Main menu

Background

Sunday, 20 Feb 2011

 အိန္ဒိယပန်ဂျပ်တောင်သူများ အီသီယိုပီးယားမှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှစိုက်ပျိုးမှုစတင်မယ်           အိန္ဒိယနိုင်ငံ ပန်ဂျပ်အခြေစိုက်တောင်သူများ အုပ်စုဟာ အီသီယိုပီးယားရဲ့ မြေဟက်တာ ၅ဝဝဝ မှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှများ စိုက်ပျိုးသွားမှာဖြစ်ပြီး ထွက်ရှိတဲ့ သီးနံှတွေကို အိန္ဒိယကို တင်သွင်းသွားမယ်လို့ သိရပါတယ်။ ယခု နှစ် စက်တင်ဘာလကစပြီး မြေဟက်တာ ၅ဝဝဝ မှာ ပဲမျိုးစုံ၊ ဆီထွက်သီးနံှ၊ ကြံနဲ့ပြောင်းတွေကိုစိုက်ပျိုးသွားမယ်လို့ အာလူးမျိုးစေ့ တောင်သူများအဖွဲ့( Poscon ) အထွေထွေ အတွင်းရေးမှူး Mr Jang Bahadur Singh Sangha  က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။             အီသီယိုပီးယားမှာ ၎င်းတို့ထုတ်လုပ်တဲ့သီးနံှတွေ အိန္ဒိယကို တင်သွင်းရာမှာတော့ နိုင်ငံစားနပ်ရိက္ခာ ဖူလုံဖို့ အထောက် အပံ့ဖြစ်စေတာမို့ အစိုးရအနေနဲ့ အခွန်သက်သာခွင့် ပေးစေလိုကြောင်းလည်းယင်းအုပ်စုက ပြောကြားပါတယ်။ အီသီယိုပီးယားမှာ လယ်မြေအခြေအနေက အိန္ဒိယမှာ စိုက် ပျိုးတဲ့ အခြေအနေနဲ့ ဆင်တူပြီး အီသီယိုပီးယားမှာ စိုက်ပျိုးနိုင်တဲ့ မြေအများအပြားတွေ့ရှိထားတယ်လို့လည်း ၎င်းတို့က ပြောကြားကြောင်း သိရပါတယ်။ ယမင်းခင်၊ှSource: P T I

Sunday, 20 Feb 2011

MMTC မှ ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူ               အိန္ဒိယနိုင်ငံပိုင် MMTC  ကုမ္ပဏီဟာ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချရေး ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့တင်ဒါခေါ်ယူခဲ့ပါတယ်။ ယင်းတင်သွင်းရမယ့်ပဲများကို မတ်လမှာ မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ ရမယ်လို့ ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။                 တင်ဒါကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ပိတ်မှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ တင်သွင်းမယ့်ပဲတွေကတော့ မြန်မာမတ်ပဲ တန် ၆ဝဝဝ၊ မြန်မာပဲစင်းငုံ တန် ၃ဝဝဝ၊ အာဖရိက ပဲစင်းငုံတန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန် ၃၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းဝန်းကျင်တင်သွင်းနေရပါတယ်။ ယမင်းခင်၊ှSource: business Line.com

