Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်(မတ်လ ၁၀-၁၅ ရက်) အတွင်းမတ်ပဲ ၤဗျှ များသာ အရောင်းအဝယ် ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁၇၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး တက်လာတဲ့အပြင် အိန္ဒိယတင်ဒါအလားအလာအရ ဝယ်လိုအားကောင်းတာကြောင့် မတ်ပဲဈေးမြင့် တက်လာခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်လုံးဈေးကျဆင်းနေခဲ့ရာမှ ယခုတစ် ပတ်မှာမတ်ပဲဈေး ပြန်ဦးမော့လာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- FAQ(အဟောင်း) FAQ(အသစ်) SQ(အဟောင်း) SQ(အသစ်)၁၆-၃-၂၀၁၂ ၄၉၀-၅၁၀ ၅၃၀-၅၅၀ ၅၃၀-၅၅၀ ၅၉၀-၆၁၀၉-၃-၂၀၁၂ ၄၆၀-၄၈၀ ၅၀၀-၅၂၀ ၅၀၀-၅၂၀ ၅၅၀-၅၇၀MIRT(MAPT)
ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်က မတ်ပဲတန်ချိန် ၅၂၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ မတ်လ ၅ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါး ပြန်လည် တင်ပို့နိုင်တာ တွေ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာ နယ်စပ်တံခါးများ ပွင့်လာတော့မယ့် အာဆီယံစီးပွားရေးအသိုင်းအဝန်း (ဗနဃ)မှာ ၎င်းတို့ ဈေးကွက်တိုးချဲ့ဖို့ အတွက် ထိုင်းသကြားစက်များက ၎င်းတို့ ထုတ်ကုန်အရည်အသွေး တိုးမြှင့်လိုကြောင်း သိရပါတယ်။ အဖွ့ဲဝင် ၄၇ ဦးပါဝင်တဲ့ ထိုင်း သကြားစက်ကော်ပိုရေးရှင်း (TSMC) ဥက္ကဋ္ဌ Vibul Panituong က ၎င်းရဲ့အုပ်စုဟာ သကြားအရည်အသွေးကို လာမယ့်နှစ်မှာ သကြားစံနှုန်း Polarisation ၉၉ ဒသမ ၂ အဆင့်ထိ တိုးမြင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
၂၀၁၂ ပထမနှစ်လမှာ ရော်ဘာထုတ်လုပ်မှုကျဆင်းပြီး တရုတ်နဲ့ အိန္ဒိယရဲ့ သုံးစွဲမှုမြင့်တက်လာတာကြောင့် ရော်ဘာ ဈေးနှုန်းကတော့ မြင့်တက်ဖွယ်ရှိကြောင်း ရော်ဘာအသင်းက ပြောကြားပါတယ်။ ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာပြီး ၂၀၁၁ မှာ ရော်ဘာထုတ်လုပ်မှု ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၁၀ ဒသမ ၂၆ သန်းရှိပြီး ၂၀၁၂ မှာတော့ သုံးစွဲမှု ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၃၉ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက် ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂၉၈ တန်နီးပါး အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၄၁ တန် ယခင် အပတ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၆၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၉၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့မှုကတော့ စင်ကာပူကို ၁၀၅ တန်နဲ့ မလေးရှားကို ၄၆၂ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ထက် တန် ၁၀၀ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ တရုတ် နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ တန် ၁၄၀၀ ကျော် တင်ပို့ပြီး ယခင်ရက်သတ္တပတ်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3 တစ်တန်ကို ဒေါ်လာ (၃၇၀၀ - ၃၈၀၀) နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၃၆၀၀ - ၃၇၀၀) ကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။K.Z.W
တရုတ်ရဲ့သွင်းကုန်တင်ပို့မှုတိုးလာတာကြောင့် ကမ္ဘာ့ပြောင်းဈေးနှုန်းများ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ မှာတရုတ်အနေနဲ့ ပြောင်းတန် ၁၉၁ ဒသမ ၈ သန်းအထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရားဝင်ကြေညာ ချက် များအရ သိရပါတယ်။ တရုတ်ရဲ့ပြောင်းသီးနှံစိုက်ပျိုးရေးချဲ့ထွင်မယ်ဆိုရင် အစိုးရ ထံမှ အထောက်အပံ့ပိုမိုရရှိနိုင်ကြောင်း ပြည်တွင်းရှိပြောရေးဆိုခွင့်ရှိသူများက ပြောပါတယ်။
ကမ္ဘာမှာပြောင်းကို ဒုတိယအများဆုံး စားသုံးတဲ့ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်း ဈေးကတင်သွင်းဈေးထက်သိသိသာသာမြင့်တက်နေတဲ့အချိန်မှာပြောင်းပိုမို တင် သွင်းသွားရလိမ့်မယ်လို့ တရုတ်သီးနှံ အရန်ထားရှိရေး ကော်ပိုရေးရှင်း ဥက္ကဌ Bao Kexin မှ ပြောကြားပါတယ်။ ၂၀၁၁-၁၂ အတွင်း တရုတ်နိုင်ငံက ပြောင်းတန်ချိန် ၄ သန်း တင်သွင်းခဲ့ပြီး၊ ၂၀၁၂-၁၃ မှာ တန်ချိန် ၇ သန်းအထိ စံချိန်တင် တင်သွင်း ရနိုင်တယ်လို့ ဒီဇင်ဘာလ ၅ ရက်က Rabobank International မှ ခန့်မှန်း ထားပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကန်ပိုက်တီး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၅၀၅ တန်ခန့်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိ ကာလအတွင်း တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က မူဆယ်မှ ၆၀၇၈ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင် အပတ်ကထက် တန် ၁၀၅၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၆၀၇၈ တန်၊ ချင်းရွှေဟော်မှ ၄၅၁ တန်နဲ့ ကန်ပိုက်တီးမှ ၂၆၈ တန်၊ စုစုပေါင်း ၆၇၉၆ တန် တင်ပို့ခဲ့တာမို့ နယ်စပ်စခန်းများအနေနဲ့ ယခင်အပတ်ကထက်၇၀၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှ ပြောင်းဖူးစေ့ ၂၇၆၀၁ တန်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလအထိ ၅၉၆၅၁၈ တန် နယ်စပ်စခန်းများမှ တင်ပို့ထားနိုင်ပြီ ဖြစ်ပါ တယ်။ ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်ဖက်နိုင်ငံဈေး ၂ ဒေါ်လာ လျော့နည်း ခဲ့ပြီး မိမိဘက်မြေပြင်ဈေးကတော့ ၆၃၂၉ ကျပ် ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင် ပေါက်ဈေးမှာ၂၇၃၁၂၀ကျပ်နဲ့တစ်ဖက်နိုင်ငံပေါက်ဈေးမှာ၃၁၇ဒေါ်လာ ဖြစ်ပါတယ်။ MIRT (DOBT)
ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၇၆၈ တန် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၂၁၁ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်ကို ၅၀၄ တန်နဲ့ ဖိလစ်ပိုင်ကို ၂၆၄ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၃၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၇၅၀၀ ကျော်တင်ပို့ခဲ့တာကြောင့် နယ်စပ်မှတင်ပို့မှုလည်း ပိုမိုခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိပဲတစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။K.Z.W
