Background
အောက်တိုဘာ ၁၀ မှ ၁၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မတ်ပဲ ၁၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှာ အပို့ရှိတာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနေနဲ့ တစ်တန် ကျပ် ၇၆၀၀၀ ကျော် လျော့ကျလျက်ရှိပြီး တစ်ဘက်နိုင်ငံဈေး သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာမှာ နယ်စပ်မှမတ်ပဲတင်ပို့နိုင်မှုမှာ ၃၁၅ တန်ရှိပြီး၊ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၁၈ ရက်ထိ နယ်စပ်မှ မတ်ပဲတင်ပို့မှုမှာ ၅၁၁ တန်ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၁၇၃၃၈ ၅၉၃၅၂၃ ၇၆၁၈၅ ၁၅ ၉၄၁ ၉၄၂ ၁ ၀ .၁MIRT(DOT)
အိန္ဒိယပြည်တွင်းဈေးကွက်များကို မတ်ပဲအသစ်များ ဝင်ရောက်လာခြင်းနဲ့ ဝယ်လိုအားနည်းလာတဲ့ အတွက် ဈေးကျဆင်းလာပါတယ်။ ရှိဗာဗူရီနဲ့ ကာတ်နီတို့မှ ဒေစီ မတ်ပဲများ ဝင်ရောက်မှု မြင့်တက်လျက်ရှိပြီး ဒေလီမှာ မတ်ပဲအိတ် ၂ သိန်းဝန်း ကျင်ရှိတယ်လို့ သိရပါတယ်။ ပဲထွက်ရှိရာဒေသများက ပုံမှန်ဝင်ရောက်မှုရှိဦး မှာဖြစ်လို့ နောက် ၄ ရက်အတွင်းမှာ မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ် လာ/တန် ၂၁-၁၀-၁၁ ၁၉-၁၀-၁၁ ၁၈-၁၀-၁၁ ၁၇-၁၀-၁၁မွန်ဘိုင်း ၇၄၂ ၇၅၃ ၇၅၃ ၇၆၃ဒေလီ ၅၂၅-၆၄၆ ၅၂၉-၆၅၁ ၅၅၀-၆၅၂ ၅၅၃-၆၅၆ချန်နိုင်း ၇၉၈ ၈၁၄ ၈၁၄ ၈၃၀MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်လိုပဲ ယခုတစ်ပတ် မှာလည်း အရောင်းအဝယ်ဖြစ်မှု နည်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ မတ်ပဲ SQ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းအရောင်းအဝယ်ဖြစ်မှု တန်ချိန် ၅၄၀၀ ခန့်သာရှိခဲ့ပါတယ်။ အိန္ဒိယဝယ်လက်အနည်းငယ်သာ အဝယ်ရှိနေခြင်းနဲ့ ယခုသီတင်းပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် အရောင်းအဝယ်နည်းပြီး ဈေးလည်းအေးနေပါတယ်။ ကုန်သည်ကြီးတွေရဲ့ ခန့်မှန်း ချက်အရ အိန္ဒိယမတ်ပဲ အသစ် ဈေးကွက်ထဲ ဝင်ရောက်မှုနည်းမယ့် နိုဝင်ဘာလကုန် ဒီဇင်ဘာလမှာတော့ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းအပြောင်းအလဲများ ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၁-၁၀-၁၁ ၇၅၀-၇၇၀ ၈၁၀-၈၃၀၁၄-၁၀-၁၁ ၇၄၀-၇၆၀ ၈၁၅-၈၃၅MIRT(MAPT)
အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်တွေ နေရာယူထားတဲ့အတွက် မြန်မာ့ပဲကို ဝယ်လိုအားနည်းတာကြောင့် ယခုတစ်ပတ်ပင်လယ်ရေကြောင်းက ပဲတင်ပို့မှု သိသိသာသာကျဆင်းခဲ့ပါတယ်။ ပုံမှန်အားဖြင့် အပတ်စဉ် တန်ချိန် ၂ သောင်း ဝန်းကျင် တင်ပို့မှုရှိနေရာမှ အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်နေ့အထိ ယခု တစ်ပတ်မှာတော့ တန်ချိန် ၅၅၀၀ ခန့် သာတင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်းတင်ပို့မှုအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိမတ်ပဲစုစုပေါင်း တန်ချိန် ၄၂၈၀၀၀ ခန့် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၅၀၀၀ ကျော် နဲ့ ယှဉ်ရင် တန်ချိန် ၁၄၃၀၀၀ ကျော်ပိုမို တင်ပို့ပြီးဖြစ်တာ တွေ့ရပါတယ်။ မတ်ပဲအဓိကဝယ်ယူတဲ့ အိန္ဒိယမှာ ပဲအသစ် ဈေးကွက်အတွင်း ဝင်ရောက်မှုအများဆုံးကာလဖြစ်လို့ အရောင်းအဝယ် ဖြစ်မှု နည်းနေတဲ့အတွက် ယခုလအတွင်းတင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြည်တွင်း ထုတ်လုပ်မှုခန့်မှန်းချက်အပေါ် သုံးသပ်ပြီး ကမ္ဘာ့ဈေးနှုန်းအပေါ် တွက်ချက်ပြီးတဲ့ နိုဝင်ဘာလ ပထမပတ်အတွင်းမှာ ၂၀၁၁-၂၀၁၂ ဈေးကွက်ရာသီအတွင်း သကြားတင်ပို့ခွင့်အပေါ် ဆုံးဖြတ်သွားမယ်လို့ စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။ ၂၀၁၀-၂၀၁၁ ဈေးကွက်ရာသီ (အောက်တိုဘာ - စက်တင်ဘာ)အတွင်း အစိုးရက သကြားတန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခွင့် ပြုခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂အတွင်း သကြားထုတ်လုပ်မှု ခန့်မှန်းချက်ကို နောက်ရက်အနည်း ငယ်အတွင်း စိုက်ပျိုးရေး ဝန်ကြီး မစ္စတာရှရတ်ပါဝါနဲ့ အစည်းအဝေးပြုလုပ်ပြီး အပြီးသတ်ခန့်မှန်းချက် တွက်ချက်သွားမယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့လက စားနပ်ရိက္ခာဝန်ကြီးက ၂၀၁၀-၂၀၁၁အတွင်း သကြားထုတ်လုပ်မှုကို တန်ချိန် ၂၄ ဒသမ ၃ သန်းထက်ပိုပြီး တန်ချိန် ၂၄ ဒသမ ၆ သန်းကို တိုးမြှင့်ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာ ဝန်ကြီးရဲ့ ခန့်မှန်းတဲ့ ပမာဏဟာ စိုက်ပျိုးရေး ဝန်ကြီး ခန့်မှန်းထားတဲ့ တန်ချိန် ၂၅ သန်းထက် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် သကြားထုတ်လုပ်မှုကို တန်ချိန် ၂၆ သန်းမှ ၂၆ ဒသမ ၅ သန်းထိ ခန့်မှန်းထားပါတယ်။ ယမင်းခင် Source: Xinhua.com
မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးမှုန့် ၁၃၇ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်အထိအပို့ရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ၃ ဒသမ ၆၅၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၀၉၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ နှံစားပြောင်း ၂၆၈တန်အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ယခင်အပတ်က ပြောင်း ၁၄၂၅၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှုကတော့ ၈၈၉ တန်လျော့နည်း ခဲ့ပါတယ်။မိမိဘက်မှာရောတစ်ဘက်နိုင်ငံမှာပါပြောင်းဈေးမြင့်တက်နေပြီး တစ်ဘက် နိုင်ငံမှာတော့ နှံစားပြောင်းဈေး ကျလျက်ရှိပါတယ်။ နှစ်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၂၅၅၉ ၂၂၈၃၆၅ ၃၄၁၉၄ ၁၃ ၂၉၂ ၂၈၂ ၁၀ ၄နှံစားပြောင်း ၂၅၉၀၀၀ ၂၅၃၀၀၀ ၆၀၀၀ ၂ ၃၆၁ ၃၆၇ ၆ ၂MIRT(DOT)
အောက်တိုဘာ ၂ ရက်မှ ၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၇၃၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၉၆ သန်းကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံ ၄ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နှစ်ဆနီးပါးပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း ပြောင်းဖူးစေ့ တန် ၁၃၀၀၀ ကျော် အပြင် ပြောင်းဖူးမှုန့် ၁၃၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြောင်းဖူးစေ့ကို FOB စနစ်နဲ့ ပုံမှန်တင်ပို့ရာကနေ ဃှုၤ စနစ်နဲ့ တင်ပို့ ရန်ရှိကြောင်းလည်းသိရပါတယ်။လက်ရှိ FOB(ရန်ကုန်)ရဲ့ ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ၊ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက်လျက်ရှိပါတယ်။ KZW
တရုတ်နိုင်ငံက ထုတ်ကုန်တွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာကြောင့် အိန္ဒိယပြည်တွင်း တာယာစက်မှု လုပ်ငန်းတွေက ဝန်ထုပ်ဝန်ပိုးတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ကုန်ကြမ်းစရိတ်တွေ တစ်ရိပ်ရိပ် မြင့်တက်မှုကြောင့် စက်မှုလုပ်ငန်းများက ယခင်ကတည်းက ဖိအားနဲ့ရင်ဆိုင်နေကြရပါတယ်။ ကုန်ကြမ်း စရိတ်တွေထဲမှာ သဘာဝရော်ဘာဈေးနှုန်းလည်း ပါဝင်ပါတယ်။ မကြာသေးမီကာလတွေမှာပဲ တာယာကုမ္ပဏီတွေက ဒေါ်လာ ၁၆၉၆ သန်းဖိုးလောက် ရင်းနှီမြှုပ်နှံမှုတွေ ဆောင်ရွက်ခဲ့ပါ တယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်အထိ တာယာစက်မှုလုပ်ငန်းတွေ အားကောင်းခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေးကျဆင်းလာကာ ကုန်ကြမ်း ဈေးနှုန်း မြင့်တက်ခြင်း၊ အတိုးနှုန်းနှစ်ဆအထိမြင့်မားခြင်းနဲ့ လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယ မော်တော်ကားထုတ်လုပ်သူများအသင်းရဲ့ စာရင်းများအရ စီးပွားရေးလုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနဲ့ သုံးဘီးကား တွေရဲ့ဝယ်လိုအားက ၁၄-၁၆ ရာခိုင်နှုန်း မှ ၁၂-၁၄ ရာခိုင်နှုန်း၊ ၁၆-၁၈ ရာခိုင်နှုန်း မှ ၁၀-၁၂ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်း မှ ၈ - ၁၀ ရာခိုင်နှုန်းအထိ အသီးအသီးကျဆင်းခဲ့ပါတယ်။ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်မှာ တာယာသွင်းမှု ၁၇၈၇၀၀၀ ရှိပြီး ၆၈ ရာခိုင်နှုန်းက တရုတ်ကတင်သွင်းတာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာ တရုတ်တာယာက အဓိက အလုံး အရင်းနဲ့ ဝင်ရောက်နေကြောင်း သိရပါတယ်။ပြည်တွင်း ရော်ဘာဈေးနှုန်းကလည်း ကမ္ဘာ့ဈေးနှုန်းထက် မြင့်နေပြီး ထုတ်လုပ်မှုအမြင့်ဆုံး ရာသီကတည်းက မော်တော်ယာဉ် ဝယ်လိုအားကျဆင်းတာကြောင့် ရော်ဘာဝယ်လိုအားလည်း ကျဆင်းနေကြောင်းအစီရင်ခံစာ များအရ သိရပါတယ်။ ရော်ဘာအသင်းအနေနဲ့ သဘာဝရော်ဘာသုံးစွဲမှုပြဿနာကို အရေးကြီး အဆင့် ထားရှိပြီး ထိပ်တန်းဦးစားပေး အဆင့်အဖြစ် မူဝါဒချမှတ်ပေးသင့်ကြောင်း၊ မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်းရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းအနေနဲ့ ယခုလက်ရှိအခြေ အနေကို အသေးစိတ် လေ့လာပြီး အိန္ဒိယနဲ့တရုတ် ရော်ဘာ သုံးစွဲတဲ့ လုပ်ငန်းများကြားယှဉ်ပြိုင်မှု လုပ်ငန်းစဉ်များ ကာမိစေမယ့် မူဝါဒများ သုံးသပ် လေ့လာသင့်တယ်လို့ ၎င်းင်းကပြောကြားခဲ့ပါတယ်။ Source:Business Line,KZW
