Background
ပဲယင်းတင်ပို့မှု တန် ၁၀၀ ကျော်ဆဲ ဈေးကွက်တွေမှာအခြားပဲလက်ကျန်တွေ နည်းလာပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်)အတွင်းမှာလည်း ပဲယင်း တန်ချိန် ၁၃ဝ ကျော်တင်ပို့မှုရှိနေသေးတာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံ ကတော့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ တန်ချိန် ၆၂ဝ ကျော်တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ယခင်နှစ် စက်တင်ဘာလ တင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၆၈ဝ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ အနည်းငယ်သာ လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ တစ်တန်ကို ကန် ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
အရှိန်မပျက်တင်ပို့မှု ရှိနေသေးတဲ့ ပဲလွန်းဖြူ လက်ကျန်လျော့နည်းလာပြီဖြစ်တဲ့ အခြားပဲအုပ်စုတွေထဲမှာ အရှိန်မပျက် တင်ပို့မှု ရှိနေသေးတဲ့ ပဲကတော့ ပဲလွန်းဖြူ ဘဲဖြစ်ပါတယ်။ အဓိကတင်ပို့နေတဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဖြစ်ပြီး ရုရှားနိုင်ငံကိုလည်း တင်ပို့မှု ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝ ကျော်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၁၁ဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန် ၇ဝဝ ခန့် သာတင်ပို့မှု ရှိခဲ့တာကြောင့် ယခုနှစ်ကာလတူ တင်ပို့မှု သိသိသာသာ ပိုလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ ရှိပြီး အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြL (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၉၂ ) ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ဒီတစ်ပတ်တင်ပို့မှု ပြန်လည်တိုးတက်လာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ ယခင်တစ်ပတ်က တင်ပို့မှု သိသိသာသာ လျော့ကျခဲ့တဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တင်ပို့မှု ပြန်လည်တိုးတက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့်ကို ထိုင်းနဲ့ ဖိလစ်ပိုင်ကို တင်ပို့မှု ရှိ ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၇ဝဝ ခန့်ရှိပြီး၊ သြဂုတ်လမှာ တန်ချိန် ၈ဝဝ ကျော်၊ ၉ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၃၅ဝ ခန့်သာ တင်ပို့မှုရှိခဲ့ သလို ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ရှိရာမှ အောက်တိုဘာလ ၇ ရက်မှာ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ကိုလျော့ကျလာတာ တွေ့ရပါတယ်။ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ ကိုရီးယား၊ ဂျပန်နဲ့ စင်ကာပူကို တန်ချိန် ၁ဝဝ ခန့် ကို တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံး ထောပတ်ပဲတန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၆၇ဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ ဈေးပြောင်းလဲခြင်းမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
မုံရွာကုလားပဲဈေးကွက် နယ်အဝယ်သွက်နေ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပြီးခဲ့တဲ့လကတည်းက တက် ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့သလို အောက်တိုဘာလ ပထမပတ်မှာလည်း ဒေသတွင်း လုပ်ငန်းသုံးသမားတွေအပြင် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ သိသိ သာသာ အဆွဲပိုခဲ့ကြောင်း သိရပါတယ်။ ယခုအပတ်ထဲမှာ ကုလားပဲရိုးရိုး တစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ဗွီတူးတစ်တင်း ၂ဝ၈ဝဝ ကျပ်အသီးသီးဈေးမာနေလျက်ရှိကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၃ဝဝ အထက် နေ့စဉ်အရောင်းအဝယ်သွက်နေတယ်လို့ ပွဲရုံရက်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ကုလားပဲတင်ပို့မှု အနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ထွန်းလှိုင်
မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်းနိုင် ယခုနှစ်မိုးရာသီပဲမျိုးစုံစိုက်ပိုျးမှုက ယခင်နှစ်ကထက် ၇၈ ရာခိုင်နှုန်း မြင့်တက်နေကာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် ကုလားပဲ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းနေကြပါတယ်။ လက်ငင်းဈေးကွက် တွေမှာ ပွဲတော်အတွက် ဝယ်လိုအားတွေမြင့်တက်နေလို့ ဈေးမာနေပေမဲ့ အထွက် မြင့်တက်မှုက ဈေးဆက်မတက်အောင် ထိန်းထားလိမ့်မယ်လို့ ဆိုပါတယ်။ ပဲတီစိမ်း၊ မတ်ပဲများကလည်း ဈေးကွက်တွေကို ဆက်လက်ဝင်ရောက်နေ တဲ့အပြင် ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက အောက်တိုဘာလအတွင်း စိုက်ပျိုးတော့မယ့်ကုလားပဲအတွက် အစိုဓါတ်ကောင်း တွေရရှိစေပါတယ်။ အောက်တိုဘာလ ၆ ရက် ဒေလီလက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လို့ ကုလားပဲ တစ်တန်ကို ရူပီး ၁၅၇ ဒသမ ၅ (ကန်ဒေါ်လာ ၃ ဒသမ ၅၇) မြင့်တက်ပြီး ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Sources: commodityonline
ပြည်ကုလားပဲ ဈေးဆက်လက်မြင့်တက် ပြည်ဈေးကွက်ကုလားပဲဈေးမှာ စက်တင်ဘာလနောက်ဆုံးပတ်က ၂၁၇ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုအောက်တိုဘာ ပထမပတ်တွင် ၂၂၃ဝဝ ကျပ်ဖြင့် တစ်တင်းကို ၆ဝဝ ကျပ် ဈေးမြင့်တက်ပြီး အဝယ်လိုက်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခင်အပတ်တွင် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိနေပေမဲ့ ယခုအပတ်မှာတော့ အိတ် ၂၅ဝ ခန့် အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းကိုလည်း ယခုတစ်ပတ်တွင် အိတ် ၈ဝဝ တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
အဝယ်သွက်လာတဲ့ မုံရွာပဲတီစိမ်းဈေးကွက် အောက်တိုဘာလ ပထမပတ်အတွင်း အဝယ်သွက်လာတဲ့ ပဲကတော့ ပဲတီစိမ်းပါ။ ဈေးအပြောင်းအလဲမဖြစ်ဘဲတစ်တင်း ၂၂၅ဝဝ ကျပ်-၂၂ဝဝဝ ကျပ်ဈေးနဲ့ အဝယ်သွက်လာပြီး နေ့စဉ်အိတ်ရေ ၁၅ဝဝ ခန့် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ဝယ်လက်အနေနဲ့ ယခင်က ရန်ကုန်ဝယ်လက်သာရှိနေပြီး ယခုမန္တလေးဝယ်လက်ပါရှိလာလို့ အဝယ်သွက်နေတာဖြစ်ကြောင်း သိရပါတယ်။ အောင်မင်း
ပါကစ္စတန်ဈေးကွက်ကို ပဲတီစိမ်းတန်ချိန် ၃ဝဝဝကျော် တင်ပို့နိုင် ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်သလို ယခုတစ်ပတ် (စက်တင်ဘာ၃ဝ မှ အောက်တိုဘာ ၆ ရက်)အတွင်းမှာလည်း ပါကစ္စတန်ကိုတင်ပို့ဖို့ စင်ကာပူဝယ်လက်တွေ အဝယ်ရှိလို့ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပဲအသစ်တွေဝင်လာပြီဖြစ်လို့ အိန္ဒိယဝယ်လက်ကတော့ မြန်မာပဲတီစိမ်းကို အဝယ်လျော့နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုကို ကြည့်မယ်ဆိုရင် တန်ချိန် ၁၁ဝဝဝ ကျော်ရှိတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ တင်ပို့မှု တန်ချိန် ၉၇ဝဝ ထက် သိသိသာသာ ပိုတာတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာ တန်ချိန် ၂ဝဝဝဝ နီးပါးရှိတာကြောင့် ကာလတူတင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးတာကြောင့် ရန်ကုန် FOBဈေးလည်း ပြန်လျော့လာ တာတွေ့ရပါတယ်။ ပဲတီစိမ်း(အညာ) ပခုက္ကူ ပဲတီရွှေဝါအသေး၇-၁ဝ-၁ဝ ၈၆ဝ-၈၈ဝ ၉၅ဝ-၉၆ဝ ၁၁၂ဝ-၁၁၃ဝ၁-၁ဝ-၁ဝ ၈၈ဝ-၈၉ဝ ၁ဝဝဝ-၁ဝ၁ဝ ၁၁၂ဝ-၁၁၃ဝMIRT (MAPT)
တင်ပို့မှု ယခင်အပတ်ကထက် ထက်ဝက်ကျော်လျော့ကျ စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပဲတီစိမ်း ၆ဝ၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းဖိုး တရုတ်နိုင်ငံသို့မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂ဝ၃ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်တင်ပို့မှုက ထက်ဝက်ကျော်နီးပါး လျော့နည်းခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပဲတီစိမ်း ၃၇၃၆ တန်နဲ့ ပဲတီစိမ်း လုံးခြမ်း ၄၂၈ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်ဝက်ကာလမှာတော့ ပဲတီစိမ်း တန်ချိန် ၆၉၅ဝဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်မြေပြင်ပေါက်ဈေးက ၉၂ဝ၃၁၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ကထက် ၄၃၆ဝဝ ကျော် ဈေးပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးကတော့ ၁ဝ၁၁ ဒေါ်လာရှိပြီး ယခင်အပတ်ဈေးအတိုင်းပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်)ပဲတီစိမ်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၉၂ဝ၃၁၄ ၈၇၆၆၃၃ ၄၃၆၈၁ ၅ ၁ဝ၁၁ ၁ဝ၁၁ -ြွှှုျ (ီဥြွှ)
မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ ပဲခူးတိုင်းဒေသကြီး အနောက်မှာ ဆောင်းသီးနံှတစ်ခုဖြစ်တဲ့ မတ်ပဲကို ပဲစိုက်တောင်သူများအဓိကထားပြီး စိုက်ပျိုးတာကို တွေ့ရပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွက် မတ်ပဲလျာထား စိုက်ဧက ၅၁၅၈၁၁ ဧကရှိတာကို တွေ့ရပါတယ်။ မတ်ပဲစိုက်တဲ့ ရာသီနီး လာပြီဖြစ်လို့ ပြည်မြို့ရဲ့ ပတ်ဝန်းကျင်ဒေသမှ ပဲစိုက်တောင်သူများ မတ်ပဲမျိူးများကို ဝယ်ယူ နေကြပြီဖြစ်ကြောင်း သိရပါတယ်။ ပဲမျိူး တစ်တင်းကို လက်ကားဝယ်ယူရင် ၂၆ဝဝဝ ကျပ်ဈေးရှိပြီး လက်လီ ဝယ်ယူသူများ ကတော့ ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။ဝယ်ယူတဲ့ မျိုးတွေကတော့ အထွက်နှုန်းကောင်းစေတဲ့ ဒေသမျိးနဲ့ ရေဆင်း ၂၊ ရေဆင်း ၃ မျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့ဖို့ အရောင်းအဝယ်လုပ်တဲ့ မတ်ပဲဈေးကတော့ မိုးရာသီနဲ့အပြိုင် အေးနေတာကိုတွေ့ရပါတယ်။ စက်တင်ဘာလရဲ့ ဒုတိယပတ်မှာတော့ ပဲတစ်တင်း ကို ၂၅၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ရန်ကုန် ဝယ်လက် ကလည်း အဝယ်အေးနေပြီး မြို့တွင်းပဲကုန်သည်များကလည်း တစ်နေ့ကို ပဲ တစ်တင်းခွဲအိတ် ၁၅ဝ-၂ဝဝ သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ကို စီးဆင်းတဲ့ ပဲအိတ်အရေအတွက်ကတော့ တစ်နေ့ကို အိတ် ၈ဝဝ လောက်သာ တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