Sunday, 20 Feb 2011

ခရမ်း ပဲတီရွှေဝါ အဝင်လှိုင်နေသလို ဈေးကောင်းရနေ                ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဆောင်းပဲတီရွှေဝါများ ဖေဖော်ဝါရီလဆန်းမှစလို့ မြို့ပေါ်ပဲဈေးကွက်များကို စတင်ဝင်ရောက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၃၉ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။                 ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ပဲတီ ရွှေဝါဈေး ပြန်အေးခဲ့လို့ ပိဿာ ၂ဝ တစ်တင်းကို ၃၆ဝဝဝ ကျပ်ထိပြန်ဆင်းခဲ့ပါသေးတယ်။ မြို့ပေါ်ပဲဈေးကွက်ကို ကိုျက်ခေါက်ဘုရားပွဲအမီ အလုံးအရင်းနဲ့ ပဲတီရွှေဝါများ ဝင်ရောက် လာလို့ ပဲတီရွှေဝါဈေး ထပ်ဆင်းမယ်ထင်ခဲ့ပေမဲ့ တရုတ်ဝယ် လက်တွေနဲ့ အခြား အိတ်စပိုတာတွေ အဆွဲများလို့ ပဲတီရွှေဝါ ဈေးဟာ ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ရိပ်ရိပ်ပြန်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်း ၄၁ဝဝဝ ကျပ်ထိ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်  မှာ ပဲတီရွှေဝါတစ်ဧက ကုန်ကျစရိတ်မှာ ၁ သိန်းခွဲဝန်းကျင် လောက်သာ ကုန်ကျခဲ့ပြီး မနှစ်ကထက် အနည်းငယ်သာ ပိုခဲ့ပါတယ်။ အကျိုးအမြတ်က ဒီနှစ်အထွက်နှုန်းလည်း ပို၊ ပဲဈေးလဲရလို့ တစ်ဧက ၅ သိန်းကျော်လောက်ရရှိခဲ့ပါတယ်လို့ ပဲစိုက်တောင်သူ တချို့ထံမှ သိရပါတယ်။ ဝယ်လက်စုံတဲ့ ခရမ်း၊ သုံးခွမြို့နယ်တွေမှာ ယခုရက်ပိုင်း တစ်မြို့နယ်မှာ နေ့စဉ် ပဲပိဿာ ၃ဝ ဝင် တစ် တင်းခွဲအိတ် ၅ဝဝဝ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ဘုရင့်နောင်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း ခရမ်း၊ သုံးခွ၊ ပဲတီရွှေဝါ၊ ဝယ်ယူနေသော ပဲအဝယ်ဒိုင်များမှ သတင်းရရှိပါ တယ်။ PTAC-1 ရန်ကုန်

Sunday, 20 Feb 2011

ပြည်ဘိုကိတ်ပဲ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ                   ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ဈေးကျသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ နောက်အသီးတွေ အဝင်ရှိလာတာကြောင့် ဈေးလျော့နည်းသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည် အနောက်ဘက်ကမ်း ကံမ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့နယ်များမှ အိတ် ၇ဝ မှ ၈ဝ ထိအဝင်ရှိပြီး၊ အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။                               ဆုမွန်ဆွေ 

Sunday, 20 Feb 2011

ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များဝင်ရောက်                 ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ပန်းတောင်း ဥသျှစ်ပင်၊ ဝက်ထီးကန်ဖက်မှအဝင်ရှိပြီး၊ တစ်ရက်လျှင် အိတ် ၄ဝ-၅ဝ အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးအသစ်မှာ အဖွင့်ဈေး အနေဖြင့် ပဲကြီးတစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပြီး၊ အဟောင်းလက်ကျန်ပဲများ ကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲကြီးအသစ်များမှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး လက်ကျန်အဟောင်းကတော့ တစ်ရက်လျှင် အိတ် ၁၅ဝ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။                                                          အိရေ့ွှစင် 

Sunday, 20 Feb 2011

ပဲကြီးအသစ်များ မုံရွာကုန်စည်ဒိုင်သို့ဝင်ပြီ            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီ ဖြစ်လို့ မုံရွာမြို့နယ် သာစည်ကျေးရွာမှ ပဲကြီးတင်း ၂ဝ-၂၅ ခန့် မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှုနဲ့ ပဲလှော်ဖိုလုပ်ငန်း များရဲ့ နေ့စဉ်ပဲကြီးတင်း ၁ဝဝ ခန့်လိုအပ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း ပဲကြီးတစ်ပိဿာ ပေါက်ဈေး အနိမ့်အမြင့်မှာ ၉၄၇ ကျပ်၊ ၁ဝဝဝ ကျပ်၊ ယခင် ကာလတူဈေးမှာ ၁၁ဝ၅ ကျပ်၊ ၁၂၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုအပတ် အတွင်း မုံရွာမြို့မှ ရန်ကုန်သို့ ပဲကြီးတင်း ၂၄ဝ ခန့် စီးထွက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအထွက် ပဲတိုးဂိတ်စာရင်းအရ သိရှိခဲ့ရပါတယ်။             သန်းးသန်းးတင် 

