Main menu

Background

Wednesday, 4 May 2011

ရော်ဘာစိုက်ပျိုးမှုမြှင့်တင်ရေးအတွက် နိုင်ငံရပ်ခြားစိုက်ပျိုးမြေလိုအပ်               အိန္ဒိယရဲ့ထိပ်တန်းထုတ်လုပ်သူနဲ့ အကြီးဆုံးရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ မာရီဆန်မာလာယလန်HM  ကုမ္ပဏီက ဇန်နဝါရီလမှ အီသီရိုးပီးယား၊ ကင်မရွန်း၊ ဂါနာနဲ့ အင်ဒိုနီးရှားတို့မှာ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့ စုံစမ်းထောက် လှမ်းနေကြောင်းသိရပါတယ်။ ဒါ့အပြင်အိန္ဒိယရဲ့အရှေ့ မြောက်ပြည်နယ်ဖြစ်တဲ့ ထရိုင်ပူရမှာရော်ဘာစိုက်ပျိုးဖို့ အခြေအနေ တွေသင့်လျော်တဲ့အတွက်စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။HM ကုမ္ပဏီအနေနဲ့ ယခင်ကတည်းက ရော်ဘာစိုက်မြေ ၇ဝဝဝ ဟတ်တာပိုင်ဆိုင်ထားပြီးပေမဲ့ ္ဋ၎င်းကုမ္ပဏီရဲ့နှစ်စဉ်သုံးစွဲမှု စွမ်းအားရဲ့ တစ်ဝက်သာထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။HM အနေနဲ့ ဖက်စပ်ဒါမှမဟုတ်ငှားရမ်းပြီး ဟက်တာ ၁ဝဝဝဝ လောက်ကို တာယာ၊ ရော်ဘာအစေး အားကစား ပစ္စည်းနဲ့ လက်အိတ်ထုတ်လုပ်မှုဝယ်လိုအားတွေအတွက် စိုက်ပိုျးရေးဆောင်ရွက်လိုကြောင်း သိရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်က အိန္ဒိယအစိုးရကအဆင့်မြင့်လုပ်ငန်းအုပ်စုများကိုနိုင်ငံခြားတိုင်းပြည်များမှာ ရင်းနှီးမြှုပ်နံှဖို့သဘောတူထားပြီးဖြစ်ကြောင်းသိရပါတယ်။ ဒီနည်းလမ်းနဲ့အစိုးရက အိန္ဒိယကုမ္ပဏီတွေကို အထောက် အကူအပြည့်အဝပေးမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးနိုင်တဲ့မြေနည်းပါး နေပြီဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ စိုက်ပျိုးနိုင်တဲ့မြေက နိုင်ငံရဲ့ ၄၈ ဒသမ ၈၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါတယ်။ ယခုအချိန်မှာတော့ မြို့ပြတည်ထောင်မှုတွေတိုးလာတာကြောင့်စိုက်ပျိုးမြေတွေ တဖြည်းဖြည်း နည်းလာ တာ ဖြစ်ကြောင်း သိရပါတယ်။             ဒီလိုပြည်ပမှာ သွားရောက် စိုက်ပိုျးထုတ်လုပ်မယ့်လုပ်ငန်းစဉ်က အသစ်အဆန်းတစ်ခုတော့မဟုတ် ပေမဲ့ အဓိကစီးပွားရေး လက်ကြီးသမားတွေက အချိန်တော်တော်ကြာကြာကတည်းကစတင်ဆောင်ရွက်နေ ပြီဖြစ် ကြောင်းသိရပါတယ်။၂ဝ၁ဝ နိုဝင်ဘာမှဟက်တာ သန်း ၂ဝ ကျော်လောက်ကိုကမ္ဘာတစ်ဝှန်းမှာ ဝယ်ယူထားပြီး ဖြစ်ကြောင်းသိရပါတယ်။ တရုတ်၊ ဆော်ဒီအာရေးဗီးယားနဲ့တောင်ကိုရီးယားတို့ကလည်း ဒီပုံစံအတိုင်းလုပ်ဆောင်နေပြီး ဂျပန်နိုင်ငံကတော့ နိုင်ငံခြားမြေတွေကို အလိုအပ်ဆုံး နိုင်ငံဖြစ်ပြိး ၎င်းပြည်တွင်းစိုက်ပျိုးမြေရဲ့ သုံးဆလောက်လိုအပ်ကြောင်းသိရပါတယ်။ ဒီဆောင်ရွက်ချက်ရဲ့ ခြိမ်းခြောက်မှုကတော့ ရေရှည်မှာလယ်ယာ မြေများငှားရမ်းရယူခြင်းကြောင့် ဒေသကို ထိခိုက်နစ်နာစေကြောင်း ဗိုဇမ်ဘစ်နဲ့ မဒါဂတ်စ်ကာ တို့မှာအတွေ့အကြုံတွေရှိတယ်လို့ သတင်းရရှိပါတယ်။ Source: Commodity online ,KZW

Wednesday, 4 May 2011

အိန္ဒိယရော်ဘာဝယ်လိုအားအတွက် ထောက်ပံ့ကြေးရူပီး တစ်သိန်းပေးရန် အဆိုပြု           အိန္ဒိယရော်ဘာရောင်းဝယ်သူများဖက်ထရေးရှင်းIRDF က (၁၂) ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာ ရော်ဘာစိုက်မြေ တစ်ဟတ်တာအတွက်ထောက်ပံ့ကြေး ရူပီး တစ်သိန်းပေးဖို့အဆိုတင်သွင်းထားကြောင်းသိရပါတယ်။ ယခုလက်ရှိမှာ အစိုးရက ရော်ဘာစိုက်ဒေသတွဖြစ်တဲ့ ကာရာလာ၊ ကန်ဟာကုမာရီနဲ့ တဗီနာဒူပြည်နယ်များမှာ ရော်ဘာစိုက်မြေတစ်ဟက်တာကို ရူပီး ၁၉၅ဝဝ ထောက်ပံ့ပေးထားပြီးစိုက်ပျိုးနေကျမဟုတ်တဲ့ ဒေသတွေမှာတော့ တစ်ဟတ်တာကို ရူပီး ၃ဝဝဝဝ ပေးထားကြောင်း သိရပါတယ်။ ဒီအဆိုပြုချက်အသစ်ကို ရော်ဘာမူဝါဒအရ(၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းအစီအစဉ်အတွက် စီးပွား/ ကူးသန်းဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ရော်ဘာကဏ္ဍအကြံပြုရေးဆွေးနွေးပွဲမှာ အလေးအနက်တင်ပြခဲ့တာဖြစ်ပါတယ်။IRDF  က တင်ပြခဲ့တဲ့ အခြားကိစ္စရပ်တစ်ခုကတော့ အိန္ဒိယအစိုးရအနေနဲ့ တခြားနိုင်ငံတွေမှာ ရော်ဘာစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့ လိုအပ်ကြောင်းအကြံပြုခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အစောပိုင်းကတည်းက လာဘ်မြင်ပြီးဒီလမ်းစဉ်ကို လိုက်ခဲ့ပြီးဖြစ်ပါတယ်။ အကြီးဆုံးရော်ဘာသုံးစွဲသူတွေဖြစ်တဲ့ တရုတ်ဟာ လိုအပ်တဲ့ရော်ဘာစိုက်ပျိုးရေးတွေကို အရှေ့တောင်အာရှနဲ့ အာဖရိက မှာရှိတဲ့ ရော်ဘာနဲ့ သင့်လျော်တဲ့ရာသီဥတုရှိတဲ့ဒေသတွေမှာ စိုက်ပျိုးရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီအကြံပေးချက်အရဆိုရင်အိန္ဒိယအတွက် သီရိလင်္ကာနိုင်ငံကသင့်လျော်ကြောင်း  IRDF  ရဲ့ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ ကာရာလာ၊ တမီနာဒူးနဲ့ အရှေ့မြောက်ဒေသဟာ ရော်ဘာစိုက်ပိုျးရေးခဲျ့ထွင်ဖို့ အကန့်အသတ်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရောင်းလိုအားဝယ်လိုအား ကွာဟချက်က ၈၇၂၅၅ တန်ရှိပြီး ယခင်နှစ်က ၉၉၁၆၅ တန်ရှိခဲ့ ကြောင်း သိရပါတယ်။ အိန္ဒိယကတရုတ်ပြီး ရင် ဒုတိယအကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်ပြီး စတုထ္ထမြောက်အများဆုံးထုတ်လုပ်သူ ဖြစ်ကာ ထုတ်လုပ်မှုတန်ချိန် ၉ ဒသမ ၅ သိန်းရှိကြောင်း သတင်းရရှိပါတယ်။       Source: Commodity online ,KZW

Wednesday, 4 May 2011

နယ်စပ်အပို့နည်း                  ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၂ တန်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်နှစ်ကူး ရက်သတ္တပတ်များမှာ တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုအနည်းငယ် လျော့ကျခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမျိုးအစားတွေကတော့ မူဆယ်မှRSS-3 ၂၇၆ တန်၊RSS-5  ၆၉ တန်၊MSR (20) ၂ဝ၆ တန် နဲ့ MSR (50) တန် ၆ဝ နဲ့ ချင်းရွှေဟော်မှRSS-3  တန် ၁ဝဝ တင်ပို့ခဲ့ တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -်                                     မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု            ယခင်          ပြောင်းလဲမှု        %            ယခု      ယခင်      ပြောင်းလဲမှု        %RSS - 3      ၄၁၃၅၄၂ဝ      ၄၁ဝ၂၆၈ဝ      ၃၂၇၄ဝ         ဝ .၇၉         ၅ဝ၆၄     ၄၅၉၃        ၄၇၁            ၉ .၃RSS - 5       ၄၁ဝဝ၂၁ဝ      ၃၉၆၄၈၅ဝ     ၁၃၅၃၆ဝ        ၃ .၃           ၄၉၈၈    ၄၄၄ဝ         ၅၄၈           ၁ဝ .၉MIRT (DOBT)

Wednesday, 4 May 2011

ပင်လယ်ရေကြောင်းကတန် ၁ဝဝဝ ကျော်အထိ တင်ပို့မှုတက်                 ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၂၉ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ၅ ဒသမ ၉၅၂ သန်းကို တင်ပို့ခဲ့ပါတယ်။ သြင်္ကန်နှစ်ကူးကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာတော့ တန် ၄ဝဝ ကျော်သာတင်ပို့ခဲ့တာကြေင့် တင်ပို့မှု တိုးတက်မှုရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-5  တန် ၂ဝဝ၊ MSR-20 တန် ၅ဝဝ၊ စင်ကာပူကို MSR-20 ၂ဝ၁ တန်၊ မလေးရှားကို MSR-50 တန် ၈ဝ၊RSS-5 ၈၅ တန်နဲ့RSS-3  ၂၂၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတောRSS-3 တစ်တန်ကို ၄၈ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20တစ်တန်ကို ၄၈ဝဝ ဒေါ်လာတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။                              KZW

Wednesday, 4 May 2011

အောင်ပန်းဈေးကွက်သို့ ရှမ်းနနွင်းအဝင်နည်း               ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းကလည်း အဝင်နည်းနေပါသေးတယ်။ ဈေးကွက်ကိုတော့ ပင်လောင်းစတွေသာ အနည်းအကျဉ်းဝင်နေပေမဲ့ လူကြိုက်နည်းတာကြောင့် ရောင်းပန်းကလည်း သိပ်မလှပါဘူး၊တီကျစ် နဲ့ ပင်းတယကဝင်တဲ့ နနွင်းတွေကသာ ဈေးကွက်မှာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဲဒီ နနွင်းကတော့ ၆ ရက်တစ်ဈေးကို တစ်ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်တယ်လို့လည်း သိရပါတယ်။ပင်းတယနယ်က နနွင်းခွဲခြမ်းစတွေလည်း ဈေးကွက်ကိုဝင်လာပါတယ်။ခွဲခြမ်းစဆိုတာက အခြောက်မြန်အောင် နနွင်းကိုထက်ခြမ်းခွဲထားတဲ့နနွင်းဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးက ပင်းတယ၊တီကျစ်ကဝင်တဲ့ နနွင်းကတစ်ပိဿာ ၂၂၀၀ ကျပ်၊၂၃၀၀ ကျပ်ဈေးရှိပြီး ပင်လောင်းနနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်၊၁၃၀၀ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုန်းစ နနွင်းသစ်ခြောက် တစ်ပိဿာ ၂၃၀၀ ကျပ်၊၂၄၀၀ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။         ဧဧခိုင်

Wednesday, 4 May 2011

လက်ကျန်နည်းပြီး အဝယ်တက်လာလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေးမြင့်တက်                အိန္ဒိယနိုင်ငံ နနွင်းဈေးကွက်တွေဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ လက်ငင်းဈေးကွက်များအတွင်း ပြည်တွင်းဝယ်လက်များ အဝယ်လျော့လို့ ၁ဒသမ ၆၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ဝင်ရောက်မှုနည်းလို့ ဈေးအနည်းငယ်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ကို ဧပြီလ ၂၆ ရက်က အိတ် ၁၆၀၀၀ နဲ့၈၀၀၀ စီ အသီးသီးဝင်ရောက်တာကြောင့် ယခုလအစပိုင်းက ဝင်ရောက်ခဲ့တဲ့ အိတ် ၁၅၀၀၀ နဲ့ ၁၀၀၀၀ ထက် အနည်းငယ် လျော့ကျခဲ့တယ်လို့ သိရပါတယ်။        နနွင်းထုတ်လုပ်မှုအနေနဲ့ ယခင်နှစ်က ၇၀ ကီလိုပါအိတ် ၄၈သိန်း ထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၉ သိန်းခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်များအတွင်းလက်ကျန် နည်းလာပြီဖြစ်ပြီး ပြည်တွင်း၊ပြည်ပဝယ်လိုအားတက်လာနိုင်တဲ့အတွက် ကြိုပွိုင့်ဈေးကွက်မှာ ဈေးအမြင့်ဘက် ဦးတည်လာနေခြင်းက ကာလတိုအတွင်း လက်ငင်းဈေးကိုလည်း ပိုမိုလာစေနိုင်ကြောင်း ဈေးကွက်က ခန့်မှန်းထားါတယ်။     ယခင်းခင်၊Source: P T I

Wednesday, 4 May 2011

နနွင်း ၁၆ တန် ကျော်သာ အပို့ရှိခဲ့           ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ယခုသီတင်းပတ်နနွင်း တင်ပို့မှုမှာ တန်ချိန် ၁၆ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်က သုံးနိုင်ငံလောက်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ နိုင်ငံတစ်နိုင်ငံသာ တင်ပို့နိုင်ခဲ့ပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၁၉၀၀ ကျော်နဲ့ တင်ပို့နိုင်ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ MIRT(DOT)

Wednesday, 4 May 2011

သြင်္ကန်အလွန်ဈေးမာလာတဲ့ ရှမ်းချင်းဈေးကွက်        သြင်္ကန်ပြီးကာလ အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေဈေးတက်လာပါတယ်။ ချင်းကလည်းအဝင်နည်းသလောက်ဖြစ်နေပါပြီ။ အခုလောလောဆယ်ဈေးကွက်ကို ပင်းတယ၊ပင်မှီ၊လဲချား၊ငုံးသုံးနဲ့ နန်းတိုင်းစတဲ့ နယ်တွေကသာ ဝင်တော့တယ်လို့ သိရပါတယ်။ အဝင်နည်းနေတာကြောင့် ဝယ်လက်နဲ့ရောင်းလက်မှာ ဝယ်လက်ကပိုများ နေပါတယ်။ ပဲခူး၊တောင်ငူ၊ရန်ကုန် စတဲ့ဝယ်လက်တွေက ပြည်တွင်သုံးအတွက် ဝယ်နေကြတာဖြစ်ပြီး ဝယ်လက်တစ်ဦးကို နေ့စဉ် ပိဿာချိန် ၁၈၀၀ ခန့်ဝယ်ယူနေတယ်လို့ သိရပါတယ်။အရင်နှစ်တွေက ဒီလိုအချိန်မှာ လှောင်လက် တွေလက်မှာ ပိဿာချိန် သိန်းဂဏန်းခန့်ကျန်နေပေမဲ့ ဒီနှစ်မှာတော့ သောင်းဂဏန်းခန့်သာကျန်တော့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။          ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးထိပ်စတစ်ပိဿာ ၁၄၀၀ ကျပ်၊ လတ်စ ၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ် နဲ့ အောက်စက ၆၀၀ ကျပ်၊၆၅၀ ကျပ်ရှိပါတယ်။ရန်ကုန်ဝယ်လက်တွေကတော့ ထိပ်စချင်းတွေကို ပြည်တွင်းသုံးအတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်းခြောက်ဈေးကလည်း ပစ္စည်းသိပ်မကောင်းရင်တော့ ၂၂၀၀ ကျပ် ရှိပါတယ်။ မိုးရွာနေပြီဖြစ်တာကြောင့် အခြောက်ခံဖို့ အခက်အခဲ ရှိတာကြောင့် အစိုအတိုင်းရောင်းချတာများလို့ အခြောက်ကလည်းအဝင်နည်းပါတယ်။တောင်ကြီးဈေးကွက် မှာချင်းခြောက်တစ်ပိဿာ ၂၃၅၀ ကျပ်ရှိပါတယ်။        ဧဧခိုင်

Pages