Background
ပြည်ပကို မတ်လ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း မန်ကျည်း ၂၆၈၀ ဒသမ ၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၆၁၈ တန်၊ မလေးရှားနိုင်ငံကို ၈၅၀ တန်၊ ပါကစ္စတန်ကို ၆၇၃ တန်၊ စင်ကာပူနိုင်ငံကို ၄၈၉ ဒသမ ၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုကို ကြည့်ရင်
ဟိုပုံးချင်းခြောက် (စို) က အဝင်နည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်များ လာပါတယ်။ အစိုဈေးတွေ မကောင်းတာကြောင့် အခြောက်သာပြုလုပ်ပြီး ဈေး ကွက်ကိုဝင်လာပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းခြောက် ပိဿာချိန် ၃ ထောင်- ၄ ထောင် ခန့်အဝင်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက တရုတ် ဝယ်လက်တွေဝယ် ပေမဲ့ အခုတော့အဝယ်ရပ်သွားတယ် လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အများ
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း (ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၄၅၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယနိုင်ငံ ဒေလီဈေးကွက်အတွင်း ကုလားပဲလက်ငင်းဈေးက တစ်တန် ရူပီး ၃၇၂၅၀ (ကန်ဒေါ်လာ ၇၂၇)ဖြစ်နေလို့ ယခင်နှစ်ကာလတူဈေးနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေပါတယ်။ အဓိက ဈေးမြင့်တက်ရတဲ့ အကြောင်းရင်း ကတော့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တစ်တန် ရူပီး ၇၀၀၀(ကန်ဒေါ်လာ ၁၃၇) တိုးပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၅၈)သတ်မှတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်းနဲ့ ကံမဘက်မှ အဝင်ရှိသလို အောင်လံဘက်မှ လည်း ကုလားပဲများအဝင်ရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာပေမယ့် ကုလားပဲ ဈေးမှာ အနည်းငယ်သာ အတက်အကျရှိနေခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်မှာလည်း ကုလားပဲဈေးဆက် လက် ခိုင်မာနေပါတယ်။ သီတင်းပတ်အစပိုင်းမှာ အဝယ်ပါးပြီး ဈေးပြန်ကျလာပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ကုလားပဲဈေး ပြန်ခိုင်မာလာပါတယ်။ ကြိုပွိုင့်ဈေး မြင့်တက်ခြင်းနဲ့အတူ လက်ငင်းအဝယ်ရှိလာလို့ ဈေးပြန်ခိုင်မာလာခြင်းဖြစ်ပါတယ်။ ပြည်ပကတင်သွင်းလာတဲ့သြစတြေးလျကုလားပဲကို ဝယ်လိုအားကောင်းနေပြီး ဈေး ဆက်လက် ခိုင်မာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ကုလားပဲဖြူလုံးကြီးကိုအိန္ဒိယနဲ့ပါကစ္စတန်ဝယ်လက်အဝယ်သွက်နေလို့ တင်ပို့မှု လည်း ပုံမှန်ရှိနေပါတယ်။ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပင်လယ်ရေကြောင်း က ကုလားပဲစုစုပေါင်း တန် ၂၆၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၁၆ ရက်အထိ စုစုပေါင်း ကုလားပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၇၂၈၀၀ ကျော်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဏာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာရှိတာတွေ့ရပါတယ်။
၂၀၁၂ ခုနှစ် ၊ မတ်လမှာ မြန်မာပြည်တွင်းပဲမျိုးစုံဈေးကွက်အများစုမှာ ပဲမျိုးစုံဈေးနှုန်းတွေ အားကောင်းလာတယ်။ ၂၀၁၂ ခုနှစ် ၊ ပထမနှစ်လအတွင်း အိန္ဒိယ ၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားခြင်းကြောင့် ဈေးမြင့်လာကြောင်း၊ အိန္ဒိယမှ အဝယ်ပိုများကြောင်း သိရတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ ဆောင်း-နွေဦးပဲတွေ ရိတ်သိမ်းတဲ့ရာသီဖြစ်ရာ မေလမှ စက်တင်ဘာလအတွင်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ အဝယ်အေးနေတာကြောင့် မဟာရပ်ရှတရာနဲ့ ရာဂျက် စသန်ရဲ့ အဓိကဈေးကွက်များမှာ ဒေစီပဲတီစိမ်းဈေးတည်ငြိမ်နေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရည်အသွေး လိုက် ဈေနှုန်းအနိမ့်အမြင့်နဲ့ ရောင်းချလျက်ရှိရာ မွန်ဘိုင်းဈေးကွက် တန်ဇန်းနီးယား (moger) ပဲတီစိမ်းဈေးမှာ တစ်တန် ရူပီး၅၀၀၀၀-
မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၃၄၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်လုံးပြည့် ၈၂ တန်ခန့်နဲ့ လုံးခြမ်း ၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။
