Main menu

Background

Saturday, 4 Feb 2012

                ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၄၀ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၂၉ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ၃ ဆမျှ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နိုင်ငံ အလိုက် တင်ပို့မှုတွေကတော့ စင်ကာပူကို တန် ၁၀၀ ကျော်၊ ဗီယက်နမ်ကို ၁၀၅ တန်၊ တရုတ်ကို တန် ၆၀၀ ကျော်နဲ့ မလေးရှားကို ၇၃၅ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၇၀၀ ကျော် မှန်တန်းလေး ပို့ နေတာ တွေ့ရပါတယ်။FOB(ရန်ကုန်) ဈေးကတော့RSS-3 တစ်တန်ကို (၃၄၀၀ - ၃၅၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၃၀၀ - ၃၄၀၀) ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Saturday, 4 Feb 2012

                     အမေရိကန်မှာ အီသနောပြုလုပ်ဖို့ ပြောင်းကို ပိုမိုသုံးစွဲလာခြင်းက ကမ္ဘာ တစ်ဝန်းပြောင်းဈေးကို မြှင့်တင်ဖု့ိ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့FAO ရဲ့ ညွှန်ကြားရေးမှူးချုပ်သစ် Jose Graziaro da Silva က ပြောကြားပါတယ်။ စွမ်းအင်ထုတ်လုပ်ဖို့ စားနပ်ရိက္ခာအသုံးပြုတာကို FAO ရဲ့ ဆန့်ကျင်မှုကလည်း မြင့်တက်နေတယ်လို့ ဘာလင်မြို့မှာ စိုက်ပျိုးရေးဝန်ကြီး ၆၄ ဦးကို Graziaro da Silva ကပြောကြားပါတယ်။အထူးသဖြင့်တော့အမေရိက က ပြောင်းသုံးစွဲမှုနဲ့ ဥရောပမှာ ဆီထွက်သီးနှံသုံးစွဲမှုလို ပြဿနာတွေကို ဆိုလိုပါတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၂၀ ရက်ချီကာကိုမှာ ပြောင်းကြိုပွိုင့်ဈေးဟာ တစ်ဘူရှယ်ကန် ဒေါ်လာ ၆ ဒသမ ၁၁၅ (တစ်တန် ကန်ဒေါ်လာ ၂၄၅)ရှိခဲ့လို့ လွန်ခဲ့တဲ့ ၁၀ နှစ် မှာ ဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ ၂ ဒသမ ၁၁၇၅ (တစ်တန် ကန်ဒေါ်လာ ၈၅)ထက်၃ဆ နီးပါး မြင့်တက်နေပါတယ်။ အမေရိကန်က လောင်စာဆီအတွက် ပြောင်းကို သုံးစွဲ နေပြီး၊ ဥရောပမှာလည်း ဇီဝလောင်စာပြုလုပ်ဖို့ မုန်ညှင်းစေ့ကို အသုံးပြုတာကြောင့် လို့ ဆိုပါတယ်။                          ယခုအခါ ဈေးနှုန်းအသေးစိတ်ကို စောင့်ကြည့်နေကြောင်း၊ အမေရိကန်က ဇီဝလောင်စာအတွက် ပြောင်းကို အသုံးပြုခြင်းဟာ ကမ္ဘာ့ပြောင်းဈေးကို ထိခိုက် တယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူးလို့လည်း ဆိုပါတယ်။ ဘရာဇီးမှာ ကြံမှအီသနောထုတ်လုပ်မှုဟာ စုစုပေါင်းသုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းရှိပြီး၊ လက်ရှိအချိန်မှာ နိုင်ငံတကာဈေးကွက်များအတွင်း သကြားဈေးကို ထိခိုက်မှုမရှိသေးဘူးလို့ ဘရာဇီး လူမျိုး FAO ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။ လက်တင်အမေရိကားနိုင်ငံတွေမှာ လေ့လာခဲ့ပြီးတဲ့အနက် အဲဒီဒေသမှာ ၄ နိုင်ငံသာ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်ခြင်းမရှိဘဲ ဇီဝလောင်စာ တိုးချဲ့ထုတ် လုပ်နိုင်တာတွေ့ရတယ်လို့ ၎င်းင်းကဆိုပါတယ်။ အဲဒီနိုင်ငံတွေကတော့ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာကွေးနဲ့ ကိုလံဘီယာတို့ဖြစ်ပါတယ်။ FAO ရဲ့စည်းမျဉ်းက စားနပ် ရိက္ခာ ဖူလုံမှုကို ပထမအနေနဲ့ သတ်မှတ်ထားတာဖြစ်လို့ သီးနှံတွေကို ဇီဝလောင်စာ ထုတ်လုပ်မှု အသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။ ယမင်းခင် Source: Bloomberg