Sunday, 20 Feb 2011

ပဲယင်း (ချင်းပဲ)            ယခုအပတ် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ တစ်ဆင့် ကျပ် ၂ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိ ချင်းပဲ ၃ ဒသမ ၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ၁ဝ တန်နဲ့ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ပဲယင်း တန်ချိန် ၂၄ဝဝ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT) 

Sunday, 20 Feb 2011

မြင်းခြံထောပတ်ပဲ အရည်အသွေးကောင်းကောင်းရောင်းရဖို့ လက်ရွေးနဲ့ ပြန်ရွေးချယ်                 မြင်းခြံကုန်စည်ဒိုင်မှာ အရောင်းအဝယ်သွက်နေတာကတော့ ထောပတ်ပဲပါ။ ထောပတ်ပဲပေါက်ဈေးက တစ်ပိဿာကို ၉၈ဝ ကျပ်ဈေးပေါက်နေတယ် လို့ သိရပါတယ်။ ထောပတ်ပဲကို မြင်းခြံ၊ ရေစကြိုဘက်တွေမှာ စိုက်ပိုျးကြပြီး၊ အထွက်ကောင်း၊ အလုံးလဲလှတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းက တစ်နိုင်ငံ လုံးမှာ စိုက်ဧကအများဆုံး စိုက်ပျိုးတာဖြစ်ပြီး၊ မြင်းခြံကို အခြေစိုက်ပြီး ထောပတ် ပဲဈေးကွက်ဖြစ်တာတွေ့ရပါတယ်။ ဂျပန်ဈေးကွက်အတွက် အရည်အသွေး ကောင်းအောင် လက်ရွေးနဲ့ ပြန်ရွေးချယ်တင်ပို့နေတယ်လို့ သိရပါတယ်။                                  မျိုးသူ 

Sunday, 20 Feb 2011

ထောပတ်ပဲ တန် ၁၆ဝ ခန့် တင်ပို့မှုရှိ                ပင်လယ်ရေကြောင်းကနေ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်း ပတ်က တန်ချိန် ၁၇ဝ ရှိခဲ့ပြီး ယခုသီတင်းပတ် (ဖေဖော်ဝါရီ ၁ဝ-၁၆ ရက်) မှာ လည်း တန်ချိန် ၁၆ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။ ဈေးကွက်တွေကို ထောပတ်ပဲ ဝင်ရောက်မှု တိုးတက် လာပြီ ဖြစ်သလို ပြည်ပကိုလည်း တိုးတက်တင်ပို့လာနေတာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ရှိကြောင်း သိရပါတယ်။            MIRT - MAPT 

Sunday, 20 Feb 2011

အဝင်လှိုင်၊ အထွက်လှိုင်လာတဲ့ စစ်ကိုင်းကကုလားပဲ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁ဝ-၁၁ ခုနှစ် ဆောင်းသီးနံှ ကုလားပဲ လျာထားစိုက်ဧကထက် ကျော်လွန်ပြီး ၁ဝ၂ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ မုံရွာ ခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်များမှာ ကုလားပဲအသစ်များ ထွက်ပေါ်နေပြီး၊ မုံရွာမြို့သို့ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ လှောင်လက် သမားများ အဝယ်များလို့ အရောင်းအဝယ်သွက်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း ကုလားပဲဖြူလုံးကြီး တစ်ရက်ကို ပျမ်းမျှတင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း တိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ တင်း ၃၃ဝဝ ကျော်စီးထွက် ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ်ကုလားပဲ ၉၇၄ ကျပ်- ၁၂၈၉ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၉၆၃ ကျပ်- ၁၁၈၄ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြကြောင်း သိရှိရပါတယ်။    သန်းသန်းတင် 

Pages