Background
ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပုံမှန် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုညဒသမ ၆၉၄ သန်းတန်ဖိုးရှိ ပြောင်း ၂၃၉၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂၃၀၀ ကျော်တင်ပို့ခဲ့ တာကြောင့် တင်ပို့မှု ပုံမှန်ရှိတယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကို တန် ၂၄၀ ၊ စင်ကာပူကို ၅၅၂ တန်၊ တရုတ်ကို ၃၅၅ တန်၊ ဗီယက်နမ်ကို ၇၄၃ တန်နဲ့ မလေးရှား ကို ၅၀၄ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ နယ်စပ်ကနေ တန် ၇၄၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၉၀-၃၀၅ အထိဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။KZW
အိန္ဒိယ ရော်ဘာပို့ကုန် ၂၈၀ ရာခိုင်နှုန်းတိုးတက် အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်ပို့မှုဟာ ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိကာလမှာ ၂၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်အလားတူကာလက ပို့ကုန် ၄၃၆၄ တန်ရှိပြီး ယခုနှစ်မှာ ၁၂၂၁၉ တန်ရှိကြောင်း သိရပါတယ်။ ဒီလိုပို့ကုန်တိုးတာဟာ ဒီကာလအတွင်း အိန္ဒိယမှာ ဈေးကျတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ သဘာ၀ ရော်ဘာတင်ပို့မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဈေးမြင့်ခြင်းနဲ့ အရည်အသွေးမကောင်းခြင်း ကဲ့သို့သော အခြေအနေ အမျိုးမျိုးကြောင့် စိုးရိမ်စရာအခြေအနေကိုရောက်နေကြောင်း သိရပါတယ်။ ၂၀၁၀ တချို့လ တွေမှာ ပို့ကုန်မရှိတဲ့ အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ယခုနှစ် သြဂုတ်လမှာတော့ ၁၀၈၂ တန် အထိတင်ပို့မှုတိုးကာ ယခင်နှစ်အလားတူကာလက ၁၇ တန်သာတင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လကလည်း ၇၇၉ တန်တင်ပို့ ကာ ၂၀၁၀ ဇူလိုင်မှာ ၂၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာတော့ ကမ္ဘာ့ဝယ်လက်တွေအတွက် အိန္ဒိယရဲ့ဈေးနှုန်းက အကျိုးရှိပြီး ပြည်တွင်းဈေးက တော့ တစ်ဂရမ်ကို ရူပီး ၁၇-၁၉ အထိဈေးကျခဲ့ကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာလည်း ပို့ကုန်တွေ ပိုမိုတိုးမြှင့် တင်ပို့နိုင်မယ်လို့ သိရပါတယ်။ အိန္ဒိယရော်ဘာက ကမ္ဘာ့ဈေးကွက်မဝင်ရတဲ့ အဓိကအကြောင်းကတော့ အရည်အသွေး ညံ့တာပဲ ဖြစ်ပါတယ်။တကယ်လို့ တစ်ကီလိုကို ရူပီး (၁၂-၁၅) ကိုလျှော့ချပေးနိုင်မယ်ဆိုရင် အိန္ဒိယအနေနဲ့ နိုင်ငံခြားဝယ်လက် တွေကို ပိုပြီးဆွဲဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းသုံးစွဲမှုကလည်း မြင့်မားနေတာကြောင့် အိန္ဒိယက ရော်ဘာ အဓိက တင်ပို့တဲ့ ဈေးကွက်တော့မဖြစ်နိုင်ကြောင်း သိရပါတယ်။ သွင်းကုန်ပိုင်းမှာတော့ ဧပြီကနေ သြဂုတ်အထိကာလမှာ တန်ချိန် ၇၆၁၁၆ တန်တင်သွင်းပြီး ယခင်နှစ် အလားတူ ကာလထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်ခွန်က ၂၀ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့ပေမယ့် ပြည်တွင်းသုံးစွဲမှုအားလုံးအတွက်တော့ ဈေးမသက်သာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရော်ဘာအဓိက စိုက်ပျိုးတဲ့ ကာရာလာဒေသမှာ နိုင်ငံရေးအကျပ်အတည်းအရ ရော်ဘာတင်ပို့ခွင့်မရကြောင်းလဲ သိရပါတယ်။ ဒါကြောင့် ရော်ဘာတင်ပို့မှု ၄၅ ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ ဧပြီကနေ သြဂုတ်လအတွင်း ပြည်တွင်းသုံးစွဲမှုက ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး ၃၁၁၂၀၀ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီမှ သြဂုတ်အထိသိုလှောင်မှုက ၂၆၆၀၈၁ တန်ရှိပြီး ယခင်နှစ်အလားတူကာလက ၂၀၂၇၉၈ တန်ရှိခဲ့ကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ စက်မှုအသင်းနဲ့ ရော်ဘာကုန်သည်များမှာ သိုလှောင် မှုများစွာရှိနေပြီး အမှန်တကယ်လုပ်ငန်းလည်ပတ်တဲ့ ပမာဏက တန်ချိန် ရှစ်သောင်းမှ တစ်သိန်းအထိသာ ရှိကြောင်း သိရပါတယ်။ မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA)က ပြောကြားရာမှာတော့ သိုလှောင်မှုပမာဏ များပေမဲ့ နိုင်ငံအနေနဲ့ ရောင်း လိုအား ပြဿာနာကိုအကြီးအကျယ်ရင်ဆိုင်နေရကြောင်းသိရပါတယ်။ တကယ်လို့ သိုလှောင်မှုပမာဏကျဆင်း ခဲ့မယ်ဆိုရင် ရော်ဘာကဏ္ဍမှာ ဆိုးကျိုးတွေ သက်ရောက်နိုင်ကြောင်း (ATMA) ကပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းရဲ့ စာရင်းများက အစိုးရရဲ့ သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လွှမ်းမိုးနိုင်ကြောင်း ၎င်းင်းတို့က ဆက်လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အသင်းရဲ့ စာရင်းများက အမှန်ကုန်သွယ်မှုပြုနိုင်တဲ့ စာရင်းမဟုတ်ဘဲ တောင်သူ၊ သိုလှောင်သူနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးပေါင်းမှာရှိတဲ့ စာရင်းများသာဖြစ်ပါတယ်။ Source:businessonline,KZW
အိန္ဒိယတွင် ကြက်သွန်နီဈေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် ကျဆင်း အိန္ဒိယမှာ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်လိုက်ခြင်း ကြောင့် ပြည်တွင်းဈေးကွက်တွေအတွင်း ကြက်သွန်နီလက်လီနဲ့လက်ကားဈေးနှုန်း၃၃ ရာခိုင်နှုန်းကျော်ကျဆင်းသွား ကြောင်းသိရတယ်။ တင်ပို့မှု မပိတ်ပင်မီက လက်ကား ဈေးနှုန်းက တစ်ကီလိုကို ၁၅ ရူပီး ရှိခဲ့ရာမှာ ယခုအခါ ၁၀ ရူပီး အထိကျဆင်းသွားကြောင်း ၊ လက်လီဈေးနှုန်းမှာလည်း တစ်ကီလိုကို ၁၈ ရူပီးမှ ၁၃ ရူပီးအထိ ကျဆင်းသွားကြောင်း သိရတယ်။ ကြက်သွန်နီ ထုတ်လုပ်ကုန်ကျစရိတ်မှာ တစ်ကီလိုကို ၆ ရူပီး- ၇ ရူပီး ကျသင့်ကြောင်း၊ ကြက်သွန်နီတွေကို သြဂုတ်စက်တင်ဘာကာလတွေမှ ရောင်းချဖို့ရည်ရွယ်ကာ သိုလှောင် ထားပြီး သိုလှောင်ခပါရင် တစ်ကီလိုအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၉ ရူပီး - ၁၀ ရူပီးဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိလက်ကား ပေါက်ဈေးနှုန်းနဲ့ ရောင်းချရပါက စိုက်ပျိုး သူတွေ အကျိုးအမြတ်မရရှိတော့ကြောင်း သိရပါတယ်။ ပပ၊Source:www.hindustantimes.com
