Background
နနွင်းတက် ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ တစ်လလုံးမူဆယ်နဲ့ စစ်တွေနယ်စပ် များမှ နနွင်းတက် ၁၄ တန်ခွဲ၊ ဧပြီလမှ ဒီဇင်ဘာလထိ တန်ချိန် ၁ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး ကျပ် ၁၅၂၆၉၄ဝ ရှိပြီး တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ရှိပါတယ်။ တင်တင်ထွန်း(MIRT)
စင်ကာပူကို ၉ တန် တင်ပို့ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာနောက်ဆုံးပတ်မှာ နနွင်းတန်ချိန် ၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံဖြစ် ပြီး ပို့ကုန်ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၆၄၇ဝ ကျော်ရရှိခဲ့ပါတယ်။ တစ်တန်ကို FOB ကန်ဒေါ်လာ ၁၇ဝဝ ကျော်နဲ့ တင်ပို့ခဲ့တာဖြစ်ပြီး ဒီဇင်ဘာတစ်လလုံး နနွင်း တန်ချိန် ၇၇ တန်ကျော်တင်ပို့နိုင်ခဲ့ကာ ယခင်က နိုဝင်ဘာလမှာ နနွင်းတန်ချိန် ၁၂ဝ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုလမှာ တန်ချိန် ငါးဆယ်ကျော်လျော့နည်း ပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
အဝင်နည်းပေမယ့် ဈေးပုံမှန်ရှိနေတဲ့ ပြည်ချင်းဈေးကွက် ပြည်ချင်းဈေးကွက်တွင် အောင်ပန်းချင်းများ ယခုတစ်ပတ် ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်သာဝင်ရောက်၍ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်း ပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး တစ်နေ့ကိုပိဿာချိန် ၅၆ဝ ခန့်ရှိနေ တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာလျှင် ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။ ဝင်းလဲ့ဝါ
ရှမ်းချင်းသစ် ဈေးကွက်စဝင်ပြီ ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်ထဲသို့ ချင်းသစ်များ ပုံမှန်စဝင်နေပါပြီ။ ဟိုပုံးမြို့နယ်တစ်ဝိုက်က ချင်းတွေကတော့ ရာသီဥတုကြောင့် အထွက်အနည်းငယ် လျော့ခဲ့ပြီး၊ အတက်လည်း အနည်းငယ် ညံ့ခဲ့တယ်လို့ သိရပါတယ်။ ဈေးက တစ်ပိဿာကို ကျပ် ၄ဝဝ ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အောင်ပန်း၊ ဟဲဟိုးတစ်ဝိုက်က ချင်းများ ပုံမှန်အဝင်ရှိပြီး ဈေးကတော့တစ်ပိဿာ ကျပ် ၄၅ဝ မှ ၇ဝဝ ထိ ဈေးရှိကာ တစ်ပတ်အတွင်း ပြည်တွင်းသုံးရန်အတွက် ပိဿာချိန် ၂ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မနှစ်ကထွက်တဲ့ ချင်း ခြောက်က တစ်ပိဿာ ကျပ် ၂၅ဝဝ၊ ၂၆ဝဝ ရှိတယ်လို့သိရပါတယ်။ နမ့်ဆန် ဈေးကွက်မှာတော့ ချင်းအဓိက စိုက်တဲ့ လွိုက်ကြံ၊ နမ့်ဆွယ်၊ အမှတ်ကိုး၊ လွိုက်ဖွေး စတဲ့ရွာများမှ ချင်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာ ပါတယ်။ အခုမှ စဝင်တာဖြစ်လို့ ဈေးကတော့ တစ်ပိဿာကို ကျပ် ၃၅ဝ၊ ၄ဝဝ နဲ့ ဈေးစဖွင့်ပြီး လက်လီ အရောင်းသာ ရှိသေးတယ်လို့ ဈေးကွက်က သိရပါတယ်။ စောယုထွေး
နှစ်ကုန်ပိုင်းမှာ ချင်းခြောက် အပို့မရှိ ဒီဇင်ဘာလတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ချင်းခြောက်အပို့လျော့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တန်ချိန် ၂ဝ၄ တန်ကျော်ကို တင်ပို့နိုင်ခဲ့သော်လည်း ယခု လမှာ အရည်အသွေးကောင်းချင်းကို စုဆောင်းခြင်း၊ ရှမ်းချင်းစို ချင်းခြောက်တွေ ဒေသတွင်းသုံးအတွက် အဝယ်ပိုသွက်ခြင်းများသာရှိပြီး ပြည်ပအပို့ မရှိပါဘူး။ MIRT (DOT)
ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စီပီပြောင်း မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလကုန်မှာ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်မှ ၂ဝ၁၁ ခု ဇန်နဝါရီလပထမအတွင်း ၂၆၇ ကျပ်သို့ ဈေးအေးခဲ့ပါတယ်။ မုံရွာမြို့ကို ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပြောင်းအများအပြားဝင်ရောက်လို့ ဈေးအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဈေးအေးသော်လည်း တိုင်းအတွင်းတိရစ္ဆာန်အစာနဲ့ တိုင်းပြင်ပ ဝယ်လက်ရှိနေတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ စီပီပြောင်း တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း စီပီပြောင်း တင်း ၅ဝဝဝ ကျော်၊ ၂ဝ၁၁ ခု ဇန်နဝါရီလ ပထမအတွင်း စီပီပြောင်း တင်း ၈ဝဝ ကျော်စီး ထွက်ခဲ့ ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ချီကာဂိုပြောင်း ဈေးနှုန်း ၂၉ လအတွင်း အမြင့်ဆုံးရောက်ရှိ ချီကာဂိုမှာ ပြောင်းဈေးနှုန်းဟာ ၂၉ လအတွင်းထပ်မံမြင့်တက်လျက် ရှိပြီး အလားတူပဲ ပဲပုတ်ဟာလည်း အာဂျင်တီးနားမှာ သာမန်ထက် ပိုပြီး ပူပြင်း ခြောက်သွေ့တဲ့အတွက် ၂၈ လအတွင်းဈေးထပ်တက်ကာစိုးရိမ်ဖွယ်ရာများ ဖြစ်နေကြောင်း သိရပါတယ်။ မတ်လအတွက် အရောင်းရဆုံးပြောင်းစာခုျပ်ဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်ပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၂၉ ဒေါ်လာ (မက်ထရစ်တစ်တန်လျှင် ၂၂၄ ဒသမ ၅ ဒေါ်လာ)ဖြစ်ခဲ့ပါတယ်။ ပြောင်းနဲ့ ပဲပုပ် နှစ်မိုျးစလုံးရဲ့ ကမ္ဘာ့ဝယ်လိုအား တိုးပွားနေပြီး အာဂျင်တီးနားရဲ့ ရာသီဥတု အခြေ အနေက စိုးရိမ်ဖွယ်ရာဖြစ်နေပေမဲ့လည်း သီးနံှဈေးကွက်မှာတော့ အမှာများ ရှိနေ ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ အီသနောထုတ်လုပ်မှုက မှတ်တမ်းတင် လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီး ယခင်ကတည်းက ပြောင်းဈေးနှုန်း မြင့် တက်မှုကြောင့်အမေရိကန်မှာ ပြောင်းသိုလှောင်မှု အကျပ်အတည်း ဆိုက်နေခဲ့ပြီး ဖိအားများ တိုးပွားနေကြောင်း အချို့ကုန်သည်များက ပြောကြားတယ်လို့ သတင်း ရရှိပါတယ်။ Source:Internet,KZW
အရေအတွက် များများ တင်ပို့နိုင်ရေး ဦးစားပေးနေတဲ့ နယ်စပ်ပြောင်းဈေးကွက် ဒီဇင်ဘာလ ၂၉ မှ ဇန်နဝါရီလ ၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ပြောင်းဖူးစေ့ ၁၄၁၃၆ တန်ကျော်၊ နံှစားပြောင်း ၅၁၃ တန်ကျော်နဲ့ ချင်းရွှေဟော် နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁ဝဝ၊ စုစုပေါင်း ၁၄၇၅ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကပြောင်းဖူးစေ့ ၁၂၆၇၇ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂ဝဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဝယ်ဈေးဟာ ယခင်အပတ်ထက်ကျဆင်းလျက်ရှိပါတယ်။ကုန်သယ်ယူ စရိတ် နှုန်းထားများမှာ ယခင် တစ်ပိသာ ၂၅-၂၆ ကျပ်မှ လက်ရှိ တစ်ပိသာ ၈၂ ကျပ်သို့ မြင့်တက်လာသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ လက်ရှိပြောင်းရာသီအတွင်း ထွက်ရှိမှုများပြီး စိုက်ပျိုးထုတ်လုပ်သူများ အနေနဲ့ သိုလှောင်ထား နိုင်ခြင်းမရှိတဲ့အတွက် အနိမ့်ဆုံးဈေးနှုန်းဖြင့်ရောင်းချခြင်း၊ ပြောင်း တင်ပို့သူများကလည်း အကျိုးအမြတ် အနည်းငယ်နဲ့အရေအတွက် များများ တင်ပို့နေကြတယ်လို့ မူဆယ်ပဲပြောင်းနှမ်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၅၄၂၉ ၂၃၈၅၄၇ ၁၃၁၁၈ ၆ ၂၇၃ ၂၇၅ ၂ ဝ .၈နံှစားပြောင်း ၂၅၈၂၉၅ ၂၆၂၁၅ဝ ၃၈၅၆ ၂ ၃၃၂ ၃၃၁ ၁ ဝ .၃MIRT (DOBT)
နှစ်သစ်ကူးကာလ ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှု သုံးဆကျော် ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၂၄ဝ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှား တစ်နိုင်ငံတည်းကို တင်ပို့ခဲ့တာဖြစ်ကြောင်း သတင်း ရရှိပါတယ်။ၤFOB (ရန်ကုန်) ဈေးကတော့ တစ်တန်ကို ၂၅ဝ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။ KZW
ရော်ဘာဈေးနှုန်း မြင့်တက်မှု နှစ်တစ်ပတ်လည်ပြီး ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ရှိ ရော်ဘာဈေးနှုန်းမြင့်တက်မှုက နှစ်ပတ်လည်နေပြီဖြစ်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆောင်း ရာသီဖြစ်တာ ကြောင့် အထွက်နှုန်းကျပြီး ၂ဝ၁၁ ခုနှစ်နှစ်ဆန်းပိုင်းတိုင်အောင် ရော်ဘာပြတ်လတ်မှု အခြေအနေဆိုး ရွားဖွယ်ရှိကြောင်း စိုးရိမ်နေကြရပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက်စာချုပ်ဈေးနှုန်းက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၅ဝ၉၄ ဒေါ်လာရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလကနေ ဧပြီလ အထိ အပင်တွေရဲ့ အစေးထွက်နှုန်း လျော့ကျ သွားမှာဖြစ်ပါတယ်။တရုတ်နဲ့အိန္ဒိယက မော်တော်ကား ရောင်းချ ရမှုကို ဦးဆောင်နေပြီး အထွက်နှုန်းလျော့ကျတဲ့ ရာသီဥတု ဖြစ်ချိန်မှာ ကမ္ဘာ့ဝယ်လိုအား တက်နေတာကြောင့် ရောင်းလိုအားပြတ်လပ်မှု ပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။ဈေးကွက်မှာ ရောင်းလိုအား အကျပ်အတည်းကြောင့် စိုးရိမ်နေရကြောင်း ဲှဃ သုတေသနကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ ရေနံဈေးနှုန်းတက်ခြင်းကလည်း ရော်ဘာဈေးနှုန်းကို မြင့်တက်စေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွက် ရေနံဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်းတက်ပြီးနယူးယောက်က မားကက်တိုင်း ကုန်စည်ဒိုင်မှာ တစ်စည်ကို ၉၁ ဒသမ ၃၃ ဒေါ်လာအထိဖြစ်ခဲ့ပါတယ်။ရော်ဘာရဲ့အလားအလာကတော့ ကမ္ဘာ့သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက ထိန်းချုပ် ကန့်သတ်လိုက်ရင် ကျဆင်းဖွယ်ရှိကြောင်း ရှိုးဂျီကုမ္ပဏီရဲ့သုတေသီကပြောကြားခဲ့ပါတယ်။တရုတ်အနေ နဲ့ ၂ဝ၁၂ မှာစိုက် ပျိုးရေးနဲ့ ပတ်သက်တဲ့စာချုပ်တွေတိုးလာနိုင်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ဖွယ်ရှိကြောင်း ရှန်ဟိုင်း စီကျူရီတီ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ကုန်သွယ်ရေးအတွက်ချုပ်ဆိုထားပြီး စာချုပ်တွေက ၂ဝ၁၁ ခုနှစ် ပြီးဆုံးချိန်မှာ သက်တမ်းကုန်ပြီး စာချုပ်သစ်တွေချုပ်ဆိုဖို့တော့ လေ့လာဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။သဘာဝ ရော်ဘာ ရောင်းလိုအားက ထုတ်လုပ်တဲ့ (၉)နိုင်ငံမှ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၉၂ ရာခိုင်နှုန်းထွက်ရှိပေမဲ့ ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှာ ၆ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်မှုကျဆင်း ခဲ့ပြီး ၂ဝ၁ဝ အတွက်ထုတ်လုပ်မှုကတော့ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံ များအသင်း (ANRPC)က လစဉ်အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ANRPC အသင်းဝင်နိုင်ငံများရဲ့ ၂ဝ၁ဝ အထွက်နှုန်းက တန်ချိန် (၉ ဒသမ ၄၂ သန်း)ရှိပြီးလာမယ့်နှစ် မှာတန်ချိန် (၉ဒဿမ ၉၂ သန်း)ကို တိုးတက်ထုတ်လုပ်ဖွယ်ရှိကြောင်းအသင်းကပြောကြားခဲ့ပါတယ်။ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ မေလ အတွက်ဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း တက်ပြီးတစ်တန်ကို ၃၆၅၄၅ ယွမ် (၅၅၃၄ဒေါ်လာ)ရှိ ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ငင်းဈေးနှုန်းကတော့ တစ်ကီလိုဂရမ်ကို ၁၄၉ ဘတ် (၄ ဒသမ ၉၆ ဒေါ်လာ) ရှိပြီး အစိုးမရတဲ့ မိုးကနိုင်ငံ တောင်ပိုင်းပြည်နယ်များကို လွှမ်းမိုးခဲ့တာကြောင့် ရောင်းလိုအား အကန့်အသတ်ရှိနေကြောင်း ထိုင်းရော်ဘာ သုတေသနဌာနရဲ့ website မှာ ဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။ Source : bloomberg.com,KZW