Background
ရန်ကုန် FOB ဈေးနှုန်း ၁၆-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 590 600 မတ်ပဲ (အက်စ်ကြူ) 640 650 ပဲတီစိမ်း (ပခုက္ကူ) 720 720 ပဲတီစိမ်း (ရွှေဝါ) 780 780 ပဲတီစိမ်း (အညာ) 700 700 ပဲစင်းငုံ (အနီ) (သစ်) 540 560 ပဲစင်းငုံ (ဖြူနီ) (သစ်) 440 460 ပဲစင်းငုံ (ဖြူ) (သစ်) 440 460 ကုလားပဲဖြူလုံးကြီး 960 960 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 790 790 ပဲလွန်းဖြူ (အက်စ်ကြူ) 900 900 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730 သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။
ဗီယက်နမ်သကြားနဲ့ကြံအသင်း (VSSA) မှ ပိုလျှံသကြားများတင်ပို့ဖို့ ပြည် တွင်းထုတ်လုပ်သူများကိုခွင့်ပြုရေးအစိုးရ ကိုတင်ပြထားကြောင်းသိရပါတယ်။ ပြည် တွင်းထုတ်သကြားများ ပြည်တွင်းလိုအပ်ချက်ပြည့်မီတဲ့ ၁၀ နှစ် နောက်ပိုင်း ပိုလျှံ သကြားတင်ပို့ဖို့ ယခုအကြိမ်ဟာ ပထမဆုံးအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၄၁၀၃ တန်ခန့်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၃၄၆၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၄၇၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၃၅ သန်းဖိုး တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှားကို ၃၅၂ တန်နဲ့ စင်ကာပူကို တန် ၁၂၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၀၀၀ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ နယ်စပ်ကနေတော့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း တွေကနေ တန်ချိန် ၂၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်း လဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅)ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW
ရေနံ (သို့မဟုတ်) ရော်ဘာကို ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းထက် သကြားကို ကုန်ကြမ်းအဖြစ်သုံးပြီး အစိမ်းရောင် တာယာများနဲ့ လမ်းမများထက်မှာ မောင်းနှင်နိုင်တော့မှာဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားလိုက်ပါတယ်။ တာယာကုမ္ပဏီများနဲ့ ဇီဝနည်းပညာအဖွဲ့များ ပူးပေါင်းပြီး ဇီဝဗေဒ အခြေခံတဲ့ တာယာအသစ်အမျိုးအစားကို တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ထိပ်တန်းရော်ဘာထုတ်လုပ်သူများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများက ဒေသတွင်းဈေးကွက်ကို ဈေးနှုန်း မှန်ကန်အောင် ပြန်လည်တည်ဆောက်မှာဖြစ်ပြီး လာမယ့်ကာလများမှာ တောင်သူတွေအတွက် ဈေးနှုန်းမှန်ကန်စွာ ရရှိရေး ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မွန်ပြည်နယ်ရော်ဘာစိုက်ဧက ၄ ဒသမ ၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့လို့ ယခင်နှစ်ထက် ဧက ၁၃၀၀၀ ကျော် ပိုမိုခဲ့ပါတယ်။ ယခုနှစ် အစေးလှီးဧက ၂၈၀၀၀ မှ တန် ၈၀၀၀၀ ထွက်ရန် ရည်မှန်းထားပြီး၊ နိုဝင်ဘာလ ၃၀ ရက် ထိ တန် ၅၆၀၀၀ ထွက်ပြီးကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၀ ကျော်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အဆင့်လိုက်ရော်ဘာတင်ပို့နိုင်မှုများမှာ RSS-3 ၄၆၃ တန်ကျော်၊ MSR-20 ၂၄၄ တန်ခန့်နဲ့ MSR-50 ၁၁၅ တန်ခန့်ဖြစ်ပါတယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၇၁ သန်းတန်ဖိုးရှိ RSS-3 တန် ၂၀ နီးပါးအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချင်းရွှေဟော် နယ်စပ်မှ ရော်ဘာတင်ပို့မှု ၂၇၆ တန် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆ သန်းတန်ဖိုးရှိ RSS-5 တန် ၁၀၀ နဲ့ MSR-50 တန် ၁၀၀ လည်း အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၄၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၁၆ တန် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မြိတ်မှအပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အဆင့်စုံတန် ၂၀၀ အပို့ရှိခဲ့ပြီး တာချီလိတ်နယ်စပ်ကယခင်အပတ်က RSS-1 တန် ၄၀ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာလမှာနယ်စပ်မှရော်ဘာ ၄၂၉၄ တန်အပို့ရှိခဲ့ပြီး ဧပြီလမှနိုဝင်ဘာလထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တန် ၂၁၈၅၀ ခန့်တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာ ဈေးများကိုကြည့်ရာမှာ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်ပိုမိုဈေးရတာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေးမှာတော့ RSS-3 ဈေးမှာ ယခင် အပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေး အနည်းငယ်လျော့နည်းလျက်ရှိပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၉၇၁၄ ၂၅၇၀၅၂၈ ၉၁၈၆ ၀ .၃၆ ၃၃၁၅ ၃၃၁၅ - -RSS - 5 ၂၂၄၂၁၃၂ ၂၂၃၂၉၄၆ ၉၁၈၆ ၀ .၄၁ ၂၉၉၉ ၃၁၅၇ ၁၅၈ ၅ MIRT (DOBT)
ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၆၅၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို ၄၇၄ တန်နဲ့ မလေးရှားကို ၅၉၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ရော်ဘာအထွက်ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ဈေးပါ ပြန်လည်မြင့်တက်လာတဲ့အတွက် ယခင်အပတ်ထက် တန်ချိန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကလည်း မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတွေ ကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့RSS-3 တစ်တန်ကို (၃၂၅၀-၃၃၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၁၅၀-၃၂၀၀) ကြား ဈေးရနေပါတယ်။KZW