Background
မန္တလေးမြို့ ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)ကိုဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်စတဲ့ ဒေသများမှ မြေထောက် ပဲများ ဝင်ရောက်ရောင်းဝယ်မှု ရှိပေမယ့် ကျန်ခဲ့တဲ့ လလောက်အရောင်းအဝယ် မဖြစ်ဘဲ အရောင်းအဝယ်အေးလျက် ရှိ ပါတယ်။ အိန္ဒိယဝယ်လက်ရှိပြီး၊ ရန်ကုန် ဝယ်လက်အဝယ်လိုက်ပေမယ့် ပစ္စည်း ပြတ်သလောက် နီးပါးရှိပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေအထား က မြေထောက်ပဲတစ်ပိဿာ ၁၇၅၉ ကျပ် (တစ်တန် ၁၀၇၇၁၉၄ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုန်စည်ဒိုင် သတင်းရပ်ကွက်မှ သိရပါ တယ်။ မြေထောက်ပဲ ပြည်ပအဝယ်ရှိ သလို မကွေး၊ မုံရွာ၊ ဒေသများမှ ဝင် ရောက်လာတဲ့ နိုင်လွန်ပဲလည်း ပြည်ပ (အိန္ဒိယ)ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ဆွဲအား ကောင်းပေမယ့် လိုအပ် သလောက်တော့ မရောင်းချနိုင်ပါ ဘူး။ ဈေးကွက်ရှိပေမယ့် ပစ္စည်းက ရှားပါး ပါတယ်။ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်ပေမယ့် နှစ်စဉ်နှစ် တိုင်းမှာ ပြည်ပအဆွဲမရှိတာကြောင့် စိုက်ပျိုးမှု၊ သိုလှောင်ထားရှိမှုမရှိပါဘူး။ ရောက်၊ ဝယ်၊ ရောင်းစနစ်နဲ့ ခပ်သွက် သွက် ရောင်းဝယ်မှုပြုကြပါတယ်။ ယခု လက်ရှိ ရောင်းဝယ်တဲ့ ဈေးနှုန်းက နိုင် လွန်ပဲတစ်ပိဿာ ၁၁၈၁ ကျပ်(တစ်တန် ၇၂၃၂၃၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၅၀ မှ ၄၀၀ အတွင်းသာ အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ယခုနှစ်မှစပြီး၊ ပြည်ပဈေးကွက်ကို ထိုးဖောက် ဝင်ရောက်တဲ့ အတွက် ကျွန်တော်တို့ ကုန်သည်တွေလည်း မလှောင်ရဲသလို ပဲတောင်သူများက လည်း စိုက်ဧက များများစားစားမရှိ တာကြောင့် ပစ္စည်းရှားပါးရတာဖြစ် ကြောင်း ကုန်သည်တစ်ဦးမှ ပြောကြား ပါတယ်။ စိုးအောင် - မန္တလေး
ရှမ်းပြည်နယ်တောင်ပိုင်းက လဲချားကုန်စည်ဒိုင်ဈေးကွက် ကို မေတတိယပတ်ကစပြီး ဒေသထွက် ခရမ်းစွဲကြက်သွန်ဖြူ များ ဝင်ရောက်ခဲ့ပြီး၊ ဈေးကလည်း တစ်နေ့တခြား ခပ်စွာစွာ မာလာခဲ့ပါတယ်။ လဲချားကုန်စည် ဒိုင်ကို ခရမ်းစွဲကြက်သွန်ဖြူ များ မေ ၁၈ ရက်က ဈေးကွက်ဝင်ရောက်လာချိန်မှာ (အမြိတ် ပါ) တစ်ပိဿာကို ၉၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ရာက မေ ၂၉ ရက်မှာတော့ ၁၃၅၀ ကျပ်အထိဈေးပေါက်ခဲ့ပြီး မေ ၁၈ ရက် က ၂၅ ရက်အထိ လဲချားမှ ကျိုင်းတုံနဲ့တာချီလိတ်မြို့ များသို့ ပိဿာချိန် ၁၅၀၀၀၀ ခန့် တင်ပို့ရောင်း ချခဲ့ကြောင်း လဲချား ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဒေါ်နမ်းခမ်းလူကပြောပါတယ်။ ၎င်း ကဆက်လက်ပြောကြားရာမှာ အခုလိုဈေးကောင်းရပြီး ကျယ်ပြန့်စွာတင်ပို့နိုင် တာက ရှမ်းပြည်နယ်ပို့ကုန်မြှင့်တင် ရေး ဦးစီးဌာနက လဲချားကုန်စည်ဒိုင်ကို စနစ်တကျဖွဲ့ စည်းပေး ခဲ့တာကြောင့် ဒေသထွက်သီးနှံများ ကျယ်ပြန့်သော ဈေးကွက် နဲ့ ခိုင်မာသောဈေးနှုန်းကိုရရှိစေတဲ့အပြင် လဲချားမြို့မှ မိုင်းတုံ-တာချီလိတ်အထိ တင်ပို့ရောင်းချရာမှာလည်း ဒေသတွင်းနဲ့ လမ်းကြောင်းတစ်လျှောက်ရှိ ကုန်သွယ်မှုအတားအဆီးများ လျော့နည်းစေရန် အခက်အခဲတချို့ကို ဒေသအာဏာပိုင် အသီးသီးနဲ့ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးခဲ့တာကြောင့် ဖြစ် ကြောင်းသိရပါတယ်။ လဲချားမြို့ခံ ဝါရင့်ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်သူ တောင်သူကြီး ဦးထွန်းအေးကလည်း ယခင်နှစ်က လဲချား ခရမ်းစွဲကြက်သွန်ဖြူ တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၅၀ ကျပ် ဈေးသာရခဲ့ပြီး၊ ယခုနှစ်ကြက်သွန်ဖြူပေါ် ချိန်မှာ ဈေးကွက်ကို လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ကြလို့ ဝယ်လက်ကုန်သည်များ ကလည်း ဈေးပေးဝယ်ယူ ခဲ့ကြတာကြောင့် ဒီနှစ်ကြက်သွန်ဖြူ စိုက်ပျိုးခဲ့မှုအတွက် ကျေနပ်အားရဝမ်းသာပျော်ရွှင်ကြောင်း ပြောကြားခဲ့ ပါတယ်။ မင်းအောင်-တောင်ကြီး
