Main menu

Background

Sunday, 22 May 2011

ယခင်သီတင်းပတ်ထက် ကုလားပဲဖြူလုံး တင်ပို့မှု အနည်းငယ်လျော့                   ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု တဖန်ပြန်တက်လာတဲ့ ကုလားပဲဖြူလုံးကြီးကို ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန်ချိန် ၃၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၄ဝဝဝ အထက် တင်ပို့မှု ရှိခဲ့လို့ ယခုတစ်ပတ် အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခုတလော ကုလားပဲဖြူ လုံးကြီး တင်ပို့မှုအားကောင်းနေတဲ့ နိုင်ငံကတော့ ပါကစ္စတန် ကရာချိ ဖြစ်တယ်လို့ ပြည်ပတင်ပို့သူ တစ်ဦးက ဆိုပါတယ်။                     ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက်အထိ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၁၃ဝဝဝ ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်ခုလုံးမှာ ကုလားပဲဖြူလုံးကြီး တန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ သိသိသာသာ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။MIRT- MAPT 

Sunday, 22 May 2011

ပင်လယ်ရေကြောင်းတင်ပို့မှု ထောပတ်ပဲပိုလာပြီး မြေထောက်ပဲလျော့                     ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေ ထောက်ပဲတန် ၂ဝဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ဖြစ်ပါတယ်။ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်မှုအနေနဲ့ ယခု တစ်ပတ် (မေလ ၁၃-၂ဝ)အတွင်းမှာ ထောပတ်ပဲ တန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၅ဝဝ ခန့်ရှိပြီး မေလ ၂ ရက်မှ ၂ဝ ရက်အထိ ထောပတ်ပဲတန် ၂၆ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိတဲ့ ပဲဖြစ်လို့ ပြည်တွင်းဈေး ပြောင်းလဲမှုနည်းပြီး မေလ ၂ဝ ရက် ရန်ကုန် FOB  ဈေးမှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT 

Sunday, 22 May 2011

တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း                   မန်းဈေးကွက်သို့ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ချောင်းဦး၊ ဆင်ဖြူကျွန်း၊ မတ္တရာဒေသများအပြင် အညာဒေသ များမှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ပဲတီရွှေဝါ (ခရမ်း)၊ အညာရွှေဝါ၊ ရိုးရိုး ပဲတီစိမ်းကြီးကို အမျိုး အစားအရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းနိမ့်မြင့် ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်း (ခရမ်း) က တစ်ပိဿာ ၁၆၈၉ ကျပ်၊ တစ်တန် ၁ဝ၃၄ဝဝဝ ကျပ်၊ အညာရွှေဝါက ၁၆ဝဝ ကျပ်၊ တစ်တန် ၉ဝဝဝဝ ကျပ်၊ ရိုးရိုးပဲတီစိမ်းကြီး ထိပ်စ တစ်ပိဿာ ၁၄၂၂ ကျပ်၊ တစ်တန် ၈၇ဝ၈ဝဝ ကျပ်ဈေးတို့ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းတွေကို တရုတ် ဆွဲအားကောင်းလာတာကြောင့် ရောင်းဝယ်ရတာ ယခင် အပတ်တွေထက် ကောင်းလာတာဖြစ်တယ်လို့ ကုန်သည်များ မှ ပြောပါတယ်။ ကျော်ကျော်မိုး 

Sunday, 22 May 2011

နယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း အပို့ရှိသလို အလုံးလိုက်လည်း တင်ပို့မှု အနည်းငယ်ပို                  မူဆယ်နယ်စပ်မှ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံး ၁၉၆၆ တန်ခန့်ရှိ ကန်ဒေါ်လာ ၁၉၇ဝဝဝ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန် နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်း ၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လုံးခြမ်းကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေး အနည်းငယ်မြင့်သော်လည်း မိမိဘက်ဈေးမှာ ကျပ် ၅ဝဝဝဝ ကျော် ကျဆင်း လျက်ရှိပါတယ်။ ပဲမျိုးစုံ ပြည်ပဈေးကွက် ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်း တင်ပို့မှုဟာ သိသိသာသာ တိုးမြှင့်မှုမရှိဘဲ အနည်းငယ်သာ ပိုပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု        ယခင်     ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု      %ပဲတီစိမ်း        ၈ဝ၄၁၁ဝ   ၈၅၆၉၇၅     ၅၂၈၆၅      ၆      ၁၁၁၂      ၁ဝ၅၉          ၅၃         ၅MIRT (DOBT)

Sunday, 22 May 2011

အိန္ဒိယပဲတီစိမ်းဈေး တစ်ပတ်အတွင်းမြင့်လာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားတက်လာတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးမြင့်တက် လာခဲ့ပါတယ်။ ပြည်တွင်းပဲအပြင် တန်ဇန်းနီးယား ပဲတီစိမ်းကို ဝယ်လိုအားကောင်းလာခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ နွေပဲတီစိမ်း အထွက်ပိုမိုမယ့်အလားအလာရှိပေမဲ့ လှောင်လက်များ အဝယ်သွက်နေခြင်းကလည်း ဈေးတက် ဖို့ ဖြစ်စေပါတယ်။ တရုတ်နိုင်ငံမှာ ဆက်လက်မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးရေးကို ထိခိုက်မှုရှိတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ တရုတ်ဝယ်လိုအား ဆက်လက်ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေးနှုန်းများကို ဖေါ်ပြလိုက်ပါတယ်                                                                                         တန်/ ဒေါ်လာဈေးကွက်                  ၁၉-၅-၁၁              ၁၈-၅-၁၁        ၁၆-၅-၁၁                ၁၄-၅-၁၁မွန်ဘိုင်း (ကင်ညာ)        ၁ဝ၈၉                 ၁ဝ၈၇           ၁ဝ၆၆                      ၁ဝ၆၉ဒေလီ                      ၈၄၅-၉၃၄            ၈၄၃-၉၃၂        ၈၄၄-၉၃၃                ၈၄၆-၉၃၉အာကိုလာ                ၈၈၉-၁ဝဝဝ          ၈၈၇-၁ဝ၂ဝ       ၈၈၈-၉၉၉                ၈၉၁-၉၈ဝMIRT(MAPT)

Sunday, 22 May 2011

ရန်ကုန် FOB မှာ ပဲတီစိမ်းတန် ၄ဝဝဝ အရောင်းအဝယ်ဖြစ်             ရန်ကုန် FOB ဈေးကွက်မှာယခုတစ်ပတ်(မေလ ၁၃ ရက်မှ ၂ဝ ရက်)အတွင်း ပဲတီစိမ်း FAQ နဲ့ အညာရွှေဝါ တန်ချိန် ၄ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက်အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခင်နှစ်မေလ တစ်လလုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့တန် ၆ဝဝဝခန့်ထက် ၂ ဆပိုမို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တရုတ်ဘက်က အဆွဲအေးခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တရုတ်ဝယ်လက် ပြန်လည် ဝယ်ယူလာတဲ့အပြင် အိန္ဒိယဝယ်လက်လည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- တန်/ ဒေါ်လာ             ပဲတီစိမ်းအညာ၊ ပခုက္ကူ      ရွှေဝါအသေး           ရွှေဝါအကြီး၂ဝ-၅-၁၁    ၁ဝ၅ဝ - ၁ဝ၇ဝ           ၁၁၇ဝ - ၁၁၉ဝ        ၁၂၇ဝ - ၁၂၉ဝ၁၃-၅-၁၁    ၁ဝ၅ဝ - ၁ဝ၇ဝ           ၁၁၃ဝ - ၁၁၅ဝ        ၁၂ဝဝ - ၁၂၂ဝMIRT(MAPT)

Sunday, 22 May 2011

ယခုတစ်ပတ် ပဲတီစိမ်း တင်ပို့မှု ယခင်ပတ်ထက်အနည်းငယ်လျော့                 ယခင်သီတင်းပတ်ကပဲတီစိမ်းသင်္ဘောတင်တန်ချိန် ၅ဝဝဝ ရှိခဲ့ပေမဲ့ယခုသီတင်းပတ် (မေလ ၁၁ ရက်မှ ၁၇ ရက်) အတွင်းမှာတော့ တန် ၄၃ဝဝ ခန့်ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ ယူအေအီး၊ UK နဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဗီယက်နမ်ကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၃၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၃၈ဝဝဝ ခန့်ရှိလို့ ယခုဘဏ္ဍာနှစ် ကာလတူမှာ အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ လာမယ့်သီ တင်းပတ် များမှာတော့ အနည်းငယ်ပိုတင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                      MIRT- MAPT

Sunday, 22 May 2011

စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံရပ်ခြားတွင် ကောက်ပဲသီးနံှစိုက်ပျိုးဖို့ စဉ်းစားနေသည့် တရုတ်(တိုင်ပေ)                  တရုတ်(တိုင်ပေ)က စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် လယ်ယာစိုက်ပျိုးမှုကို နိုင်ငံရပ်ခြားမှာပြုလုပ်သွားဖို့ စဉ်း စားလျက်ရှိကြောင်း တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ''ကမ္ဘာကြီးက စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် တရုတ် (တိုင်ပေ)အနေနဲ့ စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း''FAO လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး You Shengfeng  မှ ပြောကြားပါတယ်။                တရုတ်(တိုင်ပေ)က ဆန်ကိုစားသုံးဖို့အတွက် အလုံအလောက်ရှိသော်လည်း အခြားကောက်ပဲသီးနံှတွေကိုတင်သွင်း နေရပြီး၊ နှစ်စဉ်ပြောင်း တန်ချိန် ၅ သန်း၊ ပဲပုပ်တန်ချိန် ၂ ဒသမ ၅ သန်းနဲ့ ဂံျုတန်ချိန် ၁ သန်းကိုတင်သွင်းနေ ရကြောင်း့You Shengfeng မှဖြည့်စွက်ပြောကြားပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ စားနပ်ရိက္ခာဖူလုံမှုနှုန်းထားက ၃၂ ရာခိုင်နှုန်းသာရှိပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ထက် နိမ့်ကျလျက်ရှိရာ ၂ဝ၂ဝ မှာ ၄ဝ ရာခိုင်နှုန်းကိုမြှင့်တင်လိုကြောင်း သမ္မတMa Ying-jeou  မှအရ သိရှိရပါတယ်။ တရုတ်(တိုင်ပေ)မှာ ဆန်သိုလှောင်ထားမှုတန်ချိန် ၄ သိန်းရှိရာ မိမိလူဦးရေ အတွက် ၄ လစာလုံလောက်မှုရှိသော်လည်း နိုင်ငံရပ်ခြားမှာ စိုက်ပျိုးပါက စားသောက်ကုန်သီးနံှတင်သွင်းမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း့You Sheng-feng  မှပြောကြားခဲ့ပါတယ်။               အဓိကမှာ မဟာမိတ်ဆက်ဆံရေးရှိတဲ့ အမေရိကန်အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကို အာရုံစိုက်လုပ် ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ အကူအညီနဲ့ ငွေကြေးအကူအညီရရှိမှသာ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နံှနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ ဒုတိယအတွင်းရေးမှူးခုျပ် Lee Pai-po မှပြောကြားလိုက်ပါတယ်။     အေးမွန်မွန်လှိုင်၊Source:monsterseandcritics.comာ

Sunday, 22 May 2011

ရန်ကုန် FOB မှာ ပဲလွန်းဖြူကို ပြည်ပအဝယ်အနည်းငယ်တက်            ရန်ကုန် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်ကတန်၅ဝဝသာ အရောင်း အဝယ်ဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (မေလ ၁၃-၂ဝ)အတွင်းမှာတော့ တန် ၁ဝဝဝ ကျော်အရောင်းအဝယ် စာချုပ်ခုျပ်နိုင်ခဲ့ပါတယ်။ မေလ ၁ ရက်မှ ၂ဝ ရက် အတွင်းမှာ တန် ၁၅ဝဝ ကျော်ရောင်း ဝယ်ခဲ့တာတွေ့ရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပြီး ရန်ကုန် FOB ဈေးမှာ လည်း ယခင်သီတင်းပတ် လိုပဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ် လို့ သိရပါတယ်။ MIRT- MAPT

Sunday, 22 May 2011

ပဲလွန်းဖြူ၊ နီ တန်ချိန် ၁ဝဝဝ အထက် တင်ပို့မှု ရှိနေ                  ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှု ကတော့ အပတ်စဉ် တန် ၁ဝဝဝ အထက်မှာ ရှိနေသလို ယခုသီတင်း ပတ်(မေလ ၁၁ရက်မှ ၁၇ ရက်)အတွင်း မှာလည်း တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံ တွေကတော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၁၃ ရက် နေ့ထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာ မှာ တန်ချိန် ၆ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အဝယ်ပုံမှန်ရှိနေတဲ့ ပဲဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြ ပါတယ်။ MIRT- MAPT

Pages