Background
မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံ အဟောင်းFOB ရှိလို့ ဒိုင်အတွင်း တစ်ရက်အိတ် ၁၀၀၀ ခန့်နေ့စဉ် အဝယ်သွက်ခဲ့ပြီး၊ ငုံနီအသစ်ဈေးကွက်မှာ တော့ ပဲဟောင်းပဲသစ်လဲဖို့ ဒေသခံလှောင်လက်တွေ အဝယ်ရှိ ခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀၀ ဝန်းကျင်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ငုံနီတစ်တင်း ပဲ ဟောင်း ၁၉၀၀၀ ကျပ်၊ပဲသစ် ၂၀၁၀၀ ကျပ်မှ ၂၁၀၀၀ ကျပ် ထိပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ စီးဆင်းမှုအနေနဲ့ မြင်းမူ ဆိပ်ကမ်း ကတစ်ဆင့်ရန်ကုန်ကို ငုံနီအိတ် ၃ သောင်းကျော် တင်ပို့ခဲ့ တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲ မျိုးစုံဈေးကွက်အနေနဲ့ ယခုအပတ်ထဲမှာ နယ်စုံက ကုလားပဲ များ ဒိုင်အဝယ်သွက်လာခဲ့သလို Export အဝယ်မရှိပေမယ့် ဒေသလှောင်လက်ဝယ်လို အားကောင်း လို့ ဈေးအသင့်အတင့် မာနေတယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၇၀၀ ကျပ်၊ 929 တစ်တင်း ၁၇၁၀၀ ကျပ် မှ ၁၇၅၀၀ ကျပ်နဲ့ ထိုင်ဝမ်တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ခဲ့ကာ မုံရွာကုန်စည်ဒိုင် ဈေး ကွက်မှာ တစ်ရက်အိတ် ၂၀၀၀ အထက်နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။
ကယားပြည်နယ်လွိုင်ကော်မြို့ ပဲစင်းငုံဈေးကွက်မှာ မတ်လ ဒုတိယပတ် အတွင်း ပဲစင်းငုံဈေးမာလျက်ရှိပြီး၊ တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် နေ့စဉ်ပဲစင်းငုံ ပိဿာ ၃၀ ဝင် ၃၀၀ အိတ်မှ ၄၅၀ အိတ်အထိ ဝင်ရောက် လျက်ရှိပြီး၊ အရောင်းအဝယ်သွက်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ခံ ပဲကုန်သည်တစ်ဦးထံမှ သိရပါ တယ်။ ကယား ပြည်နယ် မှာ ၂၀၁၂/၂၀၁၃ မိုးသီးနှံ ပဲစင်းငုံစိုက်ဧက တစ်သောင်း ခန့်ရှိပြီး၊ ကယားပြည်နယ်က ပဲစင်းငုံစိုက်ပျိုး သူ တောင်သူအများစုက သီးသန့် စိုက်ခင်းအဖြစ် စိုက်ပျိုးသူအလွန်နည်းပါးပြီး၊ အစေ့ ထုတ်ပြောင်း စိုက်ပျိုးရာမှာ ကြားသီးနှံအဖြစ်သာအများစုကစိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ယခုနှစ်အတွင်း ပဲစင်းငုံ စိုက်ခင်းများ မှာ နှင်းခါး ကျရောက်မှုမရှိခဲ့ပေမယ့် ရာသီဥတုအခြေ အနေအရ မိုးရွာ သွန်းမှုနည်းပါးခဲ့တာကြောင့် ပဲစင်းငုံထွက်ရှိ မှု လျော့နည်း ကျဆင်းနိုင်ကြောင်း ဒေသခံတောင်သူအချို့ရဲ့ အဆိုအရ သိရပါတယ်။ MA- တောင်ကြီး
၂၀၁၃ ခုနှစ်၊ မတ်လ ဒုတိယပတ် ပခုက္ကူ ကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်တဲ့ သီးနှံတွေကတော့ ပဲစင်းငုံနီ၊ ကုလားပဲဝါကြီး၊ ကုလားပဲဖြူကြီး၊ စွန် တာနီ၊ ပဲဇီးကွက်၊ ပဲယင်း(မြစ်ခြေ)၊ နှမ်းဖြူ၊နှမ်းနီ၊ နှမ်းညို၊ ဃဏ ပြောင်း၊ မန် ကျည်းသီးတောင့်၊ မန်ကျည်းဖတ်အစုံ အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၁၀၁၀ ကျပ်၊ တစ်တင်း ၂၀၂၀၀ ကျပ်ကနေတစ်ပိဿာ ၁၀၇၀ ကျပ်၊ တစ်တင်း ၂၁၄၀၀ ကျပ်ဆိုတော့ ဈေးမြောက်နေတယ်လို့ သုံးသပ်ရမှာ ပါ။ရန်ကုန်အော်ဒါလက်အောက် ဒေသ ခံ လှောင်လက်တွေ အပြိုင်ကျဲ အပြိုင် ဆွဲနေတဲ့သဘော ရှိပါတယ်။အချို့ဒေသ ခံ လှောင်လက်တွေ ၁၇၀၀၀ ကျပ် - ၁၇၅၀၀ ကျပ် တစ်ပတ်လည်ကနေ ၂၁၄၀၀ကျပ် ဆိုတော့သင့်ပြီဆိုပြီး လွှတ် ကြသလို ဆက်တက်မယ်ထင်လို့ ဆက် ဆွဲနေတဲ့သူတွေလည်း ရှိတယ်လို့ ကုန် စည်ရပ်ဝန်း သတင်းတွေအရ သိရပါ တယ်။ ဘယ်လိုပဲပြောရပြောရ တစ်နှစ် တာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်မြင့် လေ့ရှိတဲ့ ဇွန်၊ဇူလိုင်လထိကတော့ ပဲစင်း ငုံ ဇာတ်လမ်း ဘယ်လမ်းနဲ့သွားမလဲ ဆို တာ စောင့်ကြည့်ရဦးမှာပါ။
ဟင်္သာတကုန်စည်ဒိုင်ဈေးကွက် မတ်လဒုတိယပတ် ပြောင်းဈေးမှာပိဿာ ၂၀တစ်တင်းကို ၇၄၅၀ကျပ် နဲ့ ဈေးအေးနေပြီး၊ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲကြီးအသစ်များလည်း ဈေးကွက်ကို ဆက်လက်ဝင် ရောက်လာပြီး၊တစ်တင်းကို ၂၂၃၀၀ ကျပ်နဲ့ ယခင်အပတ် ထက်ဈေးအေးသွား သော်လည်း အရောင်းအဝယ်ဖြစ်မှုအရေ အတွက်ကတော့ယခင်အပတ်ထက် ပိုများ လာပါတယ်။
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာ မတ်ပဲ အဝယ် လိုက်ဈေးတက်နေပြီး ပဲစင်းငုံနီ ကို ဈေးမြင့်ချိန်မှာ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်ပြန်အေးသွားတဲ့အတွက် ဈေးငြိမ်နေပါတယ်။ ဒဟုတ်၊ ဒေလီ၊ ဘီကနာ၊ ဝီဂျေဝါဒါနဲ့ ချန်နိုင်း ဈေးကွက် မှာလည်းဝယ်အားကောင်းလို့ ကုလားပဲ နဲ့ ပဲစင်းငုံဈေးတက်နေပါတယ်။
ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကုလား ပဲထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် လာမယ့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတန် ချိန် ၃ သန်း ဝန်းကျင်သာ တင်သွင်း တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ လက်ရှိကုလားပဲထုတ်လုပ်မှုဟာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှုလျော့ ကျလာပြီး ပမာဏအနေနဲ့ မက်ထရစ် တန် ၃ သန်းဝန်းကျင်သာ ရှိမှာဖြစ် ကြောင်း အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအဖွဲ့ ဥက္ကဋ္ဌ Pravin Dongre က ပြော ကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း ပဲမျိုးစုံ တင်သွင်းမှုသည် (မက်ထရစ်)၃ ဒသမ ၃ တန်ဝန်းကျင်သာ တင်သွင်းမှာဖြစ် ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကနေ ဒါ၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန် နိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ ပဲမျိုးစုံကို အများဆုံးစားသုံးသူ၊ ထုတ်လုပ်သူ၊ တင် သွင်းသူမှာ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များက ဈေးမေး စုံစမ်းဝယ်ယူမှုများလာခြင်းကြောင့် ပဲစင်းငုံနီ ဈေး သိသာစွာမြင့်တက်လာပြီး မတ်ပဲဈေးလည်း မြင့်တက်လာခဲ့ပါတယ်။ ချန်နိုင်း ဈေးကွက်မှာလည်း အဝယ်လိုက်လို့ မတ်ပဲ၊ ပဲစင်းငုံနီ ဈေးခိုင်နေပါတယ်။ ဒေလီဈေး ကွက်မှာတော့ သီးနှံအသစ် ပေါ်နေတဲ့အပြင် အဝယ်ထိုင်းလို့ ကုလားပဲဈေးကျနေပါ တယ်။
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၈၇ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄ တန်ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခု အပတ်မှာ ၂၄၂ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျာစေ့၊ ချဉ်ပေါင် ဖာလာ (အခွံပါ)နဲ့ ကြက်ဆူစေ့တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး နေလဲစေ့၊ ဆီးဆံနဲ့တောချင်းတို့ ကိုတော့ လျော့နည်းတင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက် နဲ့တောင်လုံးကျော်တို့ကို လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၈ တန်ခန့်၊ ကန် ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုုလ်သီး ၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်း ၁ တန်ခန့်တို့ကိုတင်သွင်းခဲ့ပါတယ်။ ခင်ကလျာဦး၊MIRT (DOBT)
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၄ တန်ကို ပြန်လည်တင်ပို့မှု ရှိလာတာတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက နောက်ဆုံးအကြိမ် အပို့ရှိခဲ့ပြီး တင်ပို့မှု ရပ်နားနေရာမှာ ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်ပေါ် ရာသီချိန်ဖြစ်သဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီနောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရိ ၂၇ ရက်မှမတ်လ၂ ရက်အတွင်းမှာပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၇၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၇၅ တန်၊ မလေးရှား နိုင်ငံကို ၃၁၆ တန်၊ အိန္ဒိယနိုင်ငံကို ၁၆ တန်၊ စင်ကာပူနိုင်ငံကို ၁၆၉ တန်တင်ပို့ ခဲ့ပါတယ်။ တင်ပို့မှုများမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ မန်ကျည်းစေ့နဲ့ အစေ့ပါ မန်ကျည်းတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တစ်ဆကျော်လျော့နည်းခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။
