Background
နယ်စပ်မှ မတ်ပဲတင်ပို့မှု ပြန်လည်လှုပ်ရှား မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၂ဝဝဝ တန်ဖိုးရှိ မတ်ပဲ ၁၃ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ ဧပြီ၊ မေ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ လများမှာသာ မတ်ပဲ ၈၄၈၈ တန် တင်ပို့နိုင် ခဲ့ပြီး ယခုဇန်နဝါရီလမှာမှ ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၈၆ဝ၉၃၅ ၇၈၉၃၈ဝ ၇၁၅၅၅ ၈ ၉၈၆ ၉ဝ၉ ၇၇ ၈MIRT(DOBT)
ယခုတစ်ပတ် မတ်ပဲတန် ၁၃ဝဝဝ အတင်ရှိ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ကို ပင်လယ်ရေ ကြောင်းက တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၂ဝ-၂၆ ရက်) မှာ တန်ချိန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအသစ်တွေ ဈေးကွက်တွေ အဝင် များလာပြီဖြစ်သလို ပြည်ပအဝယ်ကလည်း အားကောင်းလာပါတယ်။ ယခု သီတင်း ပတ် အစပိုင်းမှာ ဝယ်လိုအားကောင်းလို့ ဈေးမြင့်လာခဲ့ရာက သီတင်းပတ် နှောင်း ပိုင်းမှာတော့ ဈေးအနည်းငယ်ပြန်ဆင်းလာပေမဲ့ ယခင်ပတ်အဈေးနှုန်းထက် ပိုလာ တာတွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအရည်အသွေးကောင်းမရနိုင်တဲ့အတွက် မြန်မာမတ်ပဲကို အဝယ်ရှိနေအုံးမှာဖြစ်လို့ ဈေးများများမကျနိုင်ဘူးလို့ ကုန်သည် များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၇-၁-၁၁ ၉၃ဝ-၉၄ဝ ၁ဝ၈ဝ-၁ဝ၉ဝ ၂၁-၁-၁၁ ၈၈ဝ-၈၉ဝ ၁ဝ၅ဝ-၁ဝ၆ဝ MIRT(MAPT)
ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်များ အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင် ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်တွေဟာ အိန္ဒိယရဲ့ ပိုလံျှသကြားတွေ စုပုံကာရောက်ရှိလာခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူတွေကို ထိခိုက်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်ကြတယ်လို့ အရာရှိ တစ်ဦးမှ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြောကြားပါတယ်။ ပါကစ္စတန် အစိုးရဟာ သကြားဖြူတင်သွင်းခွန် တင်းကျပ်ခြင်းမရှိတဲ့အပြင် စက်တင်ဘာလ အတွင်းမှာ သကြားကြမ်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီအတွင်း သြဂုတ်လရေလွှမ်းမိုးမှုကြောင့် သကြားတန်ချိန် ၃ ဒသမ ၂ သန်းကို ထုတ်လုပ်မှုလျော့ကျခဲ့ပြီးနောက် ပြည်တွင်း လိုအပ်ချက်ဖြည့်ဆည်းဖို့ ပုဂ္ဂလိကသကြားလုပ်ငန်းရှင်များ သကြားတင်သွင်းမှုကို အားပေးတဲ့အနေနဲ့ အခွန်များဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ထုတ်လုပ်မှု အရာရှိတွေက ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၇ သန်းနဲ့ ၃ ဒသမ ၈ သန်းအတွင်း ထွက်ရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ တင်သွင်းထားတဲ့သကြားလက်ကျန်ဟာ အကြမ်းဖျင်းအားဖြင့် တန်ချိန် ၄ သိန်းခန့် ကျန်ရှိသေးလို့ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ လုံလောက်နေပြီလို့ သကြားစက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ ဒသမ ၂ သန်းခန့်စားသုံးတယ်လို့ သိရပါတယ်။ လက်ရှိ လက်ကျန် ပမာဏနဲ့ ပြည်တွင်းလိုအပ်ချက်ပြည့်မီမှာဖြစ်လို့ သကြားတင်သွင်းဖို့ မလိုအပ်ပါဘူးလို့ ပါကစ္စတန် သကြားစက်လုပ်ငန်းရှင်များ အသင်း (PSMA)ဥက္ကဌ Javed Kayani က ပြောကြားပါတယ်။ အောက်တိုဘာ လ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ အိန္ဒိယ သကြားရာသီအတွင်း အိန္ဒိယသကြား ထွက်ရှိမှုဟာ ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁ ဒသမ ၂ သန်းထွက်ရှိနိုင်လို့ ပြည်ပတင်ပို့မှုလည်း တိုးတက်နိုင်တယ်လို့ အိန္ဒိိယ သကြားအသင်းကခန့်မှန်းထားပါတယ်။ သကြားစက်လုပ်ငန်းရှင်တွေက သကြား တင်သွင်းမယ့် အစီအစဉ်ကို မကျေနပ်ကြပေမဲ့ အစိုးရအနေနဲ့တော့ ပြည်တွင်း ပြတ်လပ်မှုမရှိအောင် အရန်သိုလှောင်မှု လုံလုံလောက်လောက်ထားရှိဖို့ ပုဂ္ဂလိက ကဏ္ဍကို သကြားတင်သွင်းစေလိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ၂ဝဝ၉- ၂ဝ၁ဝ သီးနံှရာသီအတွင်း အထွက်တန်ချိန် ၃ ဒသမ ၂ သန်းနီးပါးကို လျော့ကျခဲ့တာကြောင့် မနှစ်က သကြားတန်ချိန် ၁ ဒသမ ၂ သန်းခန့် ဝယ်ယူခဲ့ရတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: Retuers
နယ်စပ်ပြောင်း တင်ပို့မှု အားကောင်းဆဲ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းတို့မှ ဇန်နဝါရီလ ၁၂ မှ ၁၈ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့ ၁၂၁၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁ဝ၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေး အနိမ့်ဈေးဖြင့် ဆက်တိုက်ရှိနေရာကနေ အနည်းငယ်မြင့်တက် လာကြောင်း တွေ့ရပါတယ်။ တရုတ်ဘက်မှဝယ်လိုအားရှိပြီး ၅ဝ ကီလိုတစ်အိတ်ကို (၉ဝ ဒသမ ၅) ယွမ်၊ တစ်တန်လျှင် (၁၈ဝဝ) ယွမ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးတွေကတော့ မိမိဖက်မှာ တစ်တန်လျှင် ၁၈ဝဝဝ ကျပ်ခန့်နဲ့ တစ်ဖက်နိုင်ငံဈေး တစ်တန်ကို ၉ ဒေါ်လာခန့် ဈေးပိုမိုရခဲ့ကြောင်း တွေ့ရှိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၅၉၄၂ ၂၂၁၅၂၉ ၁၈ဝ၁၃ ၈ ၂၈၂ ၂၇၃ ၉ ၃MIRT(DOT)
တစ်ပတ်အတွင်း တန် ၄ဝဝဝ ကျော် သင်္ဘောတင် ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်းတန်ချိန် ၄ဝ၃၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၁၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၅ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၈ ဆ ပိုမိုခဲ့တာတွေရှိရပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၂၇၆ တန်၊ မလေးရှားကို ၄၇၄ တန်၊ ဖိလစ်ပိုင်ကို ၂ဝ၈၄ တန်နဲ့ စင်္ကာပူကို တန် ၁၂ဝဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးက တော့တစ်တန် ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သိရပါတယ်။ KZW
