Background
ပြည်တွင်းကြက်သွန်နီဈေးနှုန်းကျဆင်းမှုကို ရပ်တန့်သွားစေဖို့နဲ့ ပြည်ပတင်ပို့မှု မြင့်မားစေဖို့ ရည်ရွယ်ပြီး အိန္ဒိယအစိုးရက ကြက်သွန်နီပြည်ပတင်ပို့မှု အနိမ့်ဆုံးနှုန်းထား (MEP) ကို ယခင်က ၁၅၀ ဒေါ်လာသတ်မှတ် ထားတဲ့အစား ကန်ဒေါ်လာ ၁၂၅ လို့ ဖေဖော်ဝါရီ ၁၃ ရက်က ထပ်မံလျှော့ချသတ်မှတ်ပေးလိုက်တယ်။ ဒါကြောင့် အိန္ဒိယပြည်တွင်း ကြက်သွန်နီလက်ကား ဈေးနှုန်းတွေက တစ်ကွမ်တယ်ကို ၂၉၅-၄၀၀ ရူပီးနှုန်းမှ ၃၄၀-၄၀၀ ရူပီးနှုန်းထားအထိ မြင့်မားလာတယ်လို့ သိရတယ်။ ပပ၊ Source:timesofindia.indiatimes.com
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမှ ကြက်သွန်နီများ ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၁၂၅၀ ခန့်အဝင်ရှိပြီး၊ နေ့စဉ် အိတ် ၄၀၀ ခန့်နဲ့ အရောင်းသွက်နေပါတယ်။ သီးနှံများရင့်ချိန် ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ အတွက် ဈေးကောင်းရပြီး ပြည်ပွဲရုံများမှာ ကြက်သွန်နီ (အကြီး) ၅၀၀ ကျပ်၊ (အလတ်) ၄၅၀ ကျပ်၊ (အသေး) ၄၀၀ ကျပ် တို့နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၃၀၀၀ ခန့် အဝင်များလာပြီး နေ့စဉ်အိတ် ၃၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးကွက် အတွင်း ကျောက်ရဲငရုတ်ခြောက် (အရှည်) ၂၆၀၀ ကျပ်နဲ့ မြန်အောင်ငရုတ်ခြောက် (အရှည်) ၂၃၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့နဲ့ရောင်းဝယ်နေပြီး ရခိုင် ပြည်နယ်သို့ နေ့စဉ်အိတ် ၄၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
ပြည်ပတင်ပို့ဖို့ ဝယ်လိုအားတက်လာတာကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်မှာ အိန္ဒိယ နနွင်းလက်ငင်းဈေး မြင့်တက်ခဲ့ပါ တယ်။ နနွင်းစိုက်ပျိုးသူများဈေးတိုးလာတဲ့အတွက် ၎င်းင်းတို့ လက်ကျန်နနွင်းများ ဈေးကွက်ကို သယ်ယူလာကြတယ်လို့ သိရပါ တယ်။နနွင်းတောင်သူများဟာ ၎င်းင်းတို့ နနွင်းဟောင်းတွေကို သိုလှောင်ထားကြပြီး၊ ဈေးမြင့်လာရင် ၎င်းင်းတို့ နနွင်းများ သယ်ယူ လာကြမှာဖြစ်ပါတယ်။ ပြည်ပတင်ပို့သူတွေရဲ့ အဝယ်ရှိနေတာကြောင့် နနွင်းတစ်တန်ရူပီး ၁၅၀၀-၂၀၀၀(ကန်ဒေါ်လာ ၃၁-၄၁) မြင့်တက်ခဲ့ကြောင်း အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဋ္ဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။
ကျောက်ဆည်နယ်မှ ဗမာနနွင်းတက်များ ယခုရက်ပိုင်း လှောင်လက်အဝယ်ရှိလာတယ်လို့သိရပါတယ်။ ယခင်နှစ်က လောက် ဈေးကောင်းမရသော်လည်း ယခုရက်ပိုင်းလှောင်လက်အဝယ်ရှိလာလို့ ဈေးအနည်းငယ် ပိုလာတာကိုလည်း တွေ့ရပါ တယ်။ ယခင်ရက်ပိုင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး၊ ယခုရက်ပိုင်း ၁၃၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်လာပါတယ်။ နှစ်စဉ်ပြည်ပဝယ်လိုအားရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပြည်ပဝယ်လက်ကို စောင့်မျှော်ဝယ်ယူနေကြောင်း ကုန်သည် ဈေးကွက်က သိရပါတယ်။ သင်းသင်းမြတ်
ဟိုပုံးနနွင်းကလည်း အဝင်သိပ်မများသေးပါဘူး။ သြင်္ကန်ပြီးလောက်မှသာ အဝင်များလာမှာဖြစ်ပါတယ်။ ခြံရှင်တွေက လည်း ဈေးကောင်းမရလို့ မဖော်ချင်ကြသေးပါဘူး။ မနှစ်ကဒီအချိန်မှာ နနွင်းဈေးကတစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပေမဲ့ ဒီနှစ်ကတစ်ပိဿာ ၇၀၀ ကျပ်သာရတာကြောင့် မဖော်သေးပဲထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ နနွင်းတက် ၉၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နနွင်းတက် စုစုပေါင်းတင်ပို့မှုမှာ တန် ၁၁၀ ကျော် ရှိပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ယခုအပတ်မှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)
မန်ကျည်းလှိုင်လှိုင်ထွက်လေ့ရှိတဲ့ ကျောက်ပန်းတောင်းနယ်မှာ ယခုနှစ်မန် ကျည်းရာသီမှာလည်း ပုံမှန် အရာင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ကျောက်ပန်း တောင်းနယ်သို့ မြို့နယ်တွင်းထွက်ရှိတဲ့ကျေးရွာများနဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်တို့မှ မန်ကျည်းအသစ်များဝင်ရောက်လျက်ရှိပြီး၊ ပခုက္ကူနယ်မှာ မန္တလေးသို့ တင်ပို့မှုများကြောင်းသိရပါတယ်
ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။
