Main menu

Background

Sunday, 16 Jan 2011

ပြည်ပဲလွန်းဖြူ ဈေးမြင့်လာ            ပြည်မြို့ရဲ့ ပဲလွန်းဖြူ ဈေး ကတော့ တဖြည်းဖြည်းနဲ့ အေးလာ ခဲ့ရာမှ ဇန်နဝါရီလ ပထမပတ်မှာ ပဲ တစ် တင်းကို ၂ဝဝဝဝ ကျပ်သာရှိခဲ့ပြီး ဒုတိယ ပတ်မှာတော့ ၂၃ဝဝဝ ကျပ် အထိ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ မြို့တွင်းရောင်းဝယ်မှု အနည်း ငယ်ရှိပြီး တစ်နေ့ကို ၁ဝ အိတ်၁၅ အိတ် ခန့်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။                                  မိမိအေး

Sunday, 16 Jan 2011

နယ်စပ်စခန်းများမှ ပဲလွန်းဖြူနဲ့ ချင်းပဲ ယခုအပတ်မှာ တင်ပို့နိုင်                 ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် နိုင်ငံသို့ ပဲလွန်းဖြူ တန် ၁၂ဝ ကန်ဒေါ်လာ ဝ ဒသမ ဝ၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက် မှ ၂၈ ရက်ထိ ကာလအတွင်းကလည်း ပဲလွန်းဖြူ တန် ၉ဝ ကျော် မူဆယ်မှ တင်ပို့နိုင်ခဲ့ရာ ယခုအပတ်မှာ တန် ၃ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ချင်းပဲ ၅ တန် ကန်ဒေါ်လာ ၄ဝဝဝ ဖိုးကို ယခု အပတ်အတွင်း တင်ပို့နိုင်ခဲ့ပါသေးတယ်။ ပဲယင်းကိုတော့ ဒီဇင်ဘာလအတွင်းမှ ၁၇ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ ဒီဇင်ဘာလထိ ၉ လ တာ ကာလအတွင်းမှာ တန်ချိန် ၂၄ဝဝ ကျော် နယ်စပ်မှ တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ DOBT (MIRT)

Sunday, 16 Jan 2011

ပုံမှန်အတိုင်း တင်ပို့နေတဲ့ ပဲလွန်းဖြူ                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ အပတ်စဉ်တန်ချိန် ၂ဝဝ အထက်အောက်ဝန်းကျင်နဲ့ ပုံမှန်တင်ပို့ မှုရှိသလို ယခုတစ်ပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်) အတွင်းမှာလည်း တန် ချိန် ၂၃ဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူတော်တော်များများ ဝင် ရောက်နေပြီဖြစ်လို့ ပြည်ပ တင်ပို့သူများ အနေနဲ့ အဟောင်းလက်ကျန်တွေရော အသစ်အချို့ပါ တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်နဲ့ စင်ကာပူ ကို သွားတာ တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၇ ရက် နေ့အထိ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုကို လေ့လာရာမှာ စုစုပေါင်း တန်ချိန် ၁၈ဝဝဝ ခန့်ရှိပြီးယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် ၂၅ဝဝဝ ခန့်ရှိလို့ တန် ၇ဝဝဝ ခန့်လျော့နည်းနေ သေးတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က  FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ- ၇၇ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၆ဝ-၈၇ဝ ရှိရာမှ ဇန်နဝါရီလ ၁၄ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ် လာ ၈ဝဝ-၈၂ဝ ၊ SQ တစ်တန်ကို ကန် ဒေါ်လာ ၉ဝဝ-၉၂ဝ ကို ဈေးတိုးလာ ကြောင်း သိရပါတယ်။                                                                                                                               MIRT - MAPT