ရောင်းလိုအားပြတ်လတ်၍ ရော်ဘာဈေးနှုန်း ထပ်မံတက် ရော်ဘာဈေးနှုန်းတွေအဆမတန်တက်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ထိုင်းနိုင်ငံမှာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာ ကြောင့် ရောင်းလိုအားပြတ်လတ်မှု ဖြစ်နေပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၅၄၉ ဒေါ်လာရှိကြောင်း သိရပါတယ်။ရော်ဘာဟာယခုနှစ်မှာလည်း မိုးရွာသွန်းမှုကြောင့် ရောင်းလိုအားကျတာရယ်၊ အထွက် နှုန်း ကျတာရယ်နဲ့ ကားရောင်းချရနှုန်း တက်လာတာရယ်ကြောင့် အခြားကုန်ပစ္စည်းတွေထက်ပိုပြီး အထိအခိုက် များနိုင်ပါ တယ်။ရော်ဘာဈေးနှုန်းဟာ ပထမနှစ်ဝက်မှာ တစ်ကီလိုကို ၆ ဒေါ်လာကျော်နိုင်ကြောင်း သုတေသီ ၄ ဦးပါတဲ့ သုတေသန အဖွဲ့က ကွင်းဆင်းလေ့လာပြီး ပြောကြားခဲ့ပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံများရှိ ကားထုတ်လုပ်ရေးတွေ တိုးမြှင့်နိုင်တာ ကြောင့် ရောင်းလိုအား မလုံမလောက်ဖြစ်နိုင်ကြောင်း ဖျူးချားအဂရီထရိတ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။တရုတ်နဲ့ အိန္ဒိယ ကားရောင်းချနှုန်းတွေတက်လာတာကြောင့် တာယာထုတ်လုပ်ရေးတွေရဲ့ဝယ်လိုအားလဲ တက်လာကာ ရော်ဘာဈေးက ၁ဝ ရာခိုင်နှုန်းထပ်မံတက်ဖွယ်ရှိကြောင်း သိရပါတယ်။လွန်ခဲ့တဲ့နှစ်က မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ အထွက်နှုန်းက ဝယ်လိုအားထက်ရောင်းလိုအားကနှေးကွေးနေပြီး လာမယ့်လကစလို့အထွက်နှုန်းကျဦးမှာ ဖြစ်ပါတယ်။ဈေးကွက် ထဲမှာ နေ့စဉ်ဈေးတက်နေပေမဲ့ တရုတ်၊ ဂျပန်နဲ့ အမေရိကန်ဝယ်သူတွေ အမြဲမပြတ်ရှိနေကြောင်း စင်္ကာပူ မာရုဘီနီကုမ္ပဏီမှ ကုန်သည်တစ်ဦးကပြောကြားပါတယ်။ထိုင်းရဲ့ လက်ငင်းဈေးနှုန်းက တစ်ကီလို ကို ၁၆၆ ဘတ် (၅.၄၆ ဒေါ်လာ)ကို ရောက်ရှိနေ ကြောင်း ထိုင်းရော်ဘာ သုတေသနဌာနမှ ပြောကြားပါတယ်။ရော်ဘာအကြီးဆုံးသုံးစွဲသူ တရုတ်က တရုတ်နှစ်ကူး မတိုင်မီ သိုလှောင်ဖို့အတွက် အဆက်မပြတ်ဝယ်ယူ နေကြောင်း တိုကိုျအခြေစိုက်ယူတာက ရှိုးရှိကုမ္ပဏီမှ အထွေထွေမန်နေဂျာက ပြောကြားပါတယ်။တရုတ်ခရီးသည် တင်ကားရောင်းချနှုန်းက ၂ဝ၁ဝ မှ ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အကြီးဆုံးကား ဈေးကွက်ကို ဆက်လက်အထောက်အပံ့ပေးပါတယ်။နှစ်စဉ်ကားရောင်းချ ရနှုန်းက လွန်ခဲ့တဲ့ ၁ဝ စုနှစ်ထက် ၁ဝ ဆခန့်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ခရီးသည်တင် မော်တော်ကား ရောင်းချနှုန်းက ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အိန္ဒိယမော်တော်ကားထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုကတော့ အရွက်ေြွကတဲ့ရာသီဖြစ်တာကြောင့် ဖေဖော်ဝါရီလကုန်မှ မေလအထိ ၄၅ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC မှ ပြောကြားခဲ့ပါတယ်။ တစ်ချိန်ထဲမှာ အင်ဒိုနီးရှား မြောက်ပိုင်းနဲ့မလေးရှားတို့မှာလည်း အထွက်နှုန်းတွေကျမှာ ဖြစ်ကြောင်း ANRPC ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ မေလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၈၅၄ ဒေါ်လာရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: bloomberg.com,KZW
