅၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းဖိုးကို ဗီယက်နမ် တစ်နိုင်ငံတည်းကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၁၀၀၀ နီးပါး တင်ပို့မှုကျဆင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ်မှပါ ပြောင်းတင်ပို့မှု ကျဆင်းပြီး တန် ၅၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ ပြောင်းတင် သွင်း မှု အများဆုံးတရုတ်နိုင်ငံရဲ့ ဝယ်လိုအားလျော့ကျတာကြောင့် မြန်မာနိုင်ငံရဲ့ တင်ပို့ မှုလည်း ကျဆင်းနေရခြင်းဖြစ်ကြောင်း သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြား ဈေးပေါက်တယ်လို့ သိရပါတယ်။                                                 K.Z.W

Wednesday, 20 Jun 2012

        တရုတ်နိုင်ငံမှာ လယ်ယာထွက်ကုန်ဈေးနှုန်းတည်ငြိမ်အောင် သတင်းအချက်အလက်ဝန်ဆောင်မှုများနဲ့ ဖြန့်ဝေမှုပိုမိုကောင်း မွန်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိတဲ့အတွက် ငွေကြေးဖောင်းပွမှု အတော်အတန် ငြိမ်သက်မယ်လို့ မျှော်မှန်းထားတဲ့တိုင် လွန်ခဲ့တဲ့ ၂ ပတ်ကျော်အတွင်း ကြက်ဥနဲ့ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။ လတ်ဆတ်ကြက်ဥ ပျမ်းမျှ ဈေးနှုန်းဟာ မေလ ၂၁ ရက်မှ ဇွန် ၅ ရက်အထိ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ရာ မြန်ဆန်လွန်းစွာ မြင့်တက်မှုက စံချိန်တင်ခဲ့တယ်လို့ လယ်ယာထွက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။

Wednesday, 20 Jun 2012

    အိန္ဒိယဈေးကွက်မှာ နနွင်းဈေးက ပုံမှန်ကျဆင်းနေပါတယ်။ တမီလ်နာဒူးမှာ အီရော့ဈေးကွက်တစ်ခုသာ နနွင်း ရောင်းချမှုရှိပြီး၊ အလားတူ မြောက်ပိုင်းပြည်နယ်တွေမှာလည်း Sangli   နဲ့ နီဇမ်မာဘတ်တို့မှာသာ နနွင်းရောင်း ဝယ်မှုရှိတယ်လို့ သိရပါတယ်။    နိုင်ငံအတွင်း Assam   အပါအဝင် ဒေသတော်တော်များမှာနနွင်းစိုက်ပျိုးမှုတိုးလာတယ်လို့သိရပါတယ်။

Wednesday, 20 Jun 2012

        ပြီးခဲ့တဲ့ တစ်ပတ်မှာ ဟိုပုံးနနွင်းက အနည်းငယ်အရောင်းအဝယ် ဖြစ်လိုက်ပါသေးတယ်။ မူဆယ် ဝယ်လက်တွေက တစ်ပိဿာကို ၆၃၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး၊ ယခုလောလောဆယ်တော့ အဝယ်ပြန်ရပ်နေပါတယ်။ တစ်ပိဿာ ကို ၅၅၀ ကျပ်ဈေးနဲ့ရ ရင်တော့ ပြန်ဝယ်အုံးမယ်လို့လည်း သိရပါတယ်။ ပြည်တွင်းလှောင်လက်တွေ ကတော့ ဈေးကောင်းရရင် ပြန်ရောင်းဖို့အတွက် နည်းနည်းချင်းစီဝယ်ယူနေပါတယ်။ ဟိုပုံးမှာ နနွင်းလက်ကျန်ပိဿာချိန် ၂ သိန်း - ၃ သိန်းကျော် ကျန် ရှိနေပါသေးတယ်။

Wednesday, 20 Jun 2012

        မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိတဲ့နနွင်းတက်၁၁၂ တန် ခန့် နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ မူဆယ်မှ တန် ၁၀၀ ကျော်နဲ့ မြဝတီမှ ၁၂ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ နနွင်းတက်အပြင် နနွင်းခေါင်း ၁၄ တန်ကျော်လည်း မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Pages