Sunday, 16 Jan 2011

ပဲစင်းငုံအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်လာပြီ            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ပဲစင်းငုံလျာထား စိုက်ပျိုးဧက ၅ သိန်း၂ သောင်း ဖြစ်ပြီး ဧက ၅ သိန်း ၄ သောင်းကျော်စိုက်လို့ ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ ပဲစင်းငုံအထွက် အနည်းငယ်နောက်ကျလို့ ယခုအပတ်မှ စတင်ပြီး ပဲစင်းငုံအသစ်များဝင်ရောက်လာခဲ့ပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များမှ မုံရွာမြို့သို့ တစ်ရက်ကို တင်း ၃ဝဝ၊ ၄ဝဝ စတင်ဝင်ရောက် လာပြီဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုဇန်နဝါရီလ ၁၁ ရက်အတွင်း ပဲစင်းငုံတစ်ပိဿာ ပေါက်ဈေးအနိမ့်၊ အမြင့်မှာ အဟောင်း ၇၂၅ ကျပ်၊ ၈၄ဝ ကျပ်၊ အသစ် ၈၂၅ ကျပ်၊ ၉၂ဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်သမားများက ပဲစင်းငုံအဟောင်းကို အဝယ်များပြီး ဒေသတွင်း ကုန်သည်လှောင်လက်သမားများက ပဲစင်းငုံအသစ်ကို ဝယ်ယူသိုလှောင်ကြကြောင်း ကုန်စည်ဒိုင်သတင်း ရပ်ကွက်က သိရပါတယ်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲစင်းငုံအဟောင်းတင်း ၁၃ဝဝ ခန့် ပဲစင်းငုံအသစ်တင်း ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                  သန်းးသန်းးတင်

Sunday, 16 Jan 2011

ဈေးလှုပ်နေတဲ့ ပြည်ပဲစင်းငုံ              ယခုတစ်ပတ် ပြည်ဈေးကွက်သို့ အောင်လံ၊ ရေနံချောင်းမှ ပဲစင်းငုံအိတ် ၆ဝဝ အဝင်ရှိပြီး အနောက်ဘက်ကမ်း ပန်းတောင်းနဲ့ ဥသျှစ်ပင်မှလည်း နေ့စဉ် အိတ် ၄ဝဝ-၅ဝဝ အဝင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်း နေ့စဉ်အိတ် ၁ဝဝ နီးပါး အဝင်ရှိတယ်လို့ သိရပါတယ်။ စုစုပေါင်းဝင်ရောက်မှုအနေဖြင့် ပြည်ဈေးကွက်သို့ အိတ် ၁၁ဝဝ-၁၂ဝဝ ခန့် အဝင်ရှိပြီး တင်ပို့မှုအနေနဲ့ ရန်ကုန်ကို အိတ် ၅ဝဝ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်အစမှာတော့ တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ စပေါ်ချိန်မှသာ ဈေးကောင်းရနေပြီး နောက်ရက်များတွင် ဝယ်လက်များ အေးနေ ခြင်းကြောင့် ဈေးပြန်ကျခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းကို ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့သော်လည်း ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဈေးအနည်းငယ် မြင့်နေ ကြောင်း သိရပါတယ်။                                                                                                              ဆုမွန်မွန်ဆွေ

Sunday, 16 Jan 2011

အရောင်းအဝယ်သွက်ဈေးမြင့်လာတဲ့ မန်းပဲစင်းငုံ                  မန်းဈေးကွက်အတွင်း ယခုတစ်ပတ်တွင် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် သမားများ ဝယ်လိုအား ကောင်းလာ တဲ့အတွက် အရောင်းသွက်ပြီး ဈေးမြင့်လာ တာတွေ့ရပါတယ်။ ပစ္စည်းအဟောင်းရှိတဲ့ လှောင်လက်သမား များကလည်း ထုတ်ရောင်းလာကြသလို ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ အသစ်များကိုလည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ အသစ်ရော အဟောင်းပါ အရောင်းအဝယ်ကောင်းခဲ့တာကြောင့် ပဲစင်းငုံဈေးကွက် စည်ကားလာပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီအသစ် တစ်ပိဿာ ၁ဝဝဝ ကျပ်၊ တစ်တန် ၆၁၂၃၉ဝ ကျပ်၊ ပဲစင်းငုံနီအဟောင်း တစ်ပိဿာ ၈၆၇ ကျပ်၊ တစ်တန် ၅၃ဝ၉ဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး

Sunday, 16 Jan 2011

ယခင်အပတ်ထက် ပဲစင်းငုံ နှစ်ဆ အတင်ရှိ               ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၂ဝဝဝ ခန့် သာ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်) အတွင်းမှာတော့ တန်ချိန် ၄၄ဝဝ ခန့်အထိ ၂ ဆတိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံ အထွက် ကောင်းမယ်လို့ အစောပိုင်းက ခန့်မှန်းထားခဲ့ပေမဲ့ ရာသီဥတု အအေးလွန်ကဲခြင်းနဲ့ အခိုျ့ဒေသတွေမှာ ဒီဇင်ဘာလက မိုးရွာသွန်းမှုတွေကြောင့် အထွက် လျော့သလိုအရည်အသွေးလည်း ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယ ဝယ်လက်တွေ မြန်မာပဲစင်းငုံဘက်လှည့်ပြီး အဝယ်ပြန်လိုက်လာခဲ့တာကြောင့် ပဲစင်းငုံဈေးက ခေါင်းပြန်မော့လာသလို တင်ပို့မှုလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၈၃၆ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူတင်ပို့မှုမှာ တန်ချိန် ၁၃၅ဝဝဝ ခန့်ရှိလို့ သိသိသာသာတင်ပို့မှု လျော့ကျ ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာတဲ့ ရန်ကုန် ၤဥြ ဈေးများကို ယခင် သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                 ဒေါ်လာ/တန်                           ပဲစင်းငုံနီ                           ပဲစင်းငုံဖြူနီ၊ အဖြူ ၁၄-၁-၁၁          ၇၈ဝ-၈ဝဝ                                   ၆၉ဝ-၇၁ဝ ၇-၁-၁၁            ၆၉ဝ-၇ဝဝ                                    ၆၃ဝ-၆၄ဝ                                                                                                                                     MIRT(MAPT)

