Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်တဲ့ ပဲတွေအနက် ပဲစင်းငုံကတော့ လတ်တလောအရောင်းအဝယ် သွက် နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၉ - ၁၅) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီး ပဲအသစ်ဝင်ရောက်မှုလည်း နည်းနေသေးတဲ့အတွက် ဝယ်လို အားကောင်းနေပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၆၃၀၀ ကျော်ကို လျှော့ကျတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်လဘာလ ၅ ရက်မှ ၉ ရက်) အတွင်းမှာ တန်ချိန် ၇၂၀၀ ခန့် အထိပြန်တိုးလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်လိုက်လာတဲ့အတွက် တင်ပို့မှု ပိုလာတာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ မတ်ပဲစိုက်ဧက ၅ ဒသမ ၃ သိန်း ကျော်ရှိခဲ့ရာ ယနေ့ထိ မတ်ပဲ ဧက ၃ ဒသမ ၁ သိန်းကျော်စိုက်ပျိုးပြီးပြီလို့ သိရပါ တယ်။မတ်ပဲဈေးမှာမျိုးပဲတစ်တင်းကို ၁၆၀၀၀ ကျပ်ဈေးရှိပြီး၊ ပြည်ပွဲရုံတွေက လက် ကျန် မတ်ပဲတွေကတော တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ထုတ်ရောင်းကြပြီး၊ တစ်နေ့ကို အိတ် ၃၀၀- ၄၀၀ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲသိုလှောင်မှုပမာဏ လျော့နည်းလာ တဲ့အတွက် ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအတက်ဘက်ကို ရောက်ရှိလာ ခဲ့ပါတယ်။ ဒါ့အပြင် ရူပီးတန်ဖိုး ပိုမိုကျဆင်းလာပြီး တင်သွင်းဈေးကြီးမြင့်လာတဲ့ အတွက်လည်း ပြည်တွင်းဈေးများပိုမိုလာတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ ကို နေ့စဉ် အရောင်းအဝယ်ဖြစ်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ် က တန်ချိန် ၇၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်) အတွင်းမှာတော့ တန်ချိန် ၆၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ် (ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်) အတွင်း တန်ချိန် ၄၀၀၀ အောက်လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၄၅၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၄၇၁၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၉၄ သန်းကျော်ရရှိထားကြောင်း သိရပါ တယ်။
မန်းပြောင်းဈေးကွက်မှာ နိုဝင်ဘာတစ်လလုံး ပြောင်းရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်းဗမာ ၂၅၉ ကျပ်၊ ပြောင်းစီပီ ၂၆၉ ကျပ်တို့ဖြင့် အမြင့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှအပ ကျန်မြို့နယ်များမှာ ကြံစိုက်ပျိုးကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ် ချက်ကြံရင့် စိုက်ဧက ၁၈၀၀၀ ခန့် စိုက်ပျိုးပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ ဧက ၅၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလမှာ ပြောင်းတန်ချိန် ၈၆၂၅၈ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလထက် တန် ၂၆၈၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင်လည်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
ယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ ပြောင်းတန်ချိန် ၂၀၆၃၆ တန်၊ တန်ဖိုးကန် ဒေါ်လာ ၅ဒသမ၇၇၈ သန်းဖိုးကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့်အပို့လျော့ခဲ့ပါတယ်။