Saturday, 4 Feb 2012

                 ကယားပြည်နယ်လွိုင်ကော်မြို့ရှိ သီးနှံပွဲရုံများမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ပြောင်းစတင်ထွက်ပေါ်ချိန်ကစပြီး၊ အစေ့ထုတ်ပြောင်းတစ်ပိဿာကို ၂၁၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။အောက်တိုဘာလမှာတစ်ပိဿာ၁၈၀ ကျပ်ဝန်းကျင်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ရာမှ တဖြည်းဖြည်းပြန်လည်ဈေးမာလာခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်မှာတော့ တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ပြောင်းတင်ပို့နိုင်မှုမှာလည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ၄၀၇၈၁ အိတ်၊နိုဝင်ဘာလ မှာ ၉၁၆၀၅ အိတ်၊ ဒီဇင်ဘာလမှာ ၉၇၂၉၅ အိတ်ကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ မြို့များကို အသီးသီးတိုးတက်တင်ပို့ခဲ့တာကြောင့် ပြောင်းဈေးမြင့် လာသလို တင်ပို့မှုလည်း ပိုလာတာတွေ့ရပါတယ်။ မင်းအောင်

Saturday, 4 Feb 2012

                      ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းများကနေ ပြောင်းဖူးစေ့ ၅၆၆၂ တန်နီးပါး၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် ထက်ဝက်နီးပါး တင်ပို့မှု ကျဆင်းတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် သယ်ယူခနှုန်းထားကတော့ ၁၀ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။ မိမိဖက်ဈေး မြင့်တက်ပေမယ့် တစ်ဖက်နိုင်ငံဈေး ကျဆင်းတာတွေ့ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု           ယခင်        ပြောင်းလဲမှု    %       ယခု       ယခင်  ပြောင်းလဲမှု    %ပြောင်းဖူးစေ့       ၂၆၅၈၃၆       ၂၅၄၄၉၆       ၁၁၃၄၀    ၄ .၂      ၃၀၀       ၃၀၇        ၇            ၂ .၃MIRT (DOBT)

Saturday, 4 Feb 2012

                   ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၁၆၆ တန်၊တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၆၀၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု ထက်ဝက် ကျဆင်းခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ မလေးရှားကို တန် ၁၂၀၊ စင်ကာပူကို ၁၀၀၈ တန်နဲ့ ဖိလစ်ပိုင် ကို ၁၀၃၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကလည်း နှစ်ကူး ရာသီအလုပ်ပိတ်ရက်များရှိတာကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ တင်ပို့နိုင် ခဲ့ပါ တယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Friday, 3 Feb 2012

                 ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကြက်သွန်နီဈေးကွက် ကို ယခုတစ်ပတ်အတွင်း မကွေးတိုင်းမှ ကြက်သွန်နီ အသစ် များအဝင်များလာတဲ့အတွက် ဈေးပြန်ကျသွားခဲ့ပါတယ်။ ဇန်နဝါရီလဒုတိယပတ်မှာ ကြက်သွန်နီ (ကြီး) တစ်ပိဿာကို ၆၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုဇန်နဝါရီလ စတုတ္ထပတ်မှာ (ကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (သေး) ၂၀၀ ကျပ်တို့နဲ့ တစ်နေ့ ၃၅ ပိဿာဝင်အိတ် ၃၀၀ ခန့်နဲ့ အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်