Sunday, 16 Jan 2011

ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကမတ်ပဲ                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁ရက်နေ့မှာ မတ်ပဲတစ်ပိဿာ ၉၇၅ ကျပ်၊ ၈ ရက်နေ့မှာ ၁ဝ၇၅ ကျပ်၊ ၁၁ ရက်နေ့မှာ ၁ဝ၆ဝ ကျပ်သို့ ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသော်လည်း ရန်ကုန် ဝယ်လက် အဆွဲ များလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်ကသိရပါတယ်။ အရာတော်၊ ချောင်းဦး၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့များမှ မုံရွာမြို့သို့ ဝင်ရောက်လာပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေး မြို့သို့ မတ်ပဲ ၇၅ တင်း၊ ရန်ကုန်မြို့သို့ မတ်ပဲတင်း ၆ဝဝ စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၆ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                                    သန်းသန်းတင်

Sunday, 16 Jan 2011

မိုးညိုမတ်ပဲဈေးကွက်စဝင်ပြီး ပြည်မတ်ပဲဈေးကအေးနေဆဲ              ပဲခူးတိုင်းဒေသကြီးအနောက် မိုးညိုမြို့နယ်မှာ ရေလိုက်မတ်ပဲတွေ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ထွက်ရှိပြီး ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ရောင်းချခဲ့ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ပဲတစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။              ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ ဇန်နဝါရီလ ပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၂၁၂ဝဝ ကျပ်ဈေးရှိပြီး ဒုတိယပတ်မှာတော့ ၂၁၅ဝဝ ကျပ်ဈေးနဲ့ ဈေးသိသိသာသာမြင့်တက်လာခြင်းမရှိဘဲ ဈေးအေးနေဆဲဖြစ်ပါတယ်။ မြို့တွင်း ရောင်းဝယ်မှုကတော့ အေးပေမဲ့ ရှိနေသေးတဲ့ ပဲလက်ကျန်ကို ငွေပေါ်လိုသူတွေ ထုတ်ရောင်းကြတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပဲတစ်တင်းခွဲအိတ် ၁၉၅ဝ အိတ်ခန့်တင်ပို့တယ်လို့ သိရပါတယ်။                                                              မိမိအေး

Sunday, 16 Jan 2011

မတ်ပဲတင်ပို့မှု သိသိသာသာမြင့်တက်           ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုက တန်ချိန် ၁၁ဝဝဝ ကျော်ထိအောင် သိသိသာသာတိုးတက် လာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၈ဝဝဝ ဝန်းကျင် တင်ပို့ခဲ့ရာက ယခုတစ်ပတ်မှာ တိုးတက်တင်ပို့ လာနိုင်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်စိပ်လာခဲ့တဲ့အတွက် အရောင်းအဝယ်ဖြစ်မှုများလာသလို တင်ပို့မှု အားကောင်းလာကာ FOB ဈေးလည်းမြင့်တက်လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၃၆ဝဝဝဝ ကျော်ထိ တင်ပို့မှုရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၄၈ဝဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၁၂ဝဝဝဝ ထိ လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာခဲ့တဲ့ ရန်ကုန် ၤFOB ဈေးများ ကို ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                    ဒေါ်လာ/တန်                         မတ်ပဲ(FAQ)       မတ်ပဲ(SQ) ၁၄-၁-၁၁               ၈၅ဝ-၈၆ဝ        ၁ဝ၅ဝ-၁ဝ၆ဝ ၇-၁-၁၁                 ၈၁ဝ-၈၂ဝ       ၁ဝဝဝ-၁ဝ၁ဝ                                                                                                            MIRT(MAPT) 

Pages