Background
လာမည့်နှစ် အိန္ဒိယ သကြားထုတ်လုပ်မှု မြင့်မားမည်ခန့်မှန်း အိန္ဒိယမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်မဲ့ ၂၀၁၁-၂၀၁၂ သီးနှံဈေး ကွက် နှစ်အတွင်း သကြား ထုတ်လုပ်မှုတန်ချိန် ၂၄ ဒသမ ၆ သန်း ဝန်းကျင်အထိ ရောက်ရှိမယ် ခန့်မှန်းရာ ၂၀၁၀-၂၀၁၁ ထုတ်လုပ်မှု ပမာဏနဲ့ ယှဉ်ရင် ၁ ဒသမ ၂ ရာခိုင်နှုန်းမျှသာ ပိုမိုကြောင်း စားနပ်ရိက္ခာဝန်ကြီး KV Thomas က စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့တယ်။ ကြံစိုက်ဧကတိုးချဲ့ထားလို့ အထွက် တိုးမယ် ခန့်မှန်းကြောင်း ၊ လာမယ့်နှစ်အတွက် အထွက်နှုန်းကို ပထမဆုံးအကြိမ် ခန့်မှန်းခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေအရ အပြောင်းအလဲရှိနိုင်ကြောင်း Thomas က ပြောကြားတယ်။ ပပ၊ Source:business-standard.com
တက်ရိပ်ပြတဲ့ ပြောင်းဈေးကွက် မှန်းရခက်တဲ့ ပြောင်းဈေးကွက် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ယခုနှစ်သြဂုတ်လ(အလယ်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်နဲ့ ဆီဆိုင်မြို့နယ်များတွင် ရေခြံမှပြောင်းဖူးစေ့ အသစ်များအနည်း ငယ် စတင်ပေါ်ခဲ့ပါတယ်။ ယခုနောက်ပိုင်းတွင် ပိုမိုထွက်ရှိခဲ့ပြီး မိုးများသဖြင့် အစို ဓာတ်များတာကြောင့် အခြောက်ခံစက်ပိုင်ရှင်များနဲ့ ကုန်သည်များက တစ်ပိဿာ ၁၃၀ ကျပ်မှ ၁၆၀ ကျပ်အထိ ဈေးပေးဝယ်ခဲ့ပါတယ်။ အစိုဓါတ် ၃၀ နဲ့အထက် ဝယ်ယူထားတဲ့ ပြောင်းဖူးစေ့များကို နေလှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံပြီးပါက အစိုဓာတ် ၁၄ မှ ၁၆ အထိရှိသော ပြောင်းဖူးစေ့ကို တစ်ပိဿာ ၂၇၀ ကျပ်အထိ ဈေးပေးပြီး ဝယ်ယူကြပါတယ်။ ယခုအချိန်မှာ ပြောင်းဖူးစေ့လက်ကျန်(အဟောင်း)အနည်းငယ်သာ ကြက်စာ အတွက် ကျန်ရှိနေခြင်း၊ ရန်ကုန် တွင်ပုံမှန်လမ်းကြောင်းမှလိုအပ်မှုနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ်ဒေသမှ နယ်စပ်ကုန်သွယ်မှုအရ လိုအပ်ချက် များရှိခြင်းကြောင့် ပြောင်းဖူးစေ့ ဈေးအနည်းငယ် ဆက်တက်နိုင်တယ်လို့ ကုန်သည်တို့က မျှော်မှန်းကြပါတယ်။ တောင်ကြီးမှ ရန်ကုန်သို့ သယ်ခမှာ တစ်ပိဿာ ၆၅ ကျပ်ရှိပြီး၊ တောင်ကြီးမှ မန္တလေးသို့ သယ်ခမှာ ၃၂ ကျပ်သာရှိပါတယ်။ တောင်ကြီးမှ မန္တလေးသို့ ပြောင်းဖူးစေ့အသစ် တန်ချိန် ၂၅၀၀ ခန့် ယခုလအတွင်း တင်ပို့မှု ရှိခဲ့ပြီး မန္တလေး တွင် တစ်ပိဿာ ၃၄၀ ကျပ်၊ ရန်ကုန်တွင် တစ်ပိဿာ ၃၅၀ ကျပ်ပေါက်ဈေး ရှိခြင်းကြောင့် တောင်ကြီးမှ ပြောင်းဖူးစေ့ဟာ ကားခသက်သာတဲ့ မန္တလေးဝယ် လက်သို့သာ အဓိကတင်ပို့နေတာကို တွေ့ရပါတယ်။ သောင်းဒန်
ယခုအပတ် နယ်စပ်မှ ပြောင်းတန် ၁၁၆၀၀ ကျော် အပို့ရှိ စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၁၀၈၆ ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန် အပို့ ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၃၈၄၀တန် အပို့ပိုခဲ့ပြီး နှံစားပြောင်း ၁၈၉ တန် အပို့လျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခု အပတ် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၃၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန်၊ ချင်းရွှေဟော်မှကန်ဒေါ်လာသုညဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်အတွင်း ပြောင်းကား တွေ တရုတ်နယ်စပ်ကို အတက်များလျက်ရှိပါတယ်။ ကုန်သယ်ယူစရိတ်ကတော့ မန္တလေးမှ မူဆယ်ကို ပြောင်း ၁ ပိသာကို ၄၅ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၆ ကျပ်ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၇၁၇၅ ၂၁၆၂၆၇ ၁၀၉၀၈ ၅ ၂၉၀ ၂၉၀ - -နှံစားပြောင်း ၂၄၆၀၉၀ ၂၂၂၂၆၉ ၂၃၈၂၁ ၁၁ ၃၄၅ ၃၂၉ ၁၆ ၅MIRT (DOBT)
ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျဆင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၉၂၄ တန် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၂၆၅ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၅၅ တန် နဲ့ ဗီယက်နမ်ကို ၆၉ တန်အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၅၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တင်ပို့မှုထက်ဝက်ကျဆင်းခဲ့ပါတယ်။ ပင်လယ် ရေကြောင်း တင်ပို့မှုကျပေမယ့် နယ်စပ်ကတော့ တန် ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ FOB(ရန်ကုန်) ပေါက်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန် ကို ဒေါ်လာ (၂၉၀-၃၀၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW
ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှုအလားအလာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်ထက် ရော်ဘာဈေးနှုန်း နှစ်ဆဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်ခန့်မှာ ယခင်နှစ်ထက် ရော်ဘာဈေးနှုန်း ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရော်ဘာဈေးနှုန်းက ကျဆင်း ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ကတော့ ရော်ဘာတုရဲ့ စရိတ်က ၇၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သြဂုတ်လဆန်းမှာ တစ်တန်ကို ဒေါ်လာ ၄၄၅၀ ကိုရောက် ရှိခဲ့ကာ ၁၉၉၇ ခုနှစ်က စတွက်ရင် အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ ထုတ်လုပ်မှု အားကျဆင်းတာကြောင့် ရောင်းလိုအား ပြတ်လတ်နိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ ရော်ဘာ ဝယ်လိုအားက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၂ မှာတန်ချိန် ၁၁ ဒသမ ၅၈ သန်းကို ရောက်ရှိကာ သုံးနှစ်ဆက်တိုက်တိုးတက်မှာဖြစ်ကြောင်း Citi အုပ်စုကခန့်မှန်းတွက်ချက်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်မှုလည်း ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁၁ ဒသမ ၅၉ သန်းကို ရောက်ရှိနိုင်ပေမယ့် သိုလှောင်မှုကတော့ ကျဆင်းနိုင်ကြောင်းခန့်မှန်းကြပါတယ်။ ကမ္ဘာ့ရောင်းလိုအားရဲ့ ၆၀ ရာခိုင်နှုန်း ရှိတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုက ထိုင်းနိုင်ငံမှာ မိုးကြီးပြီး အစေးထွက် ထိခိုက်တာရယ်၊ အင်ဒိုနီးရှားမှ ရော်ဘာပင်များအရွက်ကြွေမှုများပြားတာကြောင့် သာမန်အောက်ကို ရောက်နိုင်ကြောင်း သိရပါတယ်။ ရော်ဘာသိုလှောင်မှု ကတော့ ရှန်ဟိုင်းကုန်စည်ဒိုင်ပေါ်မှာ မူတည်နိုင်ပြီး တန်ချိန် ၃၃၇၆၆ နဲ့ ရပ်တည်နေကာ လွန်ခဲ့တဲ့ ငါးနှစ်စာ ပျမ်းမျှခြင်း တန်ချိန် ၆၃၂၁၃ ရှိပြီး ဈေးနှုန်းတက်နိုင်ခြေရှိကာ အထွက်နှုန်း ကျတဲ့တောင်သူတွေအတွက် အမြတ်ငွေ ကာမိစေနိုင်တယ် လို့သိရပါတယ်။ Source: tire review,KZW
ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် တင်ပို့သူများအား ကုန်စည်များကို သိုလှောင်ထားရန်နှင့် လိုအပ်သောပမာဏသာ ရောင်းချရန် တိုက်တွန်းသွားမည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေချိန်မှာ ဥရောပကြွေးမြီ အကျပ်အတည်းပြဿနာအပေါ် စိုးရိမ်ပူပန်မှုပိုလာခြင်း ကြောင့် ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးများ ၊ ရေနံအပါအဝင် ကုန်စည်ဈေးနှုန်းများ ကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် အာရှ ရော်ဘာ ဈေးနှုန်းတွေလည်း ယခင်တစ်ပတ် ဈေးနှုန်းအောက်ကို ကျဆင်းသွားတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကအထိ တစ်တန်ကို ၄၇၁၆ ဒေါ်လာရှိနေတဲ့ ထိုင်း RSS-5 က စက်တင်ဘာလ ၂၆ ရက်နေ့မှာ တစ်တန်ကို ၄၃၉၉ ဒသမ ၅၀ ဒေါ်လာအထိ တစ်ပတ်အတွင်း ၃၁၆ ဒသမ ၅၀ ဒေါ်လာဈေး ကျသွားတယ်။ ဒါ့အပြင် ကာလအတွင်း မလေးရှား SMR- 20 (Standard Malaysia Rubber -20) အမျိုးအစားမှာလည်း တစ်တန်ကို ၄၆၁၀ ဒသမ ၅၀ ဒေါ်လာမှ ၄၃၅၈ ဒသမ ၅၀ ဒေါ်လာအထိ ၂၅၂ ဒေါ်လာတန်ဖိုးကျဆင်းသွားတယ်။ ဂျပန်တိုကျိုကုန်စည်ရောင်းဝယ်ရေးမှာလည်း ဖေဖော်ဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၁၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ၃၀၂ ဒသမ ၅ ယန်း (တစ်တန်ကို ၃၉၆၆ ဒေါ်လာဝန်းကျင်) အထိ ကျဆင်းသွားပြီးနောက် တစ်ကီလိုကို ၃၀၃ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလ ၁၇) ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာတယ်။ ဒီလိုဈေးနှုန်းတွေကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရှိ ရော်ဘာ စိုက်ပျိုးသူတွေနဲ့ တင်ပို့သူတွေကို ကုန်စည်တွေကိုသိုလှောင်ထားဖို့နဲ့ လိုအပ်တဲ့ပမာဏသာ ရောင်းချဖို့ တိုက်တွန်း သွားမယ်လို့ အတွင်းရေးမှူးချုပ် Yium Tavanolit က ပြောကြားတယ်။ တရုတ်နိုင်ငံရှိ အထင်ကရ ရော်ဘာ ဂိုဒေါင် ၁၀ လုံးကို လေ့လာချက်အရ ရော်ဘာသိုလှောင်ထားရှိမှုမှာ တန်ချိန် ၃၀၅ တန် တိုးလာပြီး ၃၃၇၆၆ တန်အထိ မြင့်မားလာရာ မတ်လနောက်ပိုင်း အမြင့်ဆုံးသိုလှောင်ထားမှုပမာဏဖြစ်လာတယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ က ထုတ်ဝေခဲ့တဲ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေး ရဲ့ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒီလိုတရုတ်နိုင်ငံရဲ့ ရော်ဘာသိုလှောင်ထားရှိမှု မြင့်မားလာခြင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေခြင်း အကြောင်းရင်း တစ်ရပ်ပဲဖြစ်တယ်။ ပပ၊Source:Bloomberg.com, rubberboard.org.in
