Background
အိန္ဒိယပဲစင်းငုံ မြင့်တက်ပြီးနောက် ပြန်ငြိမ်လာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ သြဂုတ်လနောက်ဆုံးသီတင်းပတ် အစ ပိုင်းမှာ ပဲစင်းငုံဈေးမြင့်တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာတော့ ပြန်ငြိမ်လာတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ ပြည်ပက တင်သွင်းပဲရောင်းချမှု လုံလောက်ခြင်းနဲ့ ပြည်တွင်းပဲရောင်းချမှု ပိုမိုလာခြင်းတို့က ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ထား ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံ စိုက်ဧရိယာ ကျဆင်းခြင်းနဲ့ လာမယ့်သီတင်းပတ်များမှာ ဝယ်လိုအားကောင်းလာဖွယ်ရှိခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိရာသီဥတုက ပဲစင်းငုံအတွက် ကောင်းမွန်တဲ့ အနေအထားရှိ နေပြီး အခုချိန်ထိတော့ ပိုးကျရောက်တဲ့ သတင်းမကြားရသေးဘူးလို့ ဆိုပါတယ်။ကာလတိုအတွင်း မှာတော့လက်ရှိ ဈေးဝန်းကျင်မှာအတက်အကျ ရှိနေ ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၃ဝ-၈-၁၁ ၂၉-၈-၁၁ ၂၇-၈-၁၁ ၂၆-၈-၁၁မွန်ဘိုင်း ၆၄၆ ၆၅၄-၆၅၉ ၆၆၇ ၆၄၁ဒေလီ ၆၇၈-၆၇၉ ၆၉၅-၆၉၈ ၆၉၉-၇ဝ၅ ၆၈ဝ-၆၈၂ချန်နိုင်း ၆၅၂ ၆၅၄ ၆၃၉ ၆၃ဝMIRT(MAPT)
ယခင်တစ်ပတ်ထက် ပဲစင်းငုံပြည်ပအဝယ်တိုး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ပြည်ပ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်က တန်ချိန် ၁၁ဝဝဝ ခန့်ရှိခဲ့ရာမှ ယခုတစ်ပတ် သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ရက်အတွင်းမှာတော့ တန် ချိန် ၁၃ဝဝဝ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ လည်း ပဲဈေးအနည်းငယ်ြွကခဲ့သလို ပဲအသစ်ပေါ်ဖို့လည်း လိုနေသေးတာကြောင့် မြန်မာ ဘက်မှာ အဆွဲလိုက်လာတဲ့ သဘောရှိပါတယ်။ သြဂုတ်လ တစ်လလုံး အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ပဲစင်းငုံဖြူနီ တန် ၅ဝဝဝ ကျော်၊ အနီတန်ချိန် ၂၇ဝဝဝ ကျော်နဲ့ ခွဲခြမ်းတန် ၆ဝဝ ကျော် စုစုပေါင်း တန်ချိန် ၄၆ဝဝဝ ကျော်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ပြည်တွင်းကုန်သည်များ ရောင်းလိုအားကောင်းနေလို့ ပြည်ပအဝယ်မရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန် ဝင်ငွေ လဲလှယ်နှုန်း ပြန်ကောင်းလာတဲ့ သဘောရှိလို့ ရန်ကုန် FOB ဈေးလည်း အနည်းငယ် တိုးခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂-၉-၁၁ ၅၈ဝ-၆ဝဝ ၄၆ဝ-၄၈ဝ ၅၇ဝ-၅၉ဝ၂၆-၈-၁၁ ၅၅ဝ-၅၇ဝ ၄၃ဝ-၄၅ဝ ၅၄ဝ-၅၆ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုး ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိခဲ့ရာမှ သြဂုတ်လနောက်ဆုံးပတ် (သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါးတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၁၇ သန်းဖိုးရရှိတယ် လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၆ ရက် အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၈၅ဝဝဝ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၈ သန်းကျော်ဖိုး ရရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုကို ကြည့်ရာမှာတန်ချိန်အားဖြင့် ၄၇ဝဝဝ ကျော်သာရှိသော်လည်း ယခင်နှစ် ပဲစင်းငုံဈေးကောင်း ရရှိခဲ့လို့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၈ သန်းကျော်ရရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း တင်ပို့မှု ပမာဏထက်ဝက်နီးပါးပိုမိုပေမဲ့ ဈေးလျော့ကျမှုကြောင့် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁ဝ သန်းခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ပုံမှန်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT - MAPT
ပြည်မတ်ပဲဈေးပြန်မြင့်လာ ပြည်ပဲပွဲရုံများသို့ ပေါင်းတလည်၊ ဝက်ထီးကန်ဘက်မှ မတ်ပဲအဝင်တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ခန့်အဝင်ရှိ ပါတယ်။ ပဲအဝင်နည်းနေပြီး လက်ကျန်ပဲများကိုသာ အရောင်းအဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်း ကို ၁၅၉ဝဝ ကျပ်ထိ ဈေးလျှော့ခဲ့ပြီး ယခုတစ်ပတ် ပဲတစ်တင်းကို ၁၆၇ဝဝ ကျပ်အထိ ဈေးပြန်မြင့်လာ ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အနည်းငယ်ရှိပြီး တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်မှ ရန်ကုန် ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၁ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ မိမိအေး
သြဂုတ်လကုန် သီတင်းပတ် အိန္ဒိယမတ်ပဲဈေး ခိုင်မာနေ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ သြဂုတ်လကုန်သီတင်းပတ်အတွင်း မတ်ပဲ ဈေး ခိုင်မာနေပါတယ်။ အဓိကပဲစိုက်တဲ့ အင်ဒရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ ပဲစိုက်ဧရိယာ သိသိသာသာ လျော့ကျနေခြင်းအပြင် နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ တောင် ပိုင်းမှာ မိုးရွာသွန်းနေခြင်းတို့ကြောင့် ပဲရိတ်သိမ်းမှုနှောင့်နှေးနေပါတယ်။ အစိုဓာတ် များနေတာကြောင့် ရင့်မှည့်သီးနံှများ ပိုးကျရောက်မှုဖြစ်ပွားနိုင်သလို အရည်အသွေး ပျက်စီးမှုလည်း ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုရက်ပိုင်းအတွင်း ဈေး ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၈-၁၁ ၂၉-၈-၁၁ ၂၇-၈-၁၁ ၂၆-၈-၁၁မွန်ဘိုင်း ၈၂၆ ၈၃၉-၈၄၅ ၈၄ဝ-၈၄၅ ၈၁၄ဒေလီ ၈၄၂-၈၈၅ ၈၅ဝ-၈၉၄ ၈၅၆-၉ဝဝ ၈၃၆-၈၇၉ချန်နိုင်း ၈၅၈ ၈၆၁ ၈၅၁ ၈၃ဝMIRT(MAPT)
မတ်ပဲပြည်ပအဝယ် တစ်ဆခန့် ပိုလာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ ယခုတစ်ပတ် မတ်ပဲ အဝယ်အားကောင်းလာတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ပြည်ပအရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုတန်ချိန်၁၄၁ဝဝ ရှိခဲ့ရာ မှ ယခုတစ်ပတ် (သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝဝဝ ခန့်ထိ ချုပ်ဆိုခဲ့တာတွေ့ရလို့ ယခင်တစ်ပတ်ထက် တစ်ဆနီးပါး ပိုမိုခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လတစ်လလုံးမှာ မတ်ပဲ SQ တန်ချိန် ၃၈ဝဝဝ ခန့်၊ FAQ တန်ချိန် ၄ သောင်းကျော်နဲ့ အခွံချွတ်အပါအဝင် မတ်ပဲစုစုပေါင်း တန်ချိန် ၈ သောင်းကျော် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ အဝယ်အားကောင်းလာသလို၊ ပြည်ပပို့ကုန်ဝင်ငွေ လဲလှယ်နှုန်းလည်း ကုန်သည်တွေ အတွက်အသင့်အတင့်ကောင်းမွန်ခဲ့တာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာတယ် လို့ သိရပါတယ်။ လာမယ့်လ တွေမှာလည်း အိန္ဒိယဘက်က အဝယ်တင်ဒါခေါ်ဖို့ရှိ နေတဲ့အတွက် ဝယ်လိုအားဆက်လက် ကောင်းနိုင်ဖွယ် ရှိတယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခုသီတင်းပတ် FOB ဈေးအပြောင်း အလဲများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂-၉-၁၁ ၇၅ဝ-၇၇ဝ ၈၄၅-၈၆၅၂၆-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃ဝ-၈၅ဝMIRT(MAPT)
သြဂုတ်လ နောက်ဆုံးပတ် မတ်ပဲတန် ၁၄ဝဝဝ ခန့် တင်ပို့မှုရှိ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ သြဂုတ်လနောက်ဆုံးပတ်မှာ လည်း ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၄ဝဝဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ ပမာဏအတိုင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ မတ်ပဲတင်ပို့မှုကို ကြည့် မယ်ဆိုရင်တန်ချိန် ၃၁ဝဝဝဝ ကျော်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၇ဝ သန်း ခန့် ရရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် နှစ်သိန်း ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၂၂ဝ သန်း ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် နဲ့ ယခု ဘဏ္ဍာနှစ်ကာလတူချင်း တင်ပို့မှုကို နှိုင်းယှဉ်မယ်ဆိုရင် ယခုနှစ်မှာ တန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပြီး ရရှိတဲ့ ဝင်ငွေကို နှိုင်းယှဉ်ရင်တော့ ယခင်နှစ်ထက် ယခုနှစ်မှာ ပဲဈေးလျော့ပြီးရောင်းရတာကြောင့် ကန်ဒေါ်လာ ၅ဝ ခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း မတ်ပဲတင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
ပြောင်းတင်သွင်းမှုလေ့လာဖို့ တရုတ်အရာရှိများ တောင်အာဖရိကကို သွားရောက် ပြောင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံက ပြောင်းဝယ်ယူရေးစုံစမ်းဖို့ တရုတ် အရာရှိများဟာ တောင်အာဖရိကကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။ တင်သွင်းဖို့ မစဉ်းစားမီ ပိုးကျရောက်မှုအန္တရာယ်ကိုလေ့လာဖို့ လွန်ခဲ့တဲ့လက ရောက်ရှိခဲ့ တယ်လို့ တောင်အာဖရိကအခြေစိုက် ကောက်ပဲသီးနံှအဖွဲ့မှ စီးပွားရေးပညာရှင် Barrett Schoemar က ပြောကြားပါတယ်။ ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ မြင့်တက်နေ တဲ့ပြည်တွင်းဝယ်လိုအား ကို ပြည့်မီ ဖို့ ၂ဝ၁၁-၁၂ ဈေးကွက်ရာသီအတွင်း ပြောင်းအဝါ တန် ၂ သန်းခန့် တင်သွင်းဖို့ လိုအပ်နိုင်တယ်လို့ Schoeman ကဆိုပါတယ်။ ဈေးကွက်သစ်များ ပိုမိုရရှိဖို့ တောင်သူတွေကို တွန်းအာပေးလျက်ရှိပါတယ်။ ယခင် နှစ်က တရုတ်၊ အီဂျစ်နဲ့ တူနီးရှားတို့ကို တင်ပို့ဖို့ကြိုးစားခဲ့တယ်လို့ တောင်အာဖရိက စိုက်ပိုျးရေးဝန်ကြီး Tina Joemat-Petterson ကဆိုပါတယ်။ ယခုရာသီမှာ တောင်အာဖရိက ပြောင်းအဖြူနဲ့အဝါ တန် ၂ သန်းခန့် တင်ပို့ နိုင်မယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၉ ရက်နေ့အထိ လွန်ခဲ့တဲ့ရာသီအတွင်း တန်ချိန် ၂ ဒသမ ဝ၇ သန်းကျော် ရောင်းချခဲ့ပြီး၊ ဝယ်လက်များ ကတော့ ဂျပန်၊ စပိန်၊ အီတလီ၊တရုတ်(တိုင်ပေ)နဲ့ဆိုမာလီယာတို့ဖြစ်ပါတယ်။အဓိကထုတ်လုပ်တဲ့ ပြောင်းဖြူကို လူအများစားသုံးပြီး၊ ပြောင်းဝါတန်ချိန် ၁ ဒသမ ဝ၂ သန်းကို တင်ပို့ခဲ့တယ် လို့သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ထုတ်လုပ်မှုထက် ဝယ်လိုအားက မြန်ဆန်စွာတိုးတက်နေ တာကြောင့် ၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ နှစ်စဉ်တန်ချိန် ၁ဝ သန်းကျော်ထိ ကြီးထွားနိုင်တယ်လို့ တောင်တရုတ်ကောက်ပဲ သီးနံှကုန် သွယ်ရေး စင်တာမှ သုတေသနပညာရှင် Zheng Wenhui က ပြောကြားပါတယ်။ သြဂုတ် ၁၉ ရက် ဂျိုဟန်နက်စ်ဘတ် ရဲ့ တောင်အာဖရိက ကြိုပွိုင့်ဈေးကွက်မှာ ဒီဇင်ဘာလ ပို့ရမယ့် ပြောင်းဖြူဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၅ ဒသမ ၇၇ ရှိခဲ့လို့ ယခင်နှစ်ဈေးထက် နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ပို့ရမယ့် ပြောင်းဝါဈေးကလည်း လွန်ခဲ့တဲ့ ၁၂ လထက် ၆၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁ ဈေးနဲ့ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: Bloomberg News
ယခုအပတ်မှာ နယ်စပ်မှ ပြောင်းအပို့လျော့ သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ မန္တလေးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ၂ဒသမ ၃၆၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၄၅၉ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်း တန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် နံှစားပြောင်း ၈၆၂ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နံှစားပြောင်း တင်ပို့မှု တန် ၂ဝ ပိုမိုခဲ့သော်လည်း ပြောင်းဖူးစေ့ တင်ပို့မှုကတော့ တန် ၂၄၂ဝ ကျော်လျော့နည်းခဲ့ပါတယ်။ မြေပြင်ပေါက်ဈေးတွေကို ကြည့်မယ်ဆိုလျင် နံှစားပြောင်းဈေး မပြောင်းလဲ ပေမဲ့ ပြောင်းဖူးစေ့ဈေး ကတော့ မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါ ဈေးများ ကျလျက် ရှိနေပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၁၉၅၈၉၅ ၂ဝ၈၇၆၉ ၁၂၈၇၄ ၆ ၂၆၇ ၂၈၈ ၂၁ ၇နံှစားပြောင်း ၂၁၁၇၇ဝ ၂၁၁၇၇ဝ - - ၃၁၄ ၃၁၄ - -MIRT (DOBT)
ပြောင်းတန် ၁ဝဝဝ ကျော်သာတင်ပို့နိုင် သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၂၉၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၃၇၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၃ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တန် ၂ဝဝဝ ကျော်ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ ပြည်တွင်းသိုလှောင်မှု လျော့နည်း တာကြောင့် တင်ပို့မှုလျော့နည်းတာလို့ သိရပါတယ်။ ပင်လယ်ရေကြောင်းက အပို့ လျော့သလို နယ်စပ်ကလည်း ယခင်အပတ်ကထက် တန် ၂၄ဝဝ ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နယ်စပ်က ပြောင်းတင်ပို့မှုဟာ တန်ချိန် ၉၃ဝဝ ကျော်ရှိပါတယ်။ FOB(ရန်ကုန်) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၂၈ဝ- ၃ဝဝ ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။ KZW