ဒီတစ်ပတ်မှာလည်းရှမ်းနနွင်းက ခပ်ပါးပါးသာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဟိုပုံးနနွင်းကို မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မူဆယ် ဝယ်လက်တွေကထွက်ပေါက် တစ်ပေါက်ထဲရှိတာကြောင့်သူတို့ ဆီမှာ များနေရင် ဈေးချပြီး ဝယ်လေ့ရှိပါတယ်။ တောင်သူ တွေ ပွဲရုံတွေကလည်း မတန်တဆဈေးနှိမ်ပြီး ဝယ်တာကြောင့် သိပ်မရောင်းကြပါဘူး။ ငွေလိုပြီး၊ မရောင်းမဖြစ်သူတွေသာ အနည်းငယ် ထုတ်ရောင်းကြပါတယ်။ နနွင်းဟာ ခပ်အေး အေးသာအရောင်းအဝယ်ဖြစ်တာကြောင့်ဟိုပုံးမှာ တောင်သူ၊ ပွဲရုံလက်ကျန် ပိဿာချိန် ၃ - ၄ သိန်းခန့်ကျန်နေသေး တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ရေကြောင်းလိုင်း က တစ်ဆင့်သွားဖို့အတွက် ရန်ကုန်ဝယ်လက်တွေဝယ်နေ တာကြောင့်ပိဿာချိန် ၅ သောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ တစ်ပိဿာပေါက်ဈေးက အနိမ့် ဆုံး ၇၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ပြီးခဲ့တဲ့ လလိုပဲ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ ပြည်ပတင်ပို့မှု မရှိပေမယ့် လှောင်လက်တွေကတော့ လှောင်ဖို့အတွက် ဝယ်ယူနေကြပါ တယ်။ ဒီတစ်ပတ်အောင်ပန်းမှာ ဖြစ်ပေါ် နေတဲ့ နနွင်းဈေးက တော့ အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၁၀၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် - တောင်ကြီး
ပင်လယ်ရေကြောင်းလမ်းမှ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်း နနွင်း ၁၄၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် တင်ပို့မှုမှာ မလေးရှားနိုင်ငံကို ၅၈ တန်နဲ့ ပါကစ္စတန်နိုင်ငံ ကို ၈၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှု မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင် ပို့မှုမှာ တန် ခုနှစ်ဆယ်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ခုနှစ်ဆယ် ကျော်ပိုမိုတင် ပို့ နိုင်ခဲ့ပါတယ်။FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ ရှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်မှ ယနေ့အထိ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် သုံးရာ့ ရှစ်ဆယ်ကျော် ရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန် ဒေါ်လာ နှစ်သိန်းေ ကျာ်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ရှမ်းပြည်နယ်သို့ လက်ဖက်ခူး ထွက် နေသောနွားထိုးကြီးမြို့နယ်မှ လက်ဖက်ခူးသမားအများစုမှာလက်ဖက် ခူးပြန်နေ ရ ပြီဖြစ်ကြောင်း သိရသည်။ ရွှေဖီမိုးလွတ် လက်ဖက်ပင်များမှာ ရာသီဥတုကြောင့် မနု၍လက်ဖက်ခူး ရေး အခက်တွေ့ရသည်ဆို၏။ ယမန် နှစ်ကရှမ်းပြည်နယ်တွင် မိုးခေါင်ခဲ့ ၍လက်ဖက်ပင်တို့ အညွန့် မဝေနိုင် ဟုဆို၏။ ထို့ကြောင့် လက်ဖက်ခူး သမားများမှာ ခရီးစရိတ်၊ စားစရိတ်ကုန် နေသည်ဟုဆို သည်။ နွားထိုးကြီးနယ်မှ ရှမ်းပြည် မြောက်ပိုင်းသို့ လက်ဖက်ခူးထွက်သူ (၅၀၀၀) အထက်ရှိနေသည်။ ရွှေဖီမိုး လွတ်လက်ဖက်ရွက်ကို တစ်လကြာခူး ပြီးနောက် ပြန်လာကြပြီဖြစ်ရာ လက် ဖက်မရဘဲစားစရိတ်ရှုံးခဲ့ကြောင်း၊ လက် ဖက်ဈေးကလည်း ၄၀၀၀ အထက်မရှိ ၍ဈေးမရကြကြောင်း လက်ဖက်ခူး သမား တို့ကဆိုသည်။ဌေးမြင့်မောင်