မြန်မာနိုင်ငံ၌ရော်ဘာစိုက်ဧက ရာခိုင်နှုန်း ၄၅ဝ ကျော် တိုးတက်လျက်ရှိ မြန်မာနိုင်ငံမွန်ပြည်နယ်မှာ ၂၂ နှစ်အတွင်း ရော်ဘာစိုက်ဧရိယာ ၄၅ဝ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ရော်ဘာရဲ့ ရှေ့အလားအလာလည်း ထွန်းလင်းတောက်ပလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ ရော်ဘာစိုက်ဧက ဟာ ထိုင်းနိုင်ငံ စိုက်ဧကစုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်းရှိပြီး ၁၉၈၈ ခုနှစ်က ၇၆၆ဝ၇ ဧကကနေ ယခုအခါ ၄၂၃၆၉၂ ဧက အထိ တိုးတက် လာခဲ့ပါတယ်။ ဒါ့အပြင် ရော်ဘာကို ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာလည်း တိုးခဲျ့စိုက်ပျိုးနေတယ်လို့ သိရပါတယ်။ဒီဒေသတွေမှာ အစိုးရအပြင် ပုဂ္ဂလိကစိုက်ပိုျးရေးတွေကပါ စိုက်ပျိုးကြပြီး မက်စ်မြန်မာကုမ္ပဏီက ဧက ၃ဝဝဝ စိုက်ပျိုးနေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်နောက်ဆုံး နှစ်လမှာ မြန်မာကနေ တရုတ်တစ်ခုထဲကို တင်ပို့ခဲ့တဲ့ရော်ဘာတန်ချိန်၂၄ဝဝ ကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ သန်းရရှိခဲ့ပါတယ်။မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့ဟာလဲ မြန်မာရဲ့ဈေးကွက်တွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကိုတော့ ပင်လယ်ရေကြောင်းကနေသွားနေတာ ဖြစ်ပါတယ်။ Source: Commodity online,KZW
ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကနေရော်ဘာအဆင့်စုံ ၁၂၂၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၈၄ သန်းဖိုးကို တစ်ဖက် နိုင်ငံကို တင်ပို့ခဲ့ပါတယ်။တင်ပို့မှုတွေကတော့ RSS-1 ၁၄၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၃၉ သန်း၊RSS-3 ၈၅၁ တန် တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၂၁ သန်း၊ RSS- 5 တန် ၃ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၇ သန်း၊MSR(20) တန် ၉ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ၃၅ သန်း၊MSR(50) ၉၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၄၃သန်းနဲ့ ရော်ဘာဖြတ်စ ၁ဝ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်း အသီးသီးဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၈၅ဝ ကျော်တင်ပို့ခဲ့တာကြောင့် တန်ချိန် ၃ဝဝ ကျော် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဈေးကွက်မှ ရော်ဘာဝယ်ဈေးမှာ RSS-3 တစ်တန်ကို ယွမ် ၃ဝဝဝဝ နဲ့RSS-5 တစ်တန်ကို ယွမ် ၂၉ဝဝဝ အထိ ဈေးနှုန်းတိုးမြှင့် ဝယ်ယူလာကြလို့ တင်ပို့မှုပိုမိုလာကြောင်း လည်း တွေ့ရှိရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးများပြောင်းလဲမှုမရှိပေမဲ့ တစ်ဖက်နိုင်ငံဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၆ဝ ကျော်မြင့်တက်ခဲ့ပါတယ်။မိမိဖက်နဲ့တစ်ဖက်နိုင်ငံဈေးနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-5 ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ - ၄၃၉၈ ၄၂၂၉ ၁၆၉ ၄RSS-3 ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ - ၄၅၄၉ ၄၃၈ဝ ၁၆၉ ၄MIRT(DOT)