Friday, 3 Feb 2012

              ပြည်ဈေးကွက်ကို မကွေးတိုင်း၊ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခု တစ်ပတ်မှာ ပိဿာ ၂၀ ဝင်အိတ်၊ ၃၅၀ ခန့်နဲ့ အဝင်သွက်လာတယ်လို့ သိရပါတယ်။ အဝင်သွက်သလို ငရုတ်သီးမှုန့်လုပ်ငန်းများမှာ အဆွဲများလို့ အရောင်းအဝယ်မှာ သွက်လျက်ရှိနေပါတယ်။ ပြည်ငရုတ်ခြောက်ဈေးကွက်မှာ တစ်ပိဿာ (ရှည်) ၃၄၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့ရှိပြီး၊ ပုံမှန်ဈေးနဲ့ ရောင်းဝယ် နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်

Friday, 3 Feb 2012

                      ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၇၃ ဒသမ ၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်း တင်ပို့မှုတွေက ပါကစ္စတန်နိုင်ငံကို ၉၈ ဒသမ ၂ တန်၊ အင်ဒိုနီးရှားကို ၁၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန်နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စပိုင်းမှစပြီး အပတ်စဉ်မန်ကျည်းတင်ပို့မှုရှိနေခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ၇၄၀ နဲ့တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Friday, 3 Feb 2012

                အိန္ဒိယနိုင်ငံအတွင်း နနွင်းတောင်သူများဟာ ဈေးနှုန်းထိုးကျဆင်းနေတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာကြောင့် အစိုးရက အလေးထားလာစေဖို့ နနွင်းတောင်သူများဟာ နိုင်ငံရဲ့နနွင်းအကြီးဆုံးဈေးကွက်ဖြစ်တဲ့ အီရော့မှာနနွင်းနမူနာများ လေလံတင်ခြင်းကို ဇန်နဝါရီလ ၂၄ ရက်ကစပြီး ၃ ရက်ကြာရပ်တန့်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၀ ခုနှစ်မှာ နနွင်းတစ်တန် ရူပီး၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃)ထိ မြင့်တက်ခဲ့ရာမှ ယခုအခါမှာတော့ ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) သာရှိတယ်လို့ဆိုပါတယ်။ နနွင်းသစ်မဝင်လာမီတောင် ဒီဈေးမှာရှိနေရင် နနွင်းသစ်စပြီးဝင်လာရင် ဘယ်ဈေးဖြစ်လာဦးမလဲ မသိဘူးလို့ ပြည်နယ်ဈေးကွက်မှဆိုပါတယ်။                 ၂၀၀၈-၂၀၀၉ မှာနနွင်းတစ်တန် ရူပီး ၈၀၀၀၀-၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၅၉၇-၁၉၉၆) ရှိခဲ့ပေမဲ့ ၂၀၀၉-၂၀၁၀ မှာ ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်သူတွေက ၂၀၁၀-၂၀၁၁ မှာ နနွင်း ဈေးမြင့်တက်ဦးမယ်လို့ခန့်မှန်းပြီး စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ တမီလ်နာဒူးစိုက်ပျိုးရေး တက္ကသိုလ်ရဲ့ ပြည်တွင်းပြည်ပ ဈေးကွက်ရှာဖွေရေးအဖွဲ့က နနွင်းတောင်သူတွေကို ၂၀၁၁ ဇူလိုင်လမှာ ၎င်းင်းတို့သိုလှောင်နနွင်းတွေ ချက်ချင်းထုတ်ရောင်းဖို့ သတိပေးခဲ့ပါတယ်။ ၂၀၁၀ ဇွန်လမှာ တစ်တန် ရူပီး ၁၅၀၀၀၀ (ကန်ဒေါ်လာ ၂၉၉၄) ကနေ တစ်တန်ရူပီး ၆၅၀၀၀- ၇၀၀၀၀ (ကန်ဒေါ်လာ ၁၂၉၇-၁၃၉၇) ထိ ကျဆင်းခဲ့တာကြောင့် အဲဒီလိုသတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဈေးနှုန်းကျဆင်းခဲ့ခြင်းဟာ နနွင်းစိုက်ဧရိယာ ၂၅ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းနဲ့ ထုတ်လုပ်မှု ကလည်း ၂၀၀၉-၂၀၁၀ မှာ ၁၀၀ ကီလိုပါ အိတ် ၄၈ သိန်းရှိရာမှ အိတ်ပေါင်း ၇၀သိန်းထိ ၄၅ ရာခိုင်နှုန်းခန့် တိုးတက်လာ တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့မှုကလည်း ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း နနွင်းလက်ကျန်က ၂၀၀၉-၂၀၁၀ မှာ အိတ်ပေါင်း ၇ သိန်းခန့်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ မှာ ၁၁ သိန်းထိ တိုးတက်ခဲ့ပါတယ်။              တမီလ်နာဒူးပြည်နယ်မှာပင် နနွင်းစိုက်ဟက်တာ ၄၃၀၀၀ ထိတိုးတက်ခဲ့သလို ၂၀၁၀ ဒီဇင်ဘာလမှာ မိုးရွာသွန်းခဲ့တဲ့အတွက် အရည်အသွးလည်း ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ နနွင်းလက်ကျန် အရည်အသွေးနဲ့ ပြည်ပဝယ်လိုအားနည်းခြင်းတွေကြောင့် နနွင်းဈေး အကျဘက်ဆင်းရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အီရော့ခရိုင်တစ်ခုထဲမှာပင် ဟက်တာ ၂၆၀၀၀ ထိမြင့်တက်ကာ တစ်ဧကအထွက်နှုန်းမှာ ၂ တန်-၂ ဒသမ ၂ တန်ထိရှိခဲ့ပြီး၊ တစ်ဧကစိုက်ပျိုးစရိတ်မှာ ရူပီး ၁ ဒသမ ၂၅ သိန်း (ကန်ဒေါ်လာ ၂၄၉၅) ကုန်ကျတယ်လို့ တမီလ်နာဒူး ပြည်နယ် ဥက္ကဌကဆိုပါတယ်။              ဒါကြောင့် လက်ရှိဈေးနှုန်းအတိုင်း ဆက်ရှိနေတယ်ဆိုရင် တောင်သူတွေက တစ်ဧကကို ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၈) ခန့်ထိ ဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ဆိုပါတယ်။ စိုက်ပျိုးစဉ်က နနွင်းတစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၉၃) ဈေးဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ Mysore ခရိုင်မှာလည်း အလားတူဆုံးရှုံးမှုတွေရှိလို့ တောင်သူများဟာ အစိုးရက နနွင်းတစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၉၆) ဈေးနဲ့ ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ယမင်းခင် ှSource: hindubusiness

Friday, 3 Feb 2012

                ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းစိုက်ဒေသတစ်ခုဖြစ်တဲ့ နမ့်စန်ကထွက်တဲ့ချင်း တွေလည်းဈေးကွက်ကိုစပြီး ဝင်လာပါပြီ။ လောလောဆယ်တော့ အဝင်အနည်းငယ် သာရှိနေပြီး ၂ လပိုင်းလောက်မှသာ လှိုင်လှိုင်ဝင်လာနိုင်တယ်လို့သိရပါတယ်။ နမ့်စန် ချင်းသစ်က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းတွေလည်း အဝင်နည်း နေပါသေးတယ်။ ခြံရှင်တွေက ကြိုက်ဈေးမရလို့မဖော်သေးဘဲစောင့်နေပါတယ်။ အစိုဈေးကိုလည်း ကြိုက်ဈေးမရခဲ့ရင် ပြုတ်ခြောက်သာလုပ်တော့မယ်လို့ လည်းသိရ ပါတယ်။ ဟိုပုံးချင်း (နီ)ကလည်း တစ်ပိဿာ ၂၅၀ ကျပ်ဈေးသာရှိပြီး၊ ချင်းခြောက် က တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်ဈေးရှိပါတယ်။                    အောင်ပန်းဈေးကွက်မှာတော့ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ် တွေကထွက်တဲ့ ချင်းတွေက လှိုင်လှိုင် ဝင်နေတယ်လို့သိရပါတယ်။ အဝင်များပေမဲ့ ချင်း ထိုးသမားတွေနဲ့ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတဲ့ အတွက် ရောင်း အားလည်းလျော့နေတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ၂၅၀ ကျပ်မှ ၃၅၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် (အသစ်)ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ အဟောင်းက တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Pages