အောင်ပန်းဈေးကွက်မှာ ချင်း(စို) ဝင်ရောက်မှုနည်းနေပါတယ်။ တောင်သူတွေ မှာလည်း လက်ကျန် မရှိတော့ဘဲ ပွဲရုံလက်ကျန်သာကျန်ရှိပါတော့တယ်။ အောင်ပန်း ပွဲရုံတွေနဲ့ ကုန်သည်တွေကတော့ ဟိုပုံး၊ နမ့်စန်တွေထိ ဆင်းပြီး၊ ဝယ်ယူနေတာ ကြောင့် ဟိုပုံး၊ နမ့်စန်မှာလည်း လက်ကျန်မရှိသလောက်ဖြစ်နေပါပြီ၊ နယ်စပ် လမ်း ကြောင်းဖြစ်တဲ့ တမူး၊ စစ်တွေမှတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က အဆွဲများနေတာ ကြောင့် ချင်းအဝင်ရှိသလောက်၊ အဝယ် ကလည်းရှိနေပါတယ်။ ပြည်ပတင်ပို့မှုများ နေလို့ ချင်း(စို)က ဒီတစ်ပတ်မှာ ဈေးအတော်မြောက်လာ ပါတယ်။အနိမ့်ဆုံး တစ် ပိဿာ ၇၅၀ ကျပ်မှ အမြင့်ဆုံး ၁၀၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကတော့ ပြည်တွင်း သုံးအတွက်သာ ဝယ်ယူမှုရှိနေပေမယ့် သူလည်းလှောင် လက်တွေ ပြန်ဝယ် နေတာကြောင့် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ တစ်ပိဿာဈေးက ၁၂၀၀ ကျပ် ဈေးရှိပါတယ်။
ပြည်ချင်းဈေးကွက်မှ ယခုတစ်ပတ်အတွင်း အောင်ပန်းမှချင်းအဟောင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခင်ပတ်ထက် အဝင်များကာ ဈေးနှုန်း မှာလည်းတစ်ပိဿာကို ချင်း(ရှယ်) ၁၄၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်ဖြစ်လို့ ကျပ် ၃၀၀ ခန့် မြင့်တက်လာတာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီလက်ကားအဝယ်အပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကိုလည်း တင်ပို့မှုရှိလို့ တစ်ရက်ကိုပိဿာချိန် ၁၀၀ မှ ၁၈၀ ကြားသာရှိလို့ ယခင်အပတ်ထက် အရောင်းအဝယ်အေးလျက်ရှိပါတယ်။ ဝင်းဝင်းခိုင်-ပြည်
မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ပင် လယ် ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၆၅ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၄၄၃ တန်ကျော်နဲ့ RSS 3 ၁၈တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇၀၀ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန် ၂၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ နိုင်ငံ တကာ ရော်ဘာဈေးများမှာလည်း ယခင်အပတ်ကထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးကျသွားတာကိုတွေ့ရ ပါတယ်။ ပြည်ပပို့မဲ့ ရော်ဘာဈေးများကတော့ RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ -၂၆၀၀၊ RSS 2 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ RSS 3 နဲ့ MSR 50 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀- ၂၄၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၄၅၀- ၂၅၅၀၊MSR 20 တစ်တန်လျှင်ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ ၂၂၀၀- ၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး DCCA
အိန္ဒိယတောင်ပိုင်းပြည်နယ်များရှိ ရော်ဘာစိုက်ပျိုးသူ များက မတ်လအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အား တွေ့ဆုံပြီး ရော်ဘာသွင်းကုန်ခွန်တိုးမြှင့်ခြင်း မပြုပါက အိမ်နီးချင်းနိုင်ငံများမှ ဈေးနှုန်းသက်သာတဲ့ ရော်ဘာများ ဝင်ရောက်မှုများပြားလာပြီး အိန္ဒိယဈေးကွက်ကိုလွှမ်းမိုးသွား နိုင်တဲ့အတွက် ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ ရင် ဆိုင်ရဖွယ်ရှိတယ်လို့ တင်ပြခဲ့ကြပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်းမှာ ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းဖိုးရှိ ပြောင်းမျိုးစေ့ တန် ၁၅၀ နဲ့မလေးရှားနိုင်ငံသို့ ပြောင်းဖူးစေ့ ၂ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ပြောင်း ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလအတွင်းက တင်ပို့မှု မရှိခဲ့ပါဘူး။ နယ်စပ်ကူးသန်းရောင်း ဝယ်ရေးစခန်းများမှာ မေလအတွင်း ကန်ဒေါ်လာ ၂၁ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၇၉၉၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး DCCA