လက်ကျန်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် အိန္ဒိယနနွင်းဈေးထပ်မံကျဆင်းနိုင် အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များခြင်း၊ ဝယ်လိုအားနည်းခြင်းအပြင် နနွင်းထုတ်လုပ်ရာဒေသတွေမှာ နနွင်းပိုမို ထွက်ရှိမယ့် မျှော်လင့်ချက်များအရ နနွင်းကြိုပွိုင့်များ ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးနှုန်းက အရမ်းနိမ့်ကျနေပြီဖြစ်လို့ အကျဘက်ကိုဆင်းနေတာ ကန့်သတ်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်။နနွင်းဈေးနှုန်းက ဝယ်လိုအားပေါ်မူတည်ပြီး လာမယ့်ရက်တွေမှာ ကျဆင်းမှုရပ်တန့်နိုင်ဖွယ်ရှိတယ် လို့လည်း ခန့်မှန်းထားပါတယ်။ လက်ရှိလက်ကျန်နနွင်းအိတ်ပေါင်း ၄၂ သိန်း ဝန်းကျင်ရှိပြီး လှောင်လက်တွေက ဈေးအမြင့်မှာရောင်းချဖို့ မျှော်လင့်နေပါ တယ်။ လက်ရှိလက်ကျန်ဟာ ယခင်နှစ်ကာလတူထက် ၂၀ ရာခိုင်နှုန်း ပိုမိုနေပါတယ်။ ဒါ့အပြင် အင်ဒရာပရာဒေ့ရှ်နဲ့ အခြား နီးစပ်ရာပြည်နယ်တွေမှာ နနွင်းစိုက်ပျိုးမှုတိုးတက်နေခြင်းတို့ကလည်း ဈေးနှုန်းကို ကျဆင်းစေပါတယ်။ အတ္တရာအရာဒေ့ရှ်ကို နနွင်းဝင်ရောက်မှု တိုးတက်နေတယ်လို့သိရပါတယ်။ နနွင်းစိုက်ပျိုးမှုဟာ လက်ရှိဈေးနှုန်းပေါ်မူတည်နေပြီး အကယ်လို့ ဈေးဆက်လက်ကျဆင်းဦး မယ်ဆိုရင် တောင်သူများ ငွေပိုရတဲ့ဝါ၊ ပဲပုပ်တို့လိုသီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ဧကလျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်း ထားပါတယ်။ နနွင်းစိုက်ပျိုးတဲ့ကာလဟာ ဇွန်လမှသြဂုတ်လဖြစ်ပြီး၊ ရိတ်သိမ်းမှုကို ဇန်နဝါရီမှာစတင်ပါ တယ်။ ပြည်ပတင်ပို့မှုနည်းနေဆဲဖြစ်ပြီး၊ လာမယ့်သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်တို့က အဝယ်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂၀၁၁ ခုနှစ် ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုတန်ချိန် ၂၁၇၇၅ ရှိပြီး၊၂၀၁၀ ကာလတူမှာ တန်ချိန် ၁၅၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် ၊Source: commodityonline
ပစ္စည်းကောင်းမှ ဈေးကောင်းရမှာဖြစ်လို့ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတဲ့ နနွင်းစိုက်တောင်သူ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ နနွင်းကိုဟိုပုံးမြို့နယ်တွေမှာတော့ မနှစ်ကလိုပဲ စိုက်ပေမယ့် နနွင်း အထွက်များတဲ့ ပင်လောင်း၊ ကလောစတဲ့မြို့နယ်တွေမှာတော့ အစိုက်နည်းတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက ဈေးကောင်း ရခဲ့တာကြောင့် အမြန်ပြန်စိုက်ပြီး ရရာတွေစိုက်ပေမယ့် ဒီနှစ်တော့ အရည်အသွေးမကောင်းရင် ဈေးကွက်မဝင်တာကို သိလာ ရလို့၊ မျိုးကောင်းမျိုးသန့်တွေကိုသာရွေးပြီး စိုက်လာကြပါတယ်။ ဒီနှစ်က နနွင်းဝယ်လက်တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဝယ်ယူမှုမရှိလို့ ရောင်းအားကျဆင်းခဲ့ပါတယ်။ ပြည်တွင်းသုံး အတွက် သာအရောင်းအဝယ်ဖြစ်နေပြီး၊ တောင်ငူ၊ မုံရွာ၊ နေပြည်တော်၊ ပြည်စတဲ့ဈေးပတ်သမားတွေက အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူ နေကြတာဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ နနွင်းတက်ဈေးက အရင်တစ်ပတ်ကထက် ဈေးအနည်းငယ်တက်လာပါတယ်။ ပင်လောင်း နနွင်းစတွေကတစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိလာပြီး၊ အောင်ပန်းနနွင်းကတော့ ၈၀၀ ကျပ် - ၁၂၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကိုတော့ အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ဝယ်ယူနေပြီး တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်း ကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
