Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကြောင့် ပဲခွဲစက်များနဲ့ ကုန်သည်များမှ အရောင်းအဝယ်လှုပ်ရှားမှုနည်းပြီး ပဲတီစိမ်းဈေး တည်ငြိမ်နေပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၈၈၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၆၃ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အရောင်းအဝယ်ဖြစ်မှု အများဆုံးပဲကတော့ ပဲတီရွှေဝါ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၇-၂၃ ရက်) အတွင်းမှာလည် တန်ချိန် နှစ်သောင်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ် သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်အထိ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၁၁၀၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ အရည်အသွေးကောင်း ပဲတီရွှေဝါများကို တရုတ်ဝယ်လက်များ ကြိုက်နှစ် သက်သလို အိန္ဒိယဘက်ကလည်း အဆွဲရှိတာကြောင့် တင်ပို့မှုပိုမိုလာခြင်း ဖြစ် တယ်လို့ သိရပါတယ်။
ပြည်ပဲ ပွဲရုံတွေမှာ ပဲလွန်းဖြူသီးနှံ အနေနဲ့ ယခင်တစ်ပတ်က ပဲတစ်တင်း ကို ၁၇၅၀၀ ကျပ်ဈေးရှိပြီး၊ ယခုတစ် ပတ် ၁၆၀၀၀ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ပဲဝင်ရောက်မှု မရှိတော့ ဘဲ ပဲဈေးမှာလည်း လျော့သွား ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် လက်ကျန်ပဲ များကိုသာ ရောင်းဝယ်မှုရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုမှာ လည်း အနည်းငယ်အေးသွားခဲ့ကြောင်း သိရပါ တယ်။မိမိအေး
မူဆယ် ၁၀၅ မိုင်နဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဖေဖေါ်ဝါရီ လ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိပဲလွန်းဖြူ တန် ၃၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၃၃၆ တန်ကျော်နဲ့ မြဝတီမှ ၈ တန်ခန့် တင်ပို့ ခဲ့တာဖြစ်ပြီး ယခင်အပတ်ထက် ၂ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ MIRT (DOBT)
ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ တွေ ဝင်ရောက်လာနေပြီဖြစ်ပြီး နိုင်ငံ စုံက အဝယ်ရှိလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု များလာတာ တွေ့ ရပါတယ်။ ယခုတစ်ပတ် (ဖေဖော် ဝါရီလ ၁၃-၁၇)အတွင်း အိန္ဒိယ၊ အင်ဒို နီးရှား၊ ကိုရီးယား၊ မလေးရှား၊ နယ်သာ လန်၊ ပါကစ္စတန်၊ စင်ကာပူ၊ ယူအေအီး နဲ့ ဗီယက်နမ်တို့ကို စုစုပေါင်း တန်ချိန် ၉၂၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။
ဒီတစ်ပတ်အတွင်း လွိုင်ကော်ဈေးကွက်ကို ပဲစင်းငုံသစ်တွေ လှိုင်လှိုင်ကြီး ဝင်လာနေတာတွေ့ရပါတယ်။ အခုလိုအဝင်လှိုင်ပေမဲ့ ဈေးကလည်းစွာနေဆဲပါ။ အဖြူလုံးကြီး တစ်ပိဿာကို ၅၃၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၆၇၀ ကျပ်အထိ ပွဲရုံဝယ်ဈေးရှိနေတာကြောင့် ယခင်အပတ်ကထက် ဈေးမာလာတာတွေ့ရပါတယ်။
၂၀၁၂ ခုနှစ် အတွင်းအာဖရိကနိုင်ငံတွေမှ အိန္ဒိယကို ပဲမျိုးစုံတင်ပို့မှုက ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ဝန်းကျင်မြင့်မားနိုင်တယ်လို့ ခန့်မှန်းကြတယ်။ အဓိကမှာ လာမယ့်နှစ်အနည်းငယ်မှာ အာဖရိကက အိန္ဒိယကို ပဲစင်းငုံတင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ ပဲလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲပြုပြင်ထုတ်လုပ်သူ များမှ ဝယ်လိုအား ပါးတာကြောင့် ပဲစင်းငုံဈေးနှုန်း အပြောင်းအလဲအနည်းငယ် ရှိပါတယ်။ မြန်မာပဲစင်းငုံကိုလည်း ဝယ်လိုအား ကျဆင်းတာကြောင့် ဈေးအနည်း ငယ် ကျဆင်းပါတယ်။