ဒီတစ်ပတ် တန် ၁၅ဝဝ ကျော် သင်္ဘောတင် ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၅၆၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ၅ ဒသမ ၇၂၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၃ဝဝ ကျော်သာ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၅ ဆပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR (50) ၁၄၁ တန်၊ RSS-3 ၆၃၆ တန်၊ RSS-5 တန် ၇ဝ၊ တရုတ်ကို MSR (20) တန် ၁ဝဝ၊ RSS-3 ၁၆၇ တန်၊ RSS-5 ၂၈ဝ တန်၊ စင်္ကာပူကိုMSR (20) ၁၂၁ တန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို MSR (50) တန် ၆ဝ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ပင်လယ် ရေကြောင်းက တင်ပို့တဲ့ FOB ဈေးနှုန်းကတော့ RSS-3 တစ်တန် ၄၇ဝဝ ဒေါ်လာ၊ RSS-3 တစ်တန် ၄၆ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၇ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ချောင်းကိုပစ်၍ မြစ်ကိုရှာ မြန်ပြည်သူမရွှေထားuို မျက်နှာမထောက် တစ်ပြည်သူမရွှေထိုင်းနောက် လိုက်နေသော ကြက်သွန်နီ ဒီနေ့ရန်ကုန်မှာ ကြက်သွန်နီအလတ်စ တစ်ပိဿာ လက်ကားမြင်းခြံစ ၇ဝဝ ကျပ်၊ မြစ်သားစ ၁၃၅ဝ ကျပ်နဲ့ လက်လီဈေး ၁၅ဝဝ ကျပ်လောက်ရှိတာတွေ့ရပါတယ်။ ကြက်သွန်နီဈေး ဘာကြောင့်အခုလိုထိုးတက် တာလဲ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ စိုက်ပိုျးရာသီမှာ ကြက်သွန်နီအထွက်နှုန်းကောင်းခဲ့တာ တောင်သူနဲ့ ကုန်သည်အားလုံးအသိပါ။ ပြည်တွင်းဈေးနှုန်းကြီးမှာစိုးလို့ ကြက်သွန်နီအသင်းက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ပြည်ပ မပို့သေးဘဲ ယာယီရပ်ခဲ့တာပေါ့။ အဟောင်းကုန်ပြီး အသစ်မထွက်လို့ လက်ကျန်ပြတ်လပ်တာလဲ မရှိဘဲနဲ့ ကြက်သွန်နီဈေးတက်တာဟာ ဘာကြောင့်လဲ။၊ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးနှုန်းမြင့်တက်လို့ ၂ဝ.၁၂.၂ဝ၁ဝ ရက်ကစပြီး ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းခဲ့ လို့ အိန္ဒိယကတင်သွင်းတဲ့နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့မှာ ကြက်သွန်နီလိုအပ် ချက်တွေ များလာခဲ့ပါတယ်။ အဲဒီအချက်ကို အခွင့်ကောင်းစောင့်နေတဲ့ ကုန်သည်အချို့ဟာ ထိုင်းနိုင်ငံဘက်ကို ကြက်သွန်နီတရားမဝင်စီးထွက်ခဲ့လို့ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ မကြီးသင့်ဘဲ ကြီးခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာတစ်နှစ်ထိရန်ကုန်ကိုဝင်ရောက်မှုဟာ အနည်းဆုံးတစ်လ ပိဿာ ၁၄ သိန်းခွဲနဲ့ အများဆုံးပိဿာ သိန်း ၃ဝ ဖြစ်ပြီး ပျမ်းမျှပိဿာ ၁ ဒသမ ၈ သိန်းဖြစ်ပါတယ်။ ရန်ကုန်က ဧရာဝတီကို တစ်လ ပျမ်းမျှပိဿာ တစ်သိန်းကျော်၊ တနင်္သာရီကို ပိဿာ ၂ဝဝဝ ၊ မွန်ကို ပိဿာ ၁ ဒသမ ၉ သိန်း၊ ကရင်ကို ပိဿာ ၄ သောင်းကျော်နဲ့ အခြားတိုင်းများကို ပိဿ ၂ဝဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲ့ တစ်လစားသုံးနှုန်းဟာ ၁၄ သိန်းဖြစ်လို့ လက်ကျန် ပျမ်းမျှ ၂ ဒသမ ၈ သိန်းဖြစ်ပါတယ်။ အလားတူ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ မွန်ပြည်နယ်ကို ဝင်ရောက်မှုဟာ အနည်းဆုံး တစ်လပိဿာ ၇ သောင်းခွဲနဲ့ အများဆုံးပိဿာ ၁၅ သိန်းခွဲဖြစ်ပြီး ပျမ်းမျှပိဿာ ၁၂ သိန်းခွဲဖြစ်ပါတယ်။ မွန်မှ ကရင်ကို တစ်လပျမ်းမျှပိဿာ ၁ ဒသမ ၁ သိန်းကျော်နဲ့ တနင်္သာရီကို ပိဿာတစ်သိန်းကျော် စီးထွက်ခဲ့ပါတယ်။ မွန်ပြည်နယ်ရဲ့ တစ်လစားသုံးနှုန်းဟာ ပိဿာ ၆ သိန်းခွဲဖြစ်လို့ လက်ကျန်ပိဿာ ပျမ်းမျှ ၄ သိန်းဖြစ်ပါတယ်။ အဲဒီလက်ကျန်ပမာဏအတိုင်း ဈေးဆိုင်နဲ့ ကုန်သည်ထံမှာ မရှိရင် ဘယ်ပျောက်သွာလဲဆိုရင်တော့ တရားမဝင် မှောင်ခိုစီးထွက်သွားတာပေါ့လို့ ဖြေရမှာပဲ။ ကြက်သွန်နီစီးဆင်းတဲ့ ကိန်းဂဏန်းများဟာ မှောင်ခိုစီးထွက်မှုရှိတာကို ဖော်ပြနေပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် ဘက်မှာ ကြက်သွန်နီတစ်ပိဿာ ၂ဝဝဝ ကျပ် (တစ်ကီလိုကို ၄၄ ဘတ်မှ ၄၉ ဘတ်) ဆိုတော့ ပြည်တွင်း ဈေးနှုန်းနဲ့ တစ်ပိဿာ ပျမ်းမျှ ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ အထိ ကွာခြားလို့ ဝိသမလောဘသမား ကုန်သည်အချို့ဟာ ပြည်တွင်းဈေး မြင့်လာမှာကို မကြည့်ဘဲ ငွေနောက်လိုက်ကာ တရားမဝင်မှောင်ခိုစီးထွက် နေတာကို တွေ့ရပါ တယ်။ မှောင်ခိုစီးထွက်မှု မရှိအောင် ဇန်နဝါရီလဆန်းပိုင်းက သံလွင်တံတား (ဘားအံ)မှာ ကြက်သွန်နီသယ်တဲ့ ကားတစ်စီးကို နောက်ကြောင်းပြန်လှည့် စေလွှတ်ပြီး၊ နောက်ကားတစ်စီးကို ဒေသအာဏာပိုင်အစီအစဉ်နဲ့ ဘားအံ မြို့ပေါ်မှာ ပြည်သူများ ဈေးနှုန်းသက်သာစေရေး အတွက် ပြန်လည်ရောင်းချ ပေးသလို မန္တလေးအထွက် (၁၆)မိုင် မှာလည်း လိုအပ်တာထက်ပိုတဲ့ အိတ်အရေအတွက်ထက်ပိုတဲ့ ကြက်သွန်နီ ကားတွေကို ပေးမဖြတ်တာတွေ့ရပါ တယ်။ ဒီလိုပညာပေးတားမြစ်နေတဲ့ထဲက မိမိကိုယ်ကျိုးတစ်ခုသာကြည့်ပြီး တရားမဝင်စီးထွက်မှုကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဘုရင့်နောင်ဈေးကွက်က ကြားသိရပါ တယ်။ ငရုတ်သီးနဲ့ပေါင်းမိမှ အထောင်းခံရတဲ့စကားပုံထဲက ကြက်သွန်နီဟာ ၅၇ သန်းသော မြန်မာပြည်သူတွေရဲ့မျက်နှာ ကိုမထောက်ထား ဦးရေသိန်းဂဏန်းမျှပင် မရှိတဲ့ ကြက်သွန်နီကုန်သည်ပွဲစား လောဘသားတို့ရဲ့ လောဘနဲ့ ပေါင်းမိပြီး တစ်ဖက်နိုင်ငံရဲ့ မျက်နှာကိုသာ ကြည့်နေရတဲ့အခြေအနေကြောင့် ''မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့ စကားပုံထဲကလို မြန်မာ ပြည်သူအိမ်ရှင်မ မရွှေထားအတွက်တော့ မီးဖိုချောင်စရိတ်မြင့်တက်လို့ သောကပိုရတဲ့ အခြေအနေပါပဲခင်ဗျား။ T60