အရောင်းအဝယ်ပြန်ဖြစ်လို့ ကျောက်ဆည်နနွင်းဈေးမာလာ ယခုရက်ပိုင်း ကျောက်ဆည်နယ်မှာ နနွင်းတက် အရောင်းအဝယ်ပြန်ဖြစ်လာပြီး၊ ဈေးလည်း အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ လဆန်းပိုင်းမှ လလယ်ခန့်ထိ တရုတ်ဝယ်လက်မှ ကုန်ချိန်ပိဿာ တစ်သောင်းဝန်းကျင်ပါ ကား ၃ စီးသာတင်ပို့နိုင်ခဲ့ပြီး၊ နောက်ပိုင်းဝယ်လက်မဆွဲတော့ဘဲ ဈေးအေးခဲ့ရာ တစ်ပိဿာ ၁၈၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ် ခဲ့ပါတယ်။ ယခုရက်ပိုင်း တရုတ်ဝယ်လက်အပြင် ဘင်္ဂလားဒေ့ရှ်ဝယ်လက်ပါရှိလာကာ တန်ချိန် ၁၅၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ဆွဲလာတာနဲ့အမျှ ဈေးလည်း အနည်းငယ်ပြန်မာလာရာ ယခုရက်ပိုင်းတစ်ပိဿာ ၂၀၀၀ ကျပ်ထိ ဈေးပလို ာကြောင်း သရိ ပါတယ။် သင်းသင်းမြတ်
နနွင်းတက်(ရှမ်းစ) အပို့ ပိုနေ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ ရွှေလီသို့ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၄၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
မလေးရှားသို့ နနွင်း ၁၅ တန် တင်ပို့ စက်တင်ဘာ ၄ ရက်မှာ ၁၀ ရက်တာကာလအတွင်း နနွင်း ၁၅ တန်ကို ပင် လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၂၂ တန်တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ၁၅ တန်သာ တင်ပို့နိုင်ခဲ့လို့ ၇ တန်လောက် အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ် အက်ဖ်အိုဘီဈေး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၈၈၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အက်ဖ်အိုဘီဈေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင် ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၂၅၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)
ဗီယက်နမ် ငရုတ်ကောင်းဈေးနှုန်းစံချိန်တင် မြင့်တက် ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့ဈေးဟာ ယခင်လက တစ်ကီလိုဒေါင် ၄၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၂) ရှိခဲ့ရာမှ လက်ရှိကာလမှ ဒေါင် ၁၄၀၀၀၀ (ကန်ဒေါ်လာ ၆ ဒသမ ၇၂)ထိ စံချိန်တင်မြင့်တက်တယ်လို့ ဗီယက်နမ် ငရုတ် ကောင်း အသင်း VPA က ပြောကြားပါတယ်။ ယခုအချိန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်ဦးမယ်လို့လည်း လုပ်ငန်းရှင်များက ပြောကြားပါတယ်။ ကမ္ဘာ့ငရုတ်ကောင်းသုံးစွဲမှုဟာ ယခင်နှစ်သုံးစွဲတန်ချိန် ၃၂၀၀၀၀ ထက် ယခုနှစ်မှာ ၅ ရာခိုင်နှုန်းပိုမိုနိုင်ပြီး ကမ္ဘာ့ထုတ်လုပ်မှုမှာ တန်ချိန် ၂၅၇၀၀၀ သာရှိမယ်လို့ VPA မှ ခန့်မှန်းထားပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ငရုတ်ကောင်း ထုတ်လုပ်မှုကို ဆက်ထိန်းထားသလို တိုးတက်အောင်လည်း ဆောင်ရွက်နေ တာဖြစ် လို့ ဝယ်လိုအား တိုးတက်မှုကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ဈေးကွက်က ဗီယက်နမ်ကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊Source: VOV
မန်ကျည်းတင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက် တာကာလအတွင်း မန်ကျည်းတန် ၄၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၃၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)