Main menu

Background

Monday, 20 Sep 2010

 ဝယ်လက်အေးလို့ ပြည်ကုလားပဲဈေးကျ   ကုလားပဲဈေးမှာ ယခင်အပတ်တွင် ၂ဝ၃ဝဝ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်အတွင်း ၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါတယ်။ ဝယ်လက်များမှ အဝယ်လျော့လာလို့ တစ်တင်းကို ၅ဝဝ ကျပ်ကို ကျဆင်းခဲ့ ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးများကို တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းဒေသကြီးများ အတွင်း မြို့နယ်များဖြင့်သာ အရောင်းအဝယ်ရှိပြီး နေ့စဉ်ကုလားပဲအိတ် ၁၅ဝ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။                                        လွင်လွင်ဆန်း 

Monday, 20 Sep 2010

 အိန္ဒိယဈေးကွက်မှာ လက်ရှိအမြင့်ဈေးနဲ့ ဝယ်လိုအားနည်းလို့ ဈေးကျ      အိန္ဒိယဈေးကွက်တွေမှာ ပဲရောင်းချမှုများပေမဲ့ လက်ရှိဈေးနဲ့ ဝယ်လိုအားကျဆင်းတာကြောင့် ပဲတီစိမ်းနဲ့ ပဲတီစိမ်းခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၆) ခန့်ကျဆင်းခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်ပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းတစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၈) လျော့ကျပြီး ရူပီး ၄၇ဝဝဝ-၅၁ဝဝဝ (ကန်ဒေါ်လာ ၁ဝ၂၄-၁၁၁၂) ဖြစ်လာပြီး ပဲတီစိမ်းခွဲခြမ်းဈေးကလည်း တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ဒသမ ၆) ကျဆင်းကာ အရည်အသွေးအလိုက် ရူပီး ၅၅ဝဝဝ-၅၉ဝဝဝ (ကန်ဒေါ်လာ ၁၁၉၉-၁၂၈၆) ၊ ရူပီး ၆ဝဝဝဝ-၆၂ဝဝဝ (ကန်ဒေါ်လာ ၁၃ဝ၈-၁၃၅၁) ဈေးအသီးသီးဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်၊ှSources: P T I

Monday, 20 Sep 2010

 ရန်ကုန်ဝယ်လက် အဝယ်သွက်တဲ့ မုံရွာဈေးကွက်       စက်တင်ဘာဒုတိယပတ်အတွင်း မုံရွာပဲဈေးကွက် ပဲတီစိမ်းမှာ ရန်ကုန်ဝယ်လက်သွက်လာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်သွက်ပါတယ်။တစ်တင်း ၂ဝဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အထိ ဈေးအေးခဲ့ရာမှ ယခုအပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်၊ ၂၄ဝဝဝကျပ် အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်များမှာ နေ့စဉ် အိတ် ၁ဝဝဝ ခန့် အရောင်းသွက်ခဲ့ကြောင်းသိရပါတယ်။အောင်မင်း 

Monday, 20 Sep 2010

 ပြည်ဈေးကွက်လည်း ပြန်သွက်လာ         ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ပဲတီစိမ်းဈေးအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ပဲတီစိမ်းမှာအဝင်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာဒုတိယပတ်အတွင်း အရောင်းအဝယ်လည်း အေးနေခဲ့တာကိုတွေ့ရပါတယ်။ယခုစက်တင်ဘာတတိယပတ်မှာ ဝယ်လက်များအဝယ်ရှိလာလို့ အရောင်းသွက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ယခင် အပတ်က တစ်ရက်ကိုအိတ် ၃ဝ မှ ၄ဝ အထိသာ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တစ်ရက်ကို အိတ် ၁ဝဝ အထိအရောင်း သွက်ခဲ့ပြီး၊ ဈေးနှုန်းကလည်း တစ်တင်းလျှင် ၂၂ဝဝဝ ကျပ်ဖြစ်ခဲ့တဲ့ အတွက်ယခင်အပတ်ထက် တစ်တင်းကို၁ဝဝဝ ကျပ်ခန့် မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ခင်ဆွေဝင်း

Monday, 20 Sep 2010

မန်းဈေးကွက်မှာ ပြန်ဦးမော့     ပဲတီစိမ်းမှာ မန်းဈေးကွက်အတွင်း တရုတ်ဝယ်လိုအားမှာယခင်အပတ်ထက် အနည်းငယ်ဝယ်လိုအားပြန် ရှိလာပြီးရန်ကုန်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ ဈေးပြန်လည်ဦးမော့လာတာကို တွေ့ရပါတယ်။ဈေးကွက်အတွင်း စီးဝင်မှုနည်းလာသော်လည်း ရောင်းဝယ်မှုအနေနဲ့တော့ သိပ်အေးမသွားဘဲ ရောင်းဝယ်နေကြပါတယ်။ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းဈေးကွက်ဟာ ဈေးနှုန်းအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်ကာ အရောင်းအဝယ်ဖြစ်နေပြီးပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၂၉၈ ကျပ်၊ လတ်စ ၁၂ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ် နေကြ ပါတယ်။ယခင်အပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြသလို ရောင်းဝယ်အားလည်း ပြန်လည် ကောင်းလာခဲ့ပါ တယ်။ မန်းဈေးကွက်အတွင်းမှာ ပဲတီစိမ်းဟာ ရောင်းဝယ်မှု အကောင်းဆုံးသီးနံှတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်းတရုတ်သို့ ၅ဝ၇ တန်တင်ပို့မှုရှိခဲ့သလို ရန်ကုန် ဈေးကွက်အတွင်းသို့ ၁၂ဝဝ တန် တင် ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းဟာဈေးကွက်အတွင်းမှာ ရောင်းဝယ်မှုအနေနဲ့ သိပ်အေးမသွားဘဲ ဈေးတက် ရင်တက်ဈေး၊ ကျရင်ကျဈေးတို့နဲ့ ဆက်လက် အရောင်းအဝယ်ဖြစ်နေဦးမယ်လို့ ကုန်သည်တချို့မှ ပြောကြောင်း သိရပါတယ်။

Monday, 20 Sep 2010

်တန်ချိန်၂ဝဝဝ ပတ်လည်နဲ့ ပုံမှန်တင်ပို့နေတဲ့ ပဲတီစိမ်း      ယခုနှစ်မှာ တရုတ်ပြည်ကို အသွားများတဲ့ ပဲတီစိမ်းဟာ ပင်လယ်ရေကြောင်း တင်ပို့မှု လျော့လာခဲ့ပြီး ယခုနောက်ပိုင်းလတွေမှာ အပတ်စဉ်တန်ချိန် ၂ဝဝဝ ပတ်လည်နဲ့ ပုံမှန်တင်ပို့နေတာကို တွေ့ရပါတယ်။ ယခုလတွေမှာ အိန္ဒိယမှာလည်းပဲတီစိမ်းအသစ်တွေ ပေါ်လာပြီဖြစ်လို့ မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွေမှာ အိန္ဒိယအဝယ်မရှိသလောက် ဖြစ်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ရေကြီးခဲ့တာကြောင့် ပဲတီစိမ်းစိုက်ခင်းတွေ ပျက်စီးခဲ့လို့ မြန်မာပဲတီစိမ်းတွေ ပါကစ္စတန်ဝယ်လက်က ကမ်းလှမ်းဝယ်ယူမှုတွေရှိနေတာကြောင့် ပုံမှန်ထက်ပိုနေတာလို့ ပဲကုန်သည်များက ဆိုပါတယ်။ ရန်ကုန် FOBဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်                         FAQ(အညာ)         FAQ(ပခုက္ကူ)         ပဲတီစိမ်းရွှေဝါအသေး၁၆-၉-၁ဝ        ၈၈ဝ-၈၉ဝ          ၁ဝ၆ဝ-၁ဝ၇ဝ          ၁၁၈ဝ-၁၂ဝဝ၉-၉-၁ဝ           ၈၆ဝ-၈၈ဝ         ၁ဝ၆ဝ-၁ဝ၇ဝ           ၁၁၈ဝ-၁၂ဝဝMIRT (MAPT)

Monday, 20 Sep 2010

 လက်ကျန်နည်းလု့ိ ရောင်းအားလဲ ကျလာတဲ့ပြည်ထောပတ်ပဲ      ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ ဈေးအတက်အကျမရှိဘဲဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ သြဂုတ်လအတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းဝယ် နေခဲ့ကြရာမှ သြဂုတ်လလယ်တွင် ရန်ကုန်ဝယ်လက်များ အဝယ်ရှိလာတဲ့အတွက်တစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂၆၅ဝဝကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုစက်တင်ဘာလဆန်းမှ တတိယပတ်အထိဈေးအတက်အကျမရှိဘဲ လက်လီဈေးတစ်တင်း ၂၆၅ဝဝကျပ်၊လက်ကားဈေးတစ်တင်း၂၆ဝဝဝကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်အတွင်းလက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်ကိုအိတ် ၁၅ အိတ်တစ်ပတ်လည်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း

Monday, 20 Sep 2010

 လက်ကျန်နည်းလာလို့ တင်ပို့မှုလျော့ကျလာတဲ့ မြေထောက်နဲ့ထောပတ်ပဲ    ဝယ်လိုအားကောင်း နေပေမဲ့လက်ကျန်နည်းလာလို့ တင်ပို့မှု လျော့ကျလာတဲ့ ပဲတွေကတော့ ထောပတ်ပဲနဲ့မြေထောက်ပဲ တွေဘဲဖြစ်ပါတယ်။ဂျပန်နဲ့ ကိုရီးယားဝယ်လက်များကအဝယ်ဆက်ရှိနေတဲ့ ထောပတ်ပဲဟာ ယခင်နှစ် ဆောင်းရာသီဥတု ကြောင့်အထွက် လျော့ကျခဲ့တဲ့အတွက် မျှော်မှန်းထားသလောက် မထွက်ရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဖောက်သည်ဝယ်လက်တွေ လိုသလောက်မရပေမဲ့လက်ကျန်တွေ စုစည်းပြီး တင်ပို့နေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)မှာ ပင်လယ်ရေကြောင်းက ထောပတ်ပဲ ၇၅ တန်ကျော်နဲ့ မြေထောက်ပဲ ၇၆ တန်တင်ပို့ တာတွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ပြောင်းလဲခြင်းမရှိဘဲ ယခင်ရက်များအတိုင်း ထောပတ်ပဲ  FAQ တစ်တန် ကိုကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ၊ မြေထောက်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ၆၇ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့မြေထောက်ပဲဈေး တစ်တန်ကို ရူပီး၂ဝဝဝ ခန့်စီ မြင့်တက်ပြီး polished တစ်တန်ကို ရူပီး ၃၅၅ဝဝ (ကန်ဒေါ်လာ ၇၆၈)၊ unpolished တစ်တန်ကိုရူပီး ၃၄၅ဝဝ (ကန်ဒေါ်လာ ၇၄၆ )ဈေး ဖြစ်လာတယ်လို့ သိရပါတယ်။

Monday, 20 Sep 2010

ပေါက်ဈေးအစုံနဲ့ အဝယ်သွက်လာတဲ့ပဲစင်းငုံ     မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ဟာ ယခုတစ်ပတ်အတွင်း တစ်တင်း၁၉၅ဝဝ ကျပ်မှ ၁၉၈ဝဝ ကျပ် ကြား ဝယ်သူဈေးကွက်အဖြစ် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်ထဲမှာ လက်ငင်းဈေး တစ်တင်း ၁၉၆ဝဝကျပ် နဲ့ တစ်ရက်အတွင်း တင်း ၉ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို နှစ်ရက်ဆိုင်းဈေးတစ်တင်း ၁၉၈ဝဝ ကျပ်နဲ့ တစ်ရက် အတွင်း တင်း ၁၂ဝဝ ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ယခုလို ပဲစင်းငုံဈေး ကျဆင်းခဲ့လို့ ရောင်းအားနည်းလျက်ရှိတဲ့အတွက် မုံရွာနယ်ရှိ ကုန်သည်တွေရဲ့လက်ဝယ်မှာ တင်းနှစ်သိန်းကျော်ခန့်ထိ လက်ကျန်ရှိနိုင် တယ်လို့ ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းချက်ကိုလေ့လာသိရှိရပါတယ်။      ဒီရက်အတွင်း ရန်ကုန်တင်ဖို့ အဝယ်လိုက်ခဲ့ပြီး ဒေသခံကုန်သည်အချို့လှောင်ဘို့ဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေမှ ပဲစင်းငုံနီထပ်ဆင့် တင်ပို့မှုအနေဖြင့်မန္တလေးကို တင်း ၁၂ဝဝ ခန့်၊ ရန်ကုန်ကိုတင်း ၆ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝခန့် စုစုပေါင်း တင်း ၈ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ကြကြောင်း သိရပါတယ်။ထွန်းလှိုင်

Monday, 20 Sep 2010

အိန္ဒိယ ပဲစင်းငုံစိုက်ဧရိယာမြင့်တက်ပေမဲ့ ဈေးနှုန်းခိုင်မာနေဆဲ     အိန္ဒိယဈေးကွက်တွေမှာ ယခင်နှစ်က အထွက်မြင့်တက်လို့ လက်ကျန်များတယ်ဆိုပေမဲ့ အဝယ်ရှိနေ တာကြောင့် သြဂုတ်လဝက်မှ စက်တင်ဘာ လဝက်အတွင်းမှာတော့ ဈေးကျဆင်းသွားခြင်းမရှိဘဲ ခပ်မာမာ ဖြစ်နေတာတွေ့ရပါတယ်။ယခုနှစ် မိုးရာသီမှာလည်း ပဲစင်းငုံစိုက်ဧရိယာက မြင့်တက်နေတဲ့အပြင် မိုးရေကောင်းကောင်း ရရှိလို့ အပင်ဖြစ်ထွန်း အားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လာမယ့်ရက်တွေမှာတော့ အခြားမိုးပဲတွေလည်း ဈေးကွက်ထဲ လှိုင်လှိုင်ဝင် တော့မှာဖြစ်လို့ ဈေးနှုန်းအားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT

Pages