Background
အောင်ပန်းဈေးကွက်မှာတော့ ဒီတစ်ပတ်ချင်း (စို) တွေ အဝင်မရှိသလောက် ပါပဲ။ မိုးတစ်ပတ်လုံးရွာနေတာကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။ မိုး ကလည်းအဆက်မပြတ်ရွာနေတာကြောင့်အရောင်းကလည်းပါးနေပါတယ်။
ဒီတစ်ပတ်ဟိုပုံးချင်းဈေးကွက်မှာ ချင်းစိုတစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ရှိပြီး၊ ချင်းခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။ ယခုအချိန်က ချင်းတူး ဖော် ချိန်ဖြစ်ပေမဲ့ တောင်သူများကဈေးမကြိုက်သေးတဲ့အတွက် သိပ်မတူးသေးဘဲ ဈေး စောင့်နေကြတယ်လို့သိရှိရပါတယ်။
ယခုတစ်ပတ်မှာ မြေထောက်ပဲ၊ ထောပတ်ပဲနဲ့ အခြားပဲများ ပြည်ပတင်ပို့မှု ပိုမိုလာသလို အရောင်းအဝယ်ဖြစ်မှုလည်း များလာခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ တစ်ပတ်အတွင်း ပြည်ပတင်ပို့မှုအနေနဲ့ မြေထောက်ပဲ တန် ၁၈၀ ကျော်ကို ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနဲ့ ဖိလစ်ပိုင်ကို တင်ပို့ပြီး တရုတ်နိုင်ငံကို ထောပတ်ပဲ ၄၈ တန်၊ စင်ကာပူကို ပဲယင်း ၇၅ တန်၊ စင်ကာပူကို ပဲကြီး ၇၂ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ ၆၃ တန် အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရဲ့ သမိုင်းဝင်ရွှေဥမင်သဘာဝလှိုင်ဂူတော်ဘုရားခြေတော်ရင်းမှ ငှက်ပျောတော ရပ်ကွက်ဟာ ရှမ်းစက္ကူ၊ ယပ်တောင်၊ စာအုပ်၊ စာအိတ်၊ အလှဆင်မီးပုံးနဲ့ စက္ကူထီးထုတ်လုပ်တဲ့ အိမ်တွင်းမှုရပ်ကွက် ကလေးဖြစ်ပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာလည်း တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ယခင်နှစ်စမှာ ကုလားပဲတစ်တင်း ၂၃၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုနှစ် နှစ်စမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းကို အဝင်မရှိပဲ လက် ကျန်များနဲ့သာ ရောင်းဝယ်လျက်ရှိပါတယ်။
မုံရွာကုန်စည်ဒိုင် ၂၀၁၂ ခုနှစ် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ အဝယ်အရောင်း ပုံမှန်ဆက်လက်ဖြစ်နေပြီး၊ နှစ်ကုန်ပေါက်ဈေးမှာပဲ ဆက်လက်တန့်နေတာတွေ့ရပါ တယ်။ ဈေးကွက်ထဲမှာတော့ Export တန်းဝင် V2, 929 နဲ့ တိုင်ပေကုလားပဲတွေကို ဝယ်လိုအားများပေမယ့်ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယရဲ့ ဆောင်းပဲမျိုးစုံစိုက်ပျိုးမှုမှာ အဓိကအားဖြင့် ကုလားပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ထိ ကုလားပဲစိုက်ပျိုးမှုဟာ ဟက်တာ ၈ ဒသမ ၆၄ သန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၁၈ သန်းထက် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းနေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေသတွင်း အဝယ်ရှိတာကြောင့် လက်ငင်း ဈေးမြင့်တက်ခဲ့ပါတယ်။ဒါ့အပြင်လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကာဘူလီ ကုလား ပဲရိတ်သိမ်းစဉ်မိုးရွာသွန်းမှုကြောင့်လည်းဈေးမြင့်တက်ခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ကုလားပဲလက်ကျန် ပြတ်လုနီးပြီဖြစ်လို့ ပြည်ပ တင်ပို့ဖို့အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် ပင်လယ် ရေကြောင်းက ၉၆ တန်တင်ပို့မှုရှိနေသေးတာ တွေ့ရပါတယ်။ ပဲအသစ်မဝင်မီ ပဲလက်ကျန်နည်းနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်များမှာလည်း အရောင်းအဝယ် ဖြစ်မှု နည်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ၊ ပဲယင်း၊ ပဲပုပ်စေ့၊ ပဲကြီးနဲ့ မြဝတီနယ်စပ်မှ မတ်ပဲများ တင်ပို့နိုင်တာ တွေ့ရပါတယ်။
