Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုကယခင်တစ်ပတ်တွေထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ် ကတန်ချိန် ၁၅၀၀၀ခန့်ရှိခဲ့ရာမှယခုတစ်ပတ်(မတ်လ ၃-၉ ရက်)အတွင်းမှာ တန် ချိန် ၂၁၀၀၀ ကျော်အထိ FOB အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇-မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေ ကြောင်းကမတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့ တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီ လ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ဇန်နဝါရီလတင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။
၂၀၁၂-၂၀၁၃ ဒုတိယရာသီအတွက် ကမ္ဘာ့သကြားရောင်းချမှုက ဝယ်လိုအားထက်ကျော်လွန်နိုင်တာကြောင့် နှစ်ကုန်ပိုင်းမှာ သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဆင့် (တစ်တန်ကန်ဒေါ်လာ ၄၄၁) အောက်ကို ကျဆင်းနိုင်တယ်လို့ F.O Licht Gmbh မှ ခန့်မှန်းထားပါတယ်။ ဈေးနိမ့်ကျခြင်းကြောင့် တင်သွင်းသူများ က များစွာပြန်လည်သိုလှောင်ထားနိုင်တယ် လို့လည်း ဆိုပါတယ်။
၂၀၁၅ မှာ ကမ္ဘာ့တာယာဝယ်လိုအား ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၃ ဒသမ ၃ ဘီလီယံကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ တာယာဈေးကွက်တွေမှာ တန်ဖိုးအားဖြင့် နှစ်စဉ် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဝင်ငွေဒေါ်လာ ၂၂၀ ဘီလီယံခန့်ပိုမိုရရှိနိုင်ကြောင်း သိရပါတယ်။ ၂၀၁၅ မှာ အကြီးဆုံး မော်တာ်ကားတာယာဈေးကွက်တွေ အရှိန်အဟုန်နဲ့ တိုး တက်လာတာကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့ အခြားယာဉ်များရဲ့ တာယာလုပ်ငန်းများ လည်း ပိုမိုအားကောင်းလာနိုင်ကြောင်း သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဘက်နိုင်ငံသို့ ရော်ဘာတင်ပို့လျက် ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာတော့ မူဆယ်မှ MSR-20 တန် ၁၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၆၉၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၇၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၆၀၊ စင်ကာပူကို ၂၄၂ တန်နဲ့ မလေးရှားကို ၂၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုလေးပုံသုံးပုံခန့် ကျဆင်းခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ ၈၉၃ တန် တင်ပို့နေတာ တွေ့ရပါတယ်။FOB (ရန်ကုန်)ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။ K.Z.W
၂၀၁၂ ခုနှစ်အတွင်း တောင်ကိုရီးယားရဲ့ပြောင်းတင်သွင်းမှုတိုးတက်လာနိုင်တယ် လို့ ခန့်မှန်းထားတယ်။ကမ္ဘာမှာတတိယမြောက် ပြောင်းတင်သွင်းမှု အများဆုံးတောင်ကို ရီးယားရဲ့ မွေးမြူရေးကဏ္ဍက ယခင်နှစ်က ခွာနာလျှာနာရောဂါဒဏ်ကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရာ ပြောင်းတင်သွင်းမှုလျော့ကျခဲ့တယ်။
မန္တလေးဈေးကွက်မှ မူဆယ်ဈေး ကွက်ကို ပြောင်းဖူးစေ့တင်ပို့မှုနည်းလာ ခဲ့ကြောင်း တွေ့ရပါတယ်။ သီးနှံသစ် စထွက်ချိန် ၂၀၁၁ သြဂုတ်လမှာ မူဆယ် ကို ပြောင်းဖူးစေ့ တန် ၂၁၈၀၀ ခန့်၊ စက်တင်ဘာမှာ တန်ချိန် ၁၅၀၀၀ ခန့်၊ အောက်တိုဘာလမှာ တန် ၁၁၀၀၀တင် ပို့နိုင်ခဲ့ပြီး၊ တင်ပို့မှုအရှိန် တဖြည်းဖြည်း လျော့လာခဲ့တာဟာ အခုနှစ် ဇန်နဝါရီ လမှာ ၁၂ တန်သာ တင်ပို့နိုင်ခဲ့ပြီး၊
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၅၂၈ တန်ကို ဖေဖေါ်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၂၀ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါ တယ်။ ယခုအပတ်မှ မူဆယ်မှ ၆၀၇၇ တန်နဲ့ ချင်းရွှေဟော်မှ ၄၅၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဖက်မြေပြင်ဈေးမှာအနည်းငယ်လျော့နည်းလျက်ရှိပါတယ်။ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -
ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၄၅၆ တန်တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၂၅ သန်းဖိုး တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်ကထက် သုံးပုံနှစ်ပုံခန့် အပို့လျော့ခဲ့ တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ ဖိလစ်ပိုင်တစ်နိုင်ငံထဲကို ဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ၆၅၂၈ တန် တင်ပို့ခဲ့တာတွေ့ရ ပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန် ဒေါ်လာ(၂၇၅-၂၉၅)ကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။ K.Z.W
