Background
ယခုရက်အတွင်းမှာ ပြည်ပဲ ဈေး ကွက်ကို ပဲလွန်းဖြူ အဝင်အနည်းငယ် ရှိလာခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဘက်မှ တစ်နေ့ကို အိတ် ၄၀ - ၅၀ ခန့် အဝင်ရှိပါတယ်။ လက်လီ သမားများနဲ့ ရန်ကုန်ဝယ်လက် လည်း အနည်းငယ်အဝယ်ရှိပြီး၊ ပဲတစ်တင်း ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။မိမိအေး
နိုင်ငံစုံမှ ဝယ်လိုအားရှိနေတာ ကြောင့် ပဲလွန်းဖြူတင်ပို့မှုမှာ တိုးတက် လျက်ရှိနေပါတယ်။ ဧပြီလ ၂ ရက်မှ ၆ ရက်အတွင်း ပဲလွန်းဖြူတန်ချိန် ၂၁၀၀ ကျော်ကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ်နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အစ ဧပြီလ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၃၆၀၀ ခန့်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၀၀ ကျော်ထက် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။
ကမ္ဘာ့ ပဲဈေးကောင်းမွန်ချိန်က ထိပ်ဆုံးစာရင်းဝင် ပဲစင်းငုံနီဟာ ယခုအခါ ဈေးကွက်ရှာရောင်းနေရတဲ့ အခြေအနေထိ ဝယ်လက်ပျောက်နေလို့ မုံရွာကုန်စည် ဒိုင် နှစ်သစ်ကူးပြီး ရက်သတ္တပတ်မှာ ဈေးဆက်လက်ကျဆင်း လျက်ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးဟာ ရံဖန်ရံခါ ရန်ကုန်ပေါက်ဈေးထက် ပိုမြင့်နေပြီး၊ ရန်ကုန်အဝယ် မရှိသလို ရောင်းလက်သမားတွေ အနေနဲ့လည်း မူလဝယ်ရင်း ဈေး တောင် မမီလို့ ထုတ်မရောင်းနိုင်ကြလို့ ဈေးကွက်ပျောက်သလောက် ဖြစ်ခဲ့ရ ကြောင်း၊
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်တွင်းပဲစင်းငုံများကို အဆက်မပြတ် ရောင်းချမှု ရှိနေပြီး ပဲခွဲစက်များနဲ့ ကုန်သည်များ ဝယ်ယူမှုပါးတာကြောင့် ဈေးငြိမ် နေပါ တယ်။ သရက်သီးရာသီချိန်ဖြစ်တဲ့အတွက် လက်လီဈေးကွက် တွေမှာလည်း ပဲ ဝယ်လိုအားနည်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ် အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ တန်ချိန် ၁၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ပထမ ပတ် (၂ ရက်မှ ၆ ရက်) အတွင်း ပြည်ပကို တန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ မတ်လကုန်ပတ်မှာ တန်ချိန် ၄၄၀၀ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ပဲစင်းငုံတန် ၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့လို့ ဧပြီလ ၉ ရက်မှ သြင်္ကန်ကာလအတွင်း တန် ၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။
သြင်္ကန်အပြီးရက်များမှာ ပြည်ပဲပွဲရုံများကို ရေလမ်း၊ ကားလမ်းနဲ့ မတ်ပဲအဝင် များ လာပါတယ်။ ရွှေတောင်၊ ညောင်စာရေး၊ ဝက်ထီးကန်၊ ပေါင်းတလည်၊ ကံမ၊ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ကို အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိနေပါတယ်။ ပဲလှောင်သမားများ၊ ရန်ကုန်ဝယ်လက်များလည်း အဝယ်များပြီး၊ ပဲတစ်တင်းကို ၁၂၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။
ဟင်္သာတပဲဈေးကွက်မှာ မတ်ပဲဈေးမှာ သြင်္ကန်အပြီးဈေးအနည်းငယ် တက်လာရာ ယခုတစ်ပတ်မှာ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးမြင့်လာ တာတွေ့ရ ပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ သြင်္ကန်ကာလအလွန်မှာ ပိုများလာ ပြီး တစ်ရက်ကို ပျမ်းမျှ အိတ် ၄၀၀၀ ခန့် ဝင်ရောက်နေကြောင်း သိရပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ပျမ်းမျှ အိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းပဲအထွက်လျော့ဖွယ်ရှိခြင်းနဲ့ ပြည်တွင်းလက်ကျန် လျော့နည်းနေလို့ ဧပြီဒုတိယပတ်ခန့်အထိ မတ်ပဲဈေးခိုင်မာနေခဲ့ပေမဲ့ ယခု တစ်ပတ်အတွင်းမှာတော့ အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်လျော့ကျ ပါတယ်။ ချန်နိုင်းနဲ့ မွန်ဘိုင်းဆိပ်ကမ်းတွေကို မြန်မာမတ်ပဲများ ဝင်ရောက်မှုပုံမှန် ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ ယခုတစ်ပတ်အတွင်း မတ်ပဲအရောင်းအဝယ် ဖြစ်မှုက တန်ချိန် ၃၉၀၀၀ ခန့်ထိရှိတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ မတ်ပဲ ဈေးငြိမ်နေပြီး ရူပီးတန်ဖိုးအားပျော့နေပေမဲ့ ဝယ်ယူမှုကတော့ များနေတာ တွေ့ရပါတယ်။