ယခုအပတ် ရော်ဘာ အပို့လျော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၄၁ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၃၅ တန်ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၉ ရက်ထိကာလ အတွင်း တင်ပို့နိုင်ခဲ့ပြီး ယခင် အပတ် နယ်စပ်တင်ပို့မှု ပမာဏထက် ၃၁၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ်က ရော်ဘာ အဆင့်စုံ တင်ပို့ခဲ့သော်လည်း ယခု အပတ်မှာ RSS-3 တစ်မျိုးတည်းကိုသာ ၃၀၅ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၂၉၃ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ RSS-3 တန် ၁၃၀ သာအပို့ရှိပြီး ယခင်အပတ်တင်ပို့မှု ထက် ၁၀ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် မန္တလေး-မူဆယ် ရော်ဘာ သယ်ယူစရိတ်နှုန်းထားမှာ ၁ ပိသာ ၄၈ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ၁၄ ကျပ် ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမှာ ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၅၄၂ ၄၅၄၄ ၂ ၀ .၀၄RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၃၈၆ ၄၃၈၇ ၁ ၀ .၀၂MIRT (DOBT)
ရော်ဘာအပို့လည်း ထက်ဝက်ကျဆင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၆၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၈၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က တန် ၇၀၀ ကျော်တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေက တော့ ဆွစ်ဇာလန်ကို တန် ၁၀၀ ၊ စင်္ကာပူကိုတန် ၁၀၀ နဲ့ မလေးရှားကို ၁၆၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာ အသစ် မထွက်ရှိသေးဘဲ လက်ကျန်များကိုသာ တင်ပို့နေ ရခြင်းဖြစ်တာကြောင့် တင်ပို့မှုနည်းနေကြောင်း သိရပါတယ်။ ယခုအပတ် နယ်စပ်ကလည်းတန်ချိန် ၄၀၀ ကျော်သာ တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ FOBရန်ကုန်ဈေးကတော့ ကျဆင်းသွားပြီး RSS-3, MSR-20 တစ်တန်ကို ၄၃၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၂၀၀ ဒေါ်လာ အသီးသီး ဈေးပေါက်ကြောင်း သိရပါတယ်။ KZW
ဈေးကောင်းပြီး အရောင်းသွက် ပြည်ကြက်သွန်နီဈေးကွက် ရေနံချောင်းနဲ့ ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ ၃၅ ပိဿာဝင် အိတ် ၂၀၀၀ ခန့်နဲ့ အဝင်များလျက်ရှိနေပါတယ်။ အဝင်လည်းများသလို အရောင်းအဝယ်မှာလည်း ဈေးကွက် အတွင်း လက် ကျန် အိတ်၃၀၀ ခန့်သာကျန်ရှိတဲ့အတွက် အရောင်းသွက်နေတယ်လို့ သိရပါတယ်။ ကြက်သွန်နီ ဈေးမှာ ပြီးခဲ့တဲ့ သြဂုတ် လ တတိယပတ်မှစပြီး တဖြည်းဖြည်းဈေးမြင့်လာခဲ့ရာ လှောင်လက်သမားအချင်းချင်းကပင် ဈေးအရမ်းမြင့်သွားလျှင် လက် ကျန် ရှိနေအောင် အဝင်ကို အဟောင်းအသစ်ဖလှယ်ပြီး အရောင်းအဝယ်ပြုလုပ်လျက် ရှိတဲ့အတွက် အရောင်းသွက် နေတာဖြစ်ကြောင်းသိရပါတယ်။ ဈေးကွက်ရှိပွဲရုံများ၌ လှောင်လက်သမားများ၊ လက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ အခြားတိုင်းဖြစ်သော ဟင်္သာတ၊ အင်ပင်၊ တောင်ကုတ်၊ သံတွဲစတဲ့မြို့များသို့ တင်ပို့မှု အပါအဝင် ယခုတစ်ပတ် အတွင်းပိဿာချိန် ၅၉၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး တစ်ပိသာလျှင် ကြက်သွန်နီ (ရှယ်) ၁၀၀၀ ကျပ်၊ (ကြီး) ၈၅၀ကျပ်၊ (လတ်စ) ၇၅၀ ကျပ်၊ (သေး) ၆၀၀ ကျပ်တို့နဲ့ အသီးသီးဈေးကောင်းရလျက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