Main menu

Background

Sunday, 6 Mar 2011

 အခြားပြည်နယ်များကို အားထားနေလို့ အိန္ဒိယ ကီရာလာကြက်သွန်ဖြူ ဈေးမြင့်တက်ရခြင်းဖြစ်                အိန္ဒိယနိုင်ငံ ပြည်နယ်များရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ငွေရလွယ်တဲ့ သီးနံှတွေကို အားထားစိုက်ပျိုးနေပြီး အခြားစိုက်ပျိုး ရေးထွက်ကုန်တွေဖြစ်တဲ့ ကြက်သွန်ဖြူလို သီးနံှတွေကိုတော့ အခြားစိုက်ပျိုးတဲ့ ပြည်နယ်တွေကို အားထားနေရတာကြောင့် လွန်ခဲ့တဲ့ ၃ လအတွင်း ကြက်သွန်ဖြူဈေးက အမြင့်မှာ စိုးမိုးနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် ကြက်သွန်တစ် ကီလိုကို ရူပီး ၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၃၃) ဝန်းကျင်မှာ ရှိတတ်ပေမဲ့ လွန်ခဲ့တဲ့ လများမှာတော့ တစ်ကီလိုကို ရူပီး ၂၅ဝ ကနေ ၂၇ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅ - ၆) ဝန်းကျင်မှာရှိနေခဲ့ပါတယ်။                 ကီရာလာပြည်နယ်ဈေးကွက်တွေမှာ ပထမ တစ်မျိုးဖြစ်တဲ့ အရည်အသွေးနိမ့် ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃၃) ရှိချိန်မှာ ဒုတိယ ပုံမှန်ခြောက်သွေ့တဲ့ ကြက်သွန်ဖြူက တစ်ကီလို ရူပီး ၂၄ဝ (ကန်ဒေါ်လာ ၅ ဒသမ ၃၃) ရှိကာ ကြီးပြီးခြောက်သွေ့တဲ့ ကြက်သွန်ဖြူက ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၅) ရှိတယ်လို့ သိရပါတယ်။                ကီရာလာပြည်နယ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတိုးတက်ရေး ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ K. Premanath  က ပြောကြားတာကတော့ ကြက်သွန်ဖြူဈေးတက်ရခြင်းဟာ အခြားပြည်နယ်တွေမှာလည်း ကြက်သွန်ဖြူ မရရှိနိုင်တာကြောင့် ဖြစ်တဲ့အပြင် ကြက်သွန်ဖြူက ပုပ်သိုးလွယ်တဲ့ကုန်ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ စားသုံးသူတွေဟာ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့က အသစ်ဝင်ရောက် လာမှ ဈေးကျဆင်းမယ်အချိန်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စတင်ရိတ်သိမ်းပေမဲ့ လကုန်ထိတော့ ဈေးကွက် တွေထဲဝင်မလာသေးဘူးလို့ ဆိုပါတယ်။                     ဈေးမြင့်တက်ရတဲ့ အခြားအကြောင်းရင်းကတော့ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ ယခင်နှစ်က ရာသီဥတု မမှန်ခဲ့လို့ ၃ဝ ရာခိုင်နှုန်းခန့် အထွက်ဆုတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ပါကစ္စတန်ကို ဧပြီလနဲ့ ဇွန်လအတွင် ပမာဏ များများ တင်ပို့ရာမှ ပြီးခဲ့တဲ့ နှစ်မှာ အရောင်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကြက်သွန်ဖြူဟက်တာ ၈၆ဝဝဝ နဲ့ ဒုတိယအများဆုံးစိုက်ပျိုးပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၃၅ဝဝဝဝ နဲ့ တတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဟာ တစ်နိုင်ငံလုံး စိုက်ဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းကျော်စိုက်ပျိုးပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း ထုတ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ စိုက်ပျိုးမှုရော၊ ထုတ်လုပ်မှုပါ ပထမနေရာက ရှိနေတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: The Express Buzz

Sunday, 6 Mar 2011

အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ             အိန္ဒိယပြည်တွင်း နနွင်းလက်ငင်းဈေးကွက်တွေကို ယခုသီတင်းပတ်အစပိုင်းမှာ အဝင်များလာလို့ တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၂) ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ နီဇမ်မာဘတ်ဈေးကွက်မှာ ပြည်တွင်း လှောင်လက်တွေ အဆွဲများတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေး ၁ ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။                 အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ ယခင်ရက်က အိတ် ၁၂ဝဝဝ ခန့်ရှိရာမှ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အိတ် ၁ဝဝဝဝ ဝန်းကျင်ကိုလည်းကောင်း၊ နီဇမ်မာဘတ်ဈေးကွက်ကို အိတ် ၈ဝဝဝ ဝန်းကျင်မှ အိတ် ၁၂ဝဝဝ ကိုလည်း ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။                  နနွင်းတောင်သူအများအပြားဟာ ဈေးကောင်းမျှော်လင့်ပြီး နနွင်းပမာဏများများဈေးကွက်ကို ယူလာကြ ပေမဲ့ အိန္ဒိယမြောက်ပိုင်းက အဝယ်အသစ်မထွက်လို့ အစပိုင်းရက်တွေမှာ ဈေးလျော့ကျခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီ ရာဗွီရှန်ကာ ကဆိုပါတယ်။                 ကာလတိုနနွင်းဈေးက နနွင်းဝင်ရောက်မှုနဲ့ ပြည်ပအဝယ်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၇၉၈၉ဝ-၁၂ဝ၉၈ဝ (ကန်ဒေါ်လာ ၁၇၇၇- ၂၆၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၇၅ဝ၁ဝ-၁၁၅၅၅ဝ (ကန်ဒေါ်လာ ၁၆၆၈-၂၅၇ဝ) ရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: commodityonline 

Sunday, 6 Mar 2011

အရည်အသွေးပေါ်မူတည်ပြီး ဈေးအမိုျးမိုျးနဲ့ ရောင်းဝယ်နေတဲ့ ရှမ်းနနွင်းဈေးကွက်            နနွင်းတက်တွေကတော့ ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ မနှစ်ကလောက် အရောင်းမသွက်ပေမဲ့ ပြည်တွင်းသုံး (ဈေးပတ်သမား) တွေကတော့ ပုံမှန်ဝယ်ယူနေတယ်လို့သိရပါတယ်။ အခုလောလောဆယ် ဈေးကွက် ထဲကို အဝင်များနေတာ ကတော့ ကလောမြို့နယ်၊ တောင်လပို့ရွာက နနွင်းတွေပဲဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ ပင်လောင်းနနွင်းတွေလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အရင်နှစ်တွေ လိုပဲ နနွင်းဈေးကတော့ အရည်အသွေးပေါ် မူတည်ပြီး ဈေးအမျိုးမျိုးသတ်မှတ် အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေကတော့ ပင်လောင်းနနွင်းတစ်ပိဿာ ၁၇ဝဝ ကျပ်၊ တောင်လပို့နနွင်း ၂ဝဝဝ ကျပ်၊ ဆင်တောင်နနွင်း ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်နဲ့ အင်းလေးစကတော့ ၁၈ဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။                  ဧဧခိုင် 

Sunday, 6 Mar 2011

ယခုမူဆယ်မှ နနွင်းတက် တင်ပို့မှုရှိ             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၉ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီတစ်လလုံး နနွင်းတက် ၄၂ တန်ကိုနယ်စပ်စခန်းများ ဖြစ်တဲ့ မူဆယ်နဲ့စစ်တွေတို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း(MIRT) 

Sunday, 6 Mar 2011

နနွင်းဈေးကောင်းရခဲ့                ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နနွင်းတန်ချိန် ၄၇ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန် သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ စင်ကာပူကို ၃၂ တန် တို့ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန် စုစုပေါင်းမှာ ၆၈ တန်ရှိခဲ့ပြီး ယခင်ဇန်နဝါရီလအတွင်း တင်ပို့မှုက ၁ဝ၇ တန်ရှိခဲ့တာကြောင့် ဖေဖော် ဝါရီလမှာ နနွင်းတင်ပို့မှုကလျော့နည်းခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၈၉၂၅ ရရှိခဲ့ပါတယ်။ MIRT (DOT)  

Sunday, 6 Mar 2011

ပြည်မန်ကျည်းသီးဈေးကွက်                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ ပြည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များဟာ မန်ကျည်းသီးအများဆုံးစိုက်ပျိုးထွက်ရှိရာ မြို့နယ်များဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ နှစ်စဉ် မန်ကျည်းသီး ပိဿာချိန် ၂ သိန်းမှ ၂ သိန်းခွဲခန့်ထွက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးများသို့ အဓိကတင်ပို့ ရောင်းချပါတယ်။ မန်ကျည်းသီးဈေးနှုန်းများမှာ ယခင်နှစ်က အစေ့လွတ် တစ်ပိဿာ ၁၆ဝဝ ကျပ်-၁၈ဝဝ ကျပ်ဖြစ်ပြီး ယခုနှစ်တွင် အစေ့လွတ် တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါ တယ်။          စောစောရီ 

Sunday, 6 Mar 2011

မန်ကျည်းတန်ချိန် ၄ဝဝ ကျော်တင်ပို့နိုင်ခဲ့                 ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံတွေက အင်ဒိုနီးရှားကို တန် ၅ဝ၊ မလေးရှားနိုင်ငံကို ၂၉၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၁ တန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မန်ကျည်းတန် ချိန် ၂၉၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း မန်ကျည်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့တန်ချိန်က ၈ဝ၄ တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၁၄၇၈၅၅ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Pages