Background
မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၆၄၉ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တ င်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၄၈၃၄ တန်ကျော်၊ လွယ်ဂျယ်မှ ၁၂၅ တန်နဲ့ ချင်းရွှေဟော်မှ ၁၆၈၉ တန်ကျော်အသီးသီးဖြစ်ပါတယ်။
မေလ ၂၀ မှ ၂၆ ရက်ထိကာလအတွင်း ပြောင်း ၁၂၂၄ တန်၊ တန်ဖိုး ဒေါ်လာသုညဒသမ ၃၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ စင်ကာပူကို ၇၃၄ တန်နဲ့ ဗီယက်နမ်ကို တန် ၄၉၀ အသီးသီး တင်ပို့ ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းမှ နို့ဆီအဝင်နည်းပြီး၊နို့စိမ်းအဝင်ပျောက်သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၂၀ ရက် မှ ၂၆ ရက်တာကာလအတွင်း နို့ဆီ အဝင် တန်ချိန် ၁၇၇ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ချိန် ၄၇၀ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ အဝင်အားနည်းခဲ့ပါတယ်။ နို့စိမ်း က ယခင်တစ်ပတ်တန်ချိန် ၃၀၀ နီးပါး တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ နို့စိမ်းအဝင် ပျောက်ခဲ့ပါတယ်။
အိန္ဒိယကြက်သွန်နီတင်ပို့သူများဟာ ပြည်ပဝယ်လက်များမှ အရည်အသွေးပြဿနာများနဲ့ ပတ်သက်လို့ ပြောကြားမှု တွေကြောင့်၎င်းင်းတို့ပို့ကုန်များ ပြန်လည်သိမ်းယူမှုစတင်ရတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု ၁၀ ခုအနက် ၆-၇ ခုနဲ့ ပတ်သက် လို့ အရည်အသွေးပြဿနာစောဒကတက်ခြင်းခံရတယ်လို့ ကြက်သွန်နီတင်ပို့တဲ့ United Pacific Agro ကုမ္ပဏီမှ ဒါရိုက်တာ Mr Rupesh Jaju မှ ပြောကြားပါတယ်။
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပြည်ပအဝယ်မှာယူမှုအသစ်မရှိခြင်း၊ ထုတ်လုပ်မှုမြင့်တက်ခြင်းနဲ့ လက်ကျန် များနေခြင်းများကြောင့် နနွင်းဈေး ဆက်လက်ကျဆင်းနေပါတယ်။ လက်ငင်းဈေးကျဆင်းခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း လျော့ကျ တယ်လို့သိရပါတယ်။ ဈေးနှုန်းနေ့စဉ်ကျဆင်းနေတာကြောင့် နနွင်းစိုက်ပျိုးသူများနဲ့ ကုန်သည်များ အခက်အခဲဖြစ်နေ တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။
ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။
ပြည်ပကို မေ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း နနွင်း ၁၄ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်တင်ပို့မှုပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ခုနှစ်ရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် တို့မှာ မန်ကျည်းမှည့်များကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိတဲ့ ပမာဏကတော့ ၁၉ တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းဖြစ်ပါတယ်။ နယ်စပ်မှ မန်ကျည်းသီးမှည့် တန် ၁၈၀ ကျော် မေလအတွင်း မှာ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို မေ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း မန်ကျည်းတင်ပို့ မှုက ၇၂၂ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က ပါကစ္စတန်နိုင်ငံကို ၁၂၅ တန်၊ ဗီယက်နမ်နိုင်ငံကို တန် ၅၀၊ မလေးရှားနိုင်ငံကို ၂၄၆ တန်၊ စင်ကာပူ နိုင်ငံကို ၃၀၁ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုကို ကြည့်ရင် စင်ကာပူ နိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန် ချိန်ငါးရာခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့ ငါးဆယ်လောက်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB ဈေး တစ်တန်ကို ကန်ဒေါ် လာ ၄၅၀-၄၉၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသိန်း ငါးသောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တွေ အဝင်နည်းနေတယ်လို့ ဆိုပါ တယ်။ မိုးရွာနေပြီဖြစ်လို့ တူးရခက်လာတာကြောင့် အဝင်နည်းလာတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ချင်းဈေးကလည်း သိပ်မကောင်းတာ ကြောင့် တောင်သူတွေ လက်ထဲမှာလည်